Friday 9 September 2011

မီးဖို ချောင်းသုံးပစ္စည်းများနှင့်များနှင့်ဆေးကုလိုရတာတွေပါ....

ကျွန်တော်ကတောဆေးဆရာတောမဟုတ်ပါဘူး......လေ့လာလိုတွေရှိတာတွေကို...သူငယ်ချင်းတို့ သိ၇ှိရအောင်လိုပါ....
မြန်မာဆေးမီတိုလေးတွေပါ....ရုံရုံကြည်ကြည်နဲသုံးဆွဲကြည်ပါနော်.......

(၁)အသက်ကြီးလို...ခြေထောက်များ..လက်များ...လေဖြန်းခြင်းလို...ကိုက်ခဲနေသူများအတွက်ကတော....

ကြက်ဟင်းခါးရွက်လက်တဆုတ်။မြက်မုန်ညုင်းဥက(၁ိကျပ်သား)ရှိန်ခို(၁မူသား)ရောကြိတ်ပြီးမနက်စောစောလိမ်းပေးပါ..မကြာမိပြောက်

သွားပါမည်း။

(၂)မီးလောင်ခံရလိုဝေသနာခံသားနေသူအတွက်ကတော....

အိမ်မှာသုံးနေတဲ..တောကြက်ဥကိုအထဲကအ၀ါရောင်အနှစ်ကိုယူ..အုန်းဆီကကွမ်းသီးလုံးသာလောက်နဲထုံမန်ကျည်းဆီစေခံရော၍လိမ်းပေးပါ..မကြာအနာချပ်သွားပါလိုက်မည်။

ိ(၃)အသားရောင်အသဲဝါရောဂါဖြစ်နေသူများကတော...

ကြက်သွန်နီနှစ်ဥကိုအခွန်သင်ပါးပါးလှီး..သကြားလဖက်သားဇွန်း၃ဇွန်းလောက်ထဲရောမွှေးပြီး

၁လကျော်လောက်စားပေးပါမကြာမှိပြောက်ကင်းသွားပါမည်း....

ိ(၄)ညနေအလုပ်ကပြန်လာရင်ပင်ပန်းလိုအရက်သောက်ပြီးမနက်အရက်နာကျလိုအလုပ်မသွားနိုင်သူများကတော....

ကြက်ဟင်းခါရွက်ကိုအရည်ညုစ်ပြီးလက်ဖက်ရည်ပန်ကန်လုံးတ၀က်လောက်သောက်လိုက်ပါ....ပြီးရင်ရေချုီုးလိုက်ပါ

ထမင်းရည်ပူပူကိုဆာထည်ပြိးဖန်ခွက်တလုံးလောက်မော့ ချလိုက်ပါ...အလုပ်သွားလိုရပြီး....

(၅)ဆီးသွားခြင်းရဲနဲမသွားသူများအတွက်ကတော...

ကြက်သွန်နီဥကြီးကြီးတလုံးကိုအကွင်လိုက်လှီးပါ..ပြီးရင်ဖန်ခွက်ထဲထည်ပါသကြာလက်ဖက်စားဇွန်း၁ဇွန်းထညိပါ..ပြီးရငိတော

ရေးနွေပူပူလောင်ထည်ပြီးဇွန်နဲမွှေးပါအေးသွားရင်...သောက်လိုက်ပါ..သောက်ပြီးရင်အိမ်သာကိုတာပြေးပေးတော...

(၆)ခွေးကိုက်ခံရလိုဝေသနာအတွက်ပါ...

ခွေးကိုက်ခံရလိုချက်ခြင်းအိမ်မှာရှိတဲငရုပ်သီးချောက်ကိုဆားနဲရော၍ကြိတ်ပါ...ကိုက်ခံရသည်အနာထဲကိုထည်ပါ..

မနက်မိုလင်းရင်အနာကမရင်ပါမရောင်ပါ..ခွေးရူးပြန်ရောခါမရပါ...မှတ်ချက်..(ခွေးကောင်းပါ)

(၇)၀မ်းလျောနေသူများအတွက်ကတော....

အုန်းသီးစိမ်းနုနုအရည်ကို...၀မ်လျောနေသူသောက်နိုင်သလောက်ကိုတိုက်လိုက်ပါ...၀မ်းလျောတာချက်ချင်းရပ်သွားပါမည်း...

(၈)သွေးတိုးရောဂါအတွက်ကတော....

နနွင်းခါးမှုန်နှင့်ပျား၇ည်တိုကိုေ၇ာဖျော်ပြီးညအိပ်၇ာဝင်တိုင်သောက်ပေးပါ...

(၉)ချိုင်းစော်နံလူကြားသူကြားတဲမသွား၇ဲသူများကတော...

မနက်အိပ်ရာထတိုင်ပျားရည်ကိုထမင်းစားဇွန်းနဲ၁ဇွန်းရေအေးအေးနဲ(၁၅)ရက်လောက်နေစဉ်သောက်ပေးပါ..

မကြာမှိလုံးဝအနံပြောက်ကင်းသွားပါမည်း.....

(၁၀)သားအိမ်နဲပတ်သတ်လိုရောဂါရနေပါက...သားအိမ်ကင်ဆာဆိုရင်ပိုကောင်ပါသည်။။။

နနွင်းမှုန်ကို...နေစဉ်ရက်ဆက်စားပေးရုံနှင့် ပျောက်ကင်ပါသည်။





ရောဂါဘရကင်းဝေးပြီးချမ်းသာကိုစိတ်မြဲပါစေ.......

ခင်မောင်ထွန်း

ဆန်နီနေမင်း ဂျာနယ်မှာရေးသားထားတဲ့ အတုယူမမှားစေလိုဆောင်းပါးလေးပါ

ယနေ့ခေတ်လူငယ်များဟာ အတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘော ပေါက်လွယ်နေကြပါတယ်။ တိုင်းတစ်ပါးမှ အတက်ပညာဗဟုသုတပညာများကို သိမြင်ရုံဖြင့် တက်သိနားလည်နေတဲ့ခေတ်မှာ မကောင်းသောအတတ်ပညာ၊ အတွေးအခေါ်အယူအဆ၊ ၀တ်စားဆင်ယင်မှုများကို အတုယူမမှားအောင် ဆင်ခြင်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ လူငယ် လေးများ အတုယူမမှားစေရန်မှာ ပတ်ဝန်းကျင်ရှိအနေနီးသူ လူကြီးများ၏ ပြောဆိုဆုံးမ နေထိုင်မှုပေါ်၌ မူတည်ပါတယ်။

ရှေးဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ဟူသော စကားကဲ့သို့ ရှေးဆောင်ဖြစ်တဲ့ လူကြီးများက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင်ပြရပါ မယ်။ ဒါမှသာ နောက်တက်လူငယ်များက အတုယူမှန်ပြီး အနာဂတ်မြန်မာပြည်ကြီးသည် သာယာလှပလျက် ယဉ်ကျေးသောနိုင်ငံအဖြစ် ဆက်လက်တည်တံ့နိုင်မှာပါ။ ဒါ့ကြောင့် ရှေ့ဆောင်ဖြစ်တဲ့ လူကြီးများ သည် နောက်လာမဲ့ကလေးများ၏ အတုယူစရာဖြစ်သဖြင့် အထူးဂရုစိုက် ဆင်ခြင်နေထိုင်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် အသက်(၂၀)မကျော်သေးလို့ မိမိက လူကြီးမဟုတ်ဘူးလို့လည်း မထင်လိုက်ပါနဲ့။ မိမိအောက်က ကလေးတွေကို ကြည့်မယ်ဆိုရင် မိမိဟာလည်း လူကြီးဖြစ်ပြီး နောက်လူငယ်များ ၏ ရှေးဆောင်များ ဖြစ်ကြပါတယ်။

နောက်လူငယ်လေးများကို ဒီလိုမနေနဲ့ ဒီလိုနေဆိုပြီး အတုမြင် အတတ်သင်တတ်အောင် ရှေ့ဆောင်များက လူကြီးသူကောင်းပီသစွာ သူ့နေရာနှင့်သူ ပြောဆိုဆက်ဆံနေထိုင် ၀တ်စား ဆင်ယင်တတ်ရန် နည်းပေးလမ်းညွှန်လုပ်ပေးရပါမယ်။ ဒါမှလည်း နောက်ခေတ်လူငယ်များက သူတို့အထက်က လူကြီးများကိုကြည့်ပြီး ပြုမှုကျင့်သုံးမှသာ ယဉ်ကျေးသော မြန်မာနိုင်ငံဂုဏ် သိက္ခာသည် အဆက်မပြတ် တည်တံလျက် ရှိနေမှာပါ။

“အတုမြင်အတက်သင်”ဟူသောစကားဟာမှန်ကန်သောအကြောင်းအရာ၊ ကောင်းမွန် သောအလေ့အထများကို လိုက်လုပ်ရန်အတွက် အသုံးဝင်တဲ့ စကားပုံဖြစ်သော်လည်း မကောင်း သောအမှုကိစ္စများကို အတုယူလျှင်တော့ အသုံးမကျသော စကားပုံဖြစ်သွားပါတယ်။ ဒါ့ကြောင့် မြင်သမျှသော အရာဝတ္ထုအားလုံးကို မိမိနှင့်သင့်တော်မှုရှိမရှိ၊ မိမိယဉ်ကျေးမှု လူမျိုးဘာသာနှင့် လိုက်ဖက်မှုရှိမရှိ၊ မိမိနိုင်ငံလူမျိုးအတွက် အသုံးဝင်မ၀င်တို့ကို စဉ်းစားပြီးမှ လုပ်သင့်မလုပ်သင့်ကို ဆုံးဖြတ်ကျင့်သုံးရပါမယ်။ မိမိနိုင်ငံလူမျိုးများရဲ့ ယဉ်ကျေးမှုများကို မစဉ်းစားမတွေးတောဘဲ မိမိအတွက်ပဲကြည့်ပြီး လုပ်ချင်ရာကိုလုပ်မည်ဆိုပါက ထိုသူသည် နိုင်ငံလူမျိုးမျက်နှာကို မထောက်ထားတဲ့အတွက် နိုင်ငံလူမျိုးများရဲ့ ပြစ်ဒဏ်ကြီးမားသော ရန်သူဖြစ်သွားပါမယ်။

မိမိတို့ဟာ ဗွီဒီယိုဇာတ်ကားထဲကဖြစ်စေ၊ စာအုပ်ထဲကဖြစ်စေ၊ အင်တာနက်ကနေဖြစ်စေ ရယူနိုင်တဲ့အတတ်ပညာများဟာ အများသူငှါအကျိုးရှိစေမဲ့ အတတ်ပညာများဖြစ်အောင် အသုံးချရ ပါမယ်။ အဲဒီလိုမဟုတ်ဘဲ မိမိလူမျိုးနိုင်ငံယဉ်ကျေးမှုပျက်ပြားစေမဲ့ အကျင့်စရိုက်များကို အတုယူကျင့်သုံးပါက ထိုလူသည် လူမျိုးနှင့်နိုင်ငံယဉ်ကျေးမှု ဖျက်ဆီးသူပါ။ မိမိတို့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာသော မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုကို မိမိလက်ထက်ကျမှ ပျက်စီးသွားမယ်ဆိုရင် ဘိုးဘွားများရဲ့မျက်နှာကို မထောက်ရာရောက်သလို ဘိုးဘွားများထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုမျာကို လည်း ဖျက်ဆီးရာရောက်ပါတယ်။

ဇာတ်ကားတစ်ကားကိုကြည့်လျှင် ထိုဇာတ်ကားထဲ၌ပါသော စီးပွားရေးဈေးကွက်၊ ကောင်းမွန်သော ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးအတတ်ပညာ၊ အချိန်ကိုအသုံးပြုနည်း၊ အပေါင်းအသင်းကောင်းဆိုတာ ဘယ်လို မကောင်းတဲ့အပေါင်းအသင်းဆိုတာ ဘယ်လိုစတဲ့ အချက်များစွာထဲကနေ မိမိအတွက် အသုံးကျမဲ့ အတတ်ပညာဗဟုသုတများကို ထုတ်နုတ်ယူရပါမယ်။ အဲဒီလိုမဟုတ်ဘဲ မိမိက အပျင်းပြေလောက် ကြည့်မယ်ဆိုရင် အဲဒီလူဟာ အချိန်ကုန်ရကျိုး မနပ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံလူမျိုးပျက်စီးစေမဲ့ မကောင်းတဲ့နည်းများကိုသာ အတုယူကျင့်သုံးပါက အသုံးမကျတဲ့လူတစ်ယောက်လည်း ဖြစ်ပါလိမ့်မယ်။ ယခုမြန်မာလူမျိုးများ ကြားတွင် ကိုးရီးယားဇာတ်ကားများ ရေပန်းစားနေပါတယ်။ မိမိတို့မြန်မာလူမျိုးများအတွက် အသုံးဝင်လို့များ ရေပန်းစားနေတာလားလို့ စဉ်းစားမိပါသေးတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ထိုရေပန်းစားသောဇာတ်ကားများကိုကြည့်ပြီး မြန်မာလူမျိုးများ တိုးတတ်မှုမရဘဲ ဆုတ်ယုတ်မှုတွေသာ ရရှိနေကြပါတယ်။

ကိုးရီယားဇာတ်ကားများကို နေ့စဉ်အချိန်ပေးလျက်ကြည့်နေကြပြီး ထိုဇာတ်ကားထဲကနေ မိမိအတွက် အမှန်တကယ် နည်းယူသင်တဲ့အချက်များကို နည်းမယူဘဲ မိမိမြန်မာလူမျိုးများ သိက္ခာကျပြီး ကိုယ့်ကျင့်တရားပျက်စီးစေတဲ့ အချက်အလက်များကို မှားယွင်းစွာ လေ့လာ လိုက်စားနေကြပါတယ်။ တကယ်ဆို ကိုးရီးယားဇာတ်ကားများတွင် သူတို့လူမျိုးများ စီးပွားရေးနှင့် ပတ်သတ်လျှင် မည်မျှလောက် အချိန်ကိုတန်ဖိုးထားပုံ၊ စီးပွားရေးလုပ်ရာ၌ မခိုးမကပ်ဘဲ ကြိုးစားနေကြပုံတို့ကို အတုယူကျင့်သုံးရမှာပါ။ အဲဒီလိုသာ အတုယူကျင့်သုံးမယ်ဆိုရင် မိမိတို့ မြန်မာလူမျိုးများအတွက် မည်မျှလောက် တန်ဖိုးရှိလိုက်မလဲနော်။

ကိုးရီးယားလူမျိုးများရဲ့ ၀တ်စားဆင်ယင်မှုသည် သူတို့နိုင်ငံမှာ သူတို့ထုံတမ်းစဉ်လာ ဖြစ်နေ၍ မည်သူကမျှ ရှက်စရာဟု မထင်ပေ။ နောက်ပြီး သူတို့နိုင်ငံရဲ့ အစဉ်အလာလိုဖြစ်နေတဲ့ အိမ်ထောင်ရေးဖောက်ပြန် မတည်မြဲမှုများကလည်း ရိုးရာဖြစ်နေခြင်းကြောင့် မထူးဆန်းပါ။ မိမိက တစ်စုံတစ်ခုကို အတုယူတော့မယ်ဆိုရင် မိမိတို့နိုင်ငံယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိမရှိဆိုတာ စဉ်းစားရပါမယ်။ မိမိတို့နှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကို သာ သွားအတုယူမိဆိုရင် ထိုလူဟာ လူအများ၏အထင်သေးခြင်းကိုပါခံရပြီး မိမိတို့ မြန်မာရိုးရာ ထုံတမ်းစဉ်လာယဉ်ကျေးမှုကိုလည်း ဖျက်ဆီးသူဟု သတ်မှတ်ခံ ကဲ့ရဲ့ခံရပါမယ်။

ကိုယ့်နိုင်ငံက ရိုးရာယဉ်ကျေးမှုဖြစ်နေတဲ့ ထမင်းစားလျှင် ခရင်းနှင့်မစားဘဲ လက်နှင့်စားတာကို ကိုးရီယား လူမျိုးများ အတုယူပြီး လက်နှင့်အစားအစာစားမယ်ဆိုရင် ထိုလူသည်လည်း သူတို့ကိုးရီးယားယဉ်ကျေးမှု ထုံတမ်းစဉ်လာနှင့်မကိုက်ညီသောကြောင့် လူအများ၏ ကဲ့ရဲ့ခြင်းကို ခံရမည်အပြင် ကိုးရီးယားယဉ်ကျေးမှုကို လည်း ဖျက်ဆီးသူဟု သတ်မှတ်ခံရမှာပါ။ မိမိတို့ မြန်မာလူမျိုးမိန်းကလေးများရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက စပြီး သူများနိုင်ငံက လူမျိုးများနှင့် မတူသောကြောင့် ဘောင်ဘီဝတ်ခြင်းများကလည်း လိုက်ဖက်ညီထွေမှု မရှိလှပါ။ ထို့ပြင် ယောက်ျားလေးများကလည်း ရိုးရိုးအကောင်းဘောင်ဘီကို သူများနိုင်ငံက ဇာတ်ကားထဲမှာ မင်းသားက တောထဲမှာဝတ်စရာမရှိလို့ ဘောင်ဘီဖာတာကိုကြည့်ပြီး မြန်မာလူငယ်များက အကောင်ချည်းကို ဖာဝတ်ကြပါသေးတယ်။ နောက်ပြီး မိမိတို့ မြန်မာလူမျိုးများရဲ့ ဆံပင်ဟာ မွေးကတည်းက အနက်ရောင်ပါ။ ဒါကို တိုင်းတစ်ပါးက လူမျိုးများရဲ့ ဆံပင်ကို အတုယူပြီး အရောင်ပြောင်းကြတာဟာ မိမိတို့ရဲ့ မွေးသမိခင်ကိုလည်း စော်ကားရာ ရောက်ပါတယ်။ အမေ မွေးတုန်းက အကောင်လေးဖြစ်လျက်နဲ့ ကိုယ်ဘာသာလူကြည့်မကောင်းအောင် လိုက်လုပ် ကြခြင်းသည် သင့်လျော်မှုရှိမရှိဆိုတာကို စဉ်းစားကြပါလေ။

မိမိတို့နိုင်ငံလူမျိုးယဉ်ကျေးမှုနှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ အ၀တ်အစားမလုံခြုံမှု၊ အိမ်ထောင် ရေးမတည်ငြိမ်အောင် တစ်ယောက်နှင့်တစ်ယောက် ဖောက်ပြန်မှုများကိုသာ အတုယူကျင့်သုံး နေကြတာတွေဟာ မိမိအတွက်ရော တစ်ပါးသူအတွက်ရော နိုင်ငံယဉ်ကျေးမှုအတွက်ပါ ထိခိုက်စေတဲ့ အတုယူမှားတွေပါ။ မိမိတို့ မြန်မာနိုင်ငံ မြန်မာလူမျိုးများသည် တစ်လင် တစ်မယားစနစ် ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သလို ယဉ်ကျေးသိမ်မွေ့ဣနြေ္ဒရှိသော နိုင်ငံအဖြစ်လည်း ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုဖြစ်နေတဲ့နိုင်ငံကြီးကို ယဉ်ကျေးမှုရိုးရာများ ပျက်စီးမသွားရအောင် အတုယူမမှားဖို့ အရေးကြီးပါတယ်။

တစ်ချို့ဆို ကိုးရီးဇာတ်ကားများကြောင့် အိမ်ထောင်ရေးတောင် ပြိုကွဲကြသေးတယ် တဲ့။ အော်-တော်တော်အံ့သြစရာ ကောင်းလှပါလားနော်။ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကြောင့် မိမိတို့ ချစ်ခင်နှစ်သက်လို့ယူထားကြတဲ့ ဇနီးမောင်နှံတွေ ကွဲကွာကြတယ်ဆိုတာ အသိဉာဏ်မရှိသူများရဲ့ လုပ်ရပ်များသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့အသိဉာဏ်များကို သူ့နေရာနှင့်သူ အသုံးချတတ်အောင် စဉ်းစားဆင်ခြင်သုံးသပ်ပေးဖို့ လိုပါတယ်။ လူတိုင်းမှာ အသိဉာဏ်ပညာရှိကြသော်လည်း ဆင်ခြင်စဉ်းစားဉာဏ်နည်းမှုများမှုတော့ ကွာပါတယ်။ အဲဒီလို ကွာဟမှုကြောင့်လည်း လူတစ်ဦးနှင့် တစ်ဦး ဉာဏ်ရှိတာခြင်း မတူတာပါ။ အဲဒီတော့ မိမိတို့ရဲ့ ဉာဏ်ပညာများကို သူ့နေရာနှင့်သူ အသုံးကျတတ်အောင် လေ့ကျင့်စဉ်းစားပေးရပါမယ်။

ယခုခေတ် မြန်မာမိန်းကလေးများဟာ ကိုးရီးယားဇာတ်ကားများကြည့်ပြီး ခေတ်မီတဲ့ပုံစံ မပေါ်တပေါ်လေးဝတ်မှ ယောက်ျားများက ကြိုက်မယ်လို့ ထင်နေကြပါတယ်။ ဒါဟာလည်း အထင်မှား အတုယူမှားတွေပါ။ မိမိက ခေတ်မီတဲ့ပုံစံဝတ်မှသာ ယောက်ျားများ၏ ကြည့်ရှု့ခြင်း ကြိုက်နှစ်သက်ခြင်းများကို ခံရမယ်မထင်ပါနဲ့။ အဲဒီလို မလုံတလုံဝတ်ခြင်းများဟာ တခဏတာပဲ ယောက်ျားလေးများရဲ့စိတ်ကို ဆွဲဆောင်နိုင်ပါတယ်။ ဒါဟာလည်း ကိလေသာစိတ်နိုးဆွပေးတဲ့ သဘောလေးလောက်ပဲ အကြည့်ခံတာပါ။ တကယ်တမ်းကျတော့ မြန်မာလိုယဉ်ယဉ်ကျေးကျေး ပုံစံလေးကသာ ယောက်ျားလေးများ၏ ရင်ထဲကို တစိမ့်စိမ့်ကြည့်နေချင်လောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ တချို့သော မိန်းကလေးများဟာ မိမိက ခေတ်မီတဲ့ပုံစံမ၀တ်ခြင်းကြောင့် ယောက်ျားမရမှာ ပူနေကြတယ် ထင်ပါတယ်။ တကယ်တမ်းကျတော့ ဒါဟာလည်း ပူစရာမလိုပေ။ မိမိတို့ မွေးကတည်းက သူအိုးနှင့်သူ့ဆန် တန်ရာတန်ရာ ဖူးစာဖတ်ပါလာပြီးသားပါ။ မိမိက တကယ်အိမ်ထောင်ကျမဲ့သူဆိုရင် ဘယ်လိုကန်းနေ ကျိုးနေ ရုပ်ဆိုးနေပါစေ အချိန်တန်ရင်တော့ နပိန်ကန်လာပါလိမ့်မယ်။

မိမိရဲ့ အ၀တ်အစားကြောင့် တစ်ပါးသောယောက်ျားလေးများအား ကိလေသာထကြွမှု ကြောင့် အပြစ်ဖြစ်သလို မိမိသည်လည်း လုံ့ဆော်ပေးခြင်းကြောင့် အပြစ်ဖြစ်ပါတယ်။ ဒါ့ပြင် မိမိကြောင့် စိတ်မထိန်းနိုင်ကြမ်းတမ်းသော ယောက်ျားလေးများနှင့်တွေ့ရင် ကာမေသုမိစ္ဆာစာရ ကျုးလွန်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးများဟာ ယဉ်ကျေးသိမ်မွေ့စွာ ၀တ်စားဆင်ယင် ပြုမှုနေထိုင်မယ်ဆိုရင် ထိုမိန်းကလေးကို မြင်ရသူမှာလည်း စိတ်ကြည်နှုးမှုဖြစ်ရသလို တခြားနိုင်ငံလူမျိုးများရဲ့ အမြင်မှာလည်း မြန်မာလူမျိုးများ၏ သိက္ခာရှိမှုကို အထူးတန်ဖိုးထားခြင်း ခံရပါမယ်။

ယောက်ျားများဟာ မိန်းကလေးများကို အလွယ်တကူတွဲပြီး တန်ဖိုးမထားတတ်ကြသလို မိန်းကလေးများကလည်း မိမိတို့ရဲ့ဣနြေ္ဒကို သိက္ခာကင်းမဲ့စွာနေထိုင်ပြီး ယောက်ျားများရဲ့အလိုကို ရှေ့နောက်မစဉ်းစားဘဲ ယုံကြည်လွယ်ကာ ပုံအပ်လေ့ရှိကြပါတယ်။ ယောက်ျားဖြစ်သူများဟာ သူတို့လိုချင်တဲ့အချိန်ရပြီးလျှင် နောက်နောင်ကို စိတ်မပါသောအခါ မိန်းကလေးများအား ပစ်ထားတတ်ကြပါတယ်။ မိန်းကလေးများကလည်း သူတို့ပစ်သွားလျှင် မမုသလို နေတတ်ကြပြီး မိမိဗိုက်တွင် သန္ဓေခလာသောအခါမှသာ သူများအသတ်ကို အလွယ်တကူသတ်ဖြစ်ကာ အပြစ်များစွာ ကျူးလွန်ကြပါတော့တယ်။ ဒါဟာလည်း ကောင်းသော လက္ခဏာလားဆိုတော့ မဟုတ်ပါဘူး။ မိမိတို့ စဉ်းစားဆင်ခြင်မဲ့မှုကြောင့် မိမိဒုက္ခရောက်ရသလို ရခဲလှတဲ့လူ့ဘ၀လေး ဖြစ်လာမဲ့ကလေးလည်း ပျက်စီးသွားရပါတယ်။ ယောက်ျားလေးများသည် မည်သို့ပင် သူတို့က ပွေနေစေကာမှု သူတို့တစ်သက်လုံး ရာသက်ပန်ပေါင်းချင်သည့် မိန်းကလေးကိုတော့ ရိုသားဖြူစင်တဲ့ အိမ်ထောင်ရှင်မကောင်း ပီသတဲ့သူ ဖြစ်စေချင်ပါတယ်။ ယောက်ျားတွေဟာ အဲဒီလို မိန်းကလေးကိုသာ ရအောင်ယူလေ့ရှိပြီး ထိုမိန်းကလေးမျိုးမှလည်း တစ်သက်လုံး ပေါင်းသင်းနိုင်ကြပါတယ်။ မိန်းကလေးကလည်း မိန်းမကောင်း မပီသ၊ ယောက်ျားလေးကလည်း အိမ်ထောင်ဦးစီးမပီသသူများဖြစ်ပါက ထိုစုံတွဲသည် ဘယ်လိုမှ ရာသက်ပန်ချစ်ခင်ပြီး ပေါင်းသင်း နိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့ကြောင့် လူသားအားလုံး အတုယူမမှားစေရန် အထူးဂရုစိုက် ဆင်ခြင်စဉ်းစားနေပြီး မိမိစိတ်ကို နေ့စဉ် Control ဖြင့် ထိန်းချုပ်ဆင်ခြင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ် လိုက်ပါတော့တယ်။

ယခုဆောင်းပါးကို Shade journal မှာ ရေးသားပေးခဲ့တာပါ။ အဲဒီဂျာနယ်ကို ဖတ်ချင်လို့ ဒေါင်းလော့လုပ်ချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။ http://www.mediafire.com/?2yb512g1kvnx459

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com

M.A (သီရိလင်္ကာ)၊ ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

ကမ္ဘာ့ အကြီးဆုံးမိကျောင်းကြီးအားဖမ်းမိ...

အလေးချိန် ၁ တန်ရှိပြီး အနည်းဆုံးတံငါသည်တစ်ယောက်အား ကိုက်သတ်စားသောက်ခဲ့ သည့် ဖိလစ်ပိုင်
နိုင်ငံမှ ကမ္ဘာ့ အကြီးဆုံးမိကျောင်းကြီးအား နောက်ဆုံးတွင်လူပေါင်း ၁၀၀ ဖြင့် သတိကြီးစွာထားကာဖမ်းဆီး
ရမိခဲ့ ပြီဖြစ်ပါတယ်...
အရှည် ၂၁ ပေရှိသည့် ဧရာမမိကျောင်းကြီးဟာ မကြာခင်နှစ်များအတွင်းအသက်ရှင်လျှက်ဖမ်းဆီးမိခဲ့ ရသ
မျှထဲတွင် အကြီးမားဆုံးဖြစ်ပါတယ်...
နှစ်ပေါင်း ၂၀ ကျော်ကြာ ထိုဧရာမရေသတ္တ၀ါကြီး၏ဘေးအန္တရယ်အားစိုးရိမ်ထိတ်လန့် စွာဖြင်
့နေခဲ့ ကြရ
ပြီးနောက်တွင်တော့ ဖိလစ်ပိုင်နိုင်ငံ၊ ကျေးရွာတစ်ခုမှရွာသားများက ရက်သတ္တပါတ် ၃ ပါတ်ကြာအောင် စုံ
စမ်းကာ လိုက်လံရှာဖွေပြီးနောက် ချောင်းတစ်ခုအတွင်းမှဖမ်းဆီးခဲ့ မိခြင်းဖြစ်ပါတယ်...
ထိုမိကျောင်းကြီးနှင့် မတိမ်းမယိမ်းအရွယ်အစားရှိသည့်  အရှည် ၁၈ ပေရှိသြစတေးလျရေငံမိကျောင်းကြီး
တစ်ကောင်လည်း ကက်စီးယပ်စ် ဒေသတွင် ယခုထက်တိုင်ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ လွတ်မြောက်လျှက်
ရှိနေပါတယ်... 

Giant catch: Mayor Cox Elorde of Bunawan township, Agusan del Sur Province, pretends to measure a huge crocodile which was captured by residents and crocodile farm staff along a creek in Bunawanအဂူဆန်ဒယ်လ်ဆာ ပြည်နယ်က ဘူန၀မ်မြို့ ကလေး ရဲ့ မြို့ တော်ဝန်ကိုယ်တိုင်
စွပ်ကျယ်အင်္ကျီနဲ့ ဖမ်းဆီးရမိတဲ့ မိကျောင်းကြီးကို ဂုဏ်ယူဝံ့ ကြွားစွာ တိုင်းထွာနေဟန်...

Giant catch: Mayor Cox Elorde of Bunawan township, Agusan del Sur Province, pretends to measure a huge crocodile which was captured by residents and crocodile farm staff along a creek in Bunawan

 

ဖိလစ်ပိုင်နိုင်ငံတွင်ကျက်စားခဲ့ သည့် မိကျောင်းကြီးကျင်လည်ခဲ့ ရာဒေသကတော့ မြို့ တော်မနီလာမှအရှေ့ 
ဖက် မိုင် ၅၀၀ အကွာရှိ စီးပွားရေးမဖွံ့ ဖြိုးသည့် ၊ ဆင်းရဲနွမ်းပါးသောဒေသတစ်ခုဖြစ်သည့် အဂူဆန် အရပ်
ဒေသမှ မြစ်တစ်ခုအတွင်းဖြစ်ကာ ကျေးရွာသားများအနေဖြင့် ထိုမိကျောင်းအန္တရယ်အားအမြဲတစ်စေထိတ်
လန့် ကြောက်ရွံ့ နေကြရပြီး မည်သူတစ်ဦးတစ်ယောက်မျှ သတ္တိရှိစွာဖြင့် ဖမ်းဆီးနိုင်ခဲ့ ခြင်းမရှိပါဘူး...


သို့ သော် ရွာသားတံငါသည်တစ်ဦးပျေက်ဆုံးခဲ့ ပြီး မိကျောင်းစာဖြစ်ခဲ့ သည်ဟု အခိုင်အမာသံသယရှိခဲ့ ပြီး
နောက်တွင်တော့ ထိုသတ္တ၀ါကြီးအားဖမ်းဆီးနိုင်ရန်အတွက် အစီအစဉ်များချမှတ်ခဲ့ ကြပါတယ်...
မိကျောင်းကြီးအား စောင့် ကြည့် ရန်အတွက် အစောင့် များချထားခဲ့ ပြီးနောက် ကျွဲတစ်ကာင်အား ကိုက်
သတ်စားခဲ့ သည်ကိုကျေးရွာသားများတွေ့ ရှိခဲ့ ကြရပြီးနောက် လူသားစားခဲ့ သည်ဟု၎င်းတို့ သံသယရှိခဲ့ 
သည်မှာ မှန်ကန်ကြောင်းသိရှိခဲ့ ကြပါတော့ တယ်...




Price haul: Residents use their hands to measure the 21ft salt-water crocodile
 ဒီတစ်ခါတော့ အမှန်တကယ်ကိုပဲ ဒီလောက်ကြီးရှိပါတယ်... လို့ ဆိုနိုင်ပြီပေါ့ ...
Price haul: Residents use their hands to measure the 21ft salt-water crocodile
Long tail: Dozens of local residents gather around the animal, which is believed to have killed a fisherman
 အမြီးကိုယ်ကတော်တော်ရှည်ပါတယ်...



Long tail: Dozens of local residents gather around the animal, which is believed to have killed a fisherman
Posing: One of the heavily armed captors touches the beast for the camera
ခေတ်သစ်ရေမုဆိုး....



Posing: One of the heavily armed captors touches the beast for the camera




" ကျွန်တော်တို့ ဟာ ဒီတိရိစ္ဆာန်ကောင်ကြီးကို ရင်ဆိုင်ဖမ်းဆီးဖို့ တော်တော်စိုးရိမ်ထိတ်လန့် ခဲ့ ကြပါတယ်..
ဒါပေမယ့် ရွာသူရွာသားများနဲ့ သူတို့ ရဲ့ အိမ်မွေး၊ ခြံပေါက်တိရိစ္တာန်တွေကို ခြိမ်းခြောက်အန္တရယ်ပြုလာခဲ့ 
တာမို့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ မှာတာဝန်ရှိလာရတာပါပဲ...
နောက်ဆုံးဖမ်းဆီးမိတော့ ကျွန်တော့ ဖြင့် ကိုယ့် မျက်စေ့ တောင်ကိုယ်မယုံနိုင်လောက်အောင်ဖြစ်ခဲ့ ရပါ
တယ်...
တစ်ကြိမ်ထဲနဲ့ လူသုံးယောက်စလုံးကို ကိုက်သတ်ဝါးမြိုနိုင်လောက်အောင်ကြီးမားလွန်းလှပါတယ်..." လို့ 
ဒေသဆိုင်ရာမြို့ တော်ဝန် အက်ဒ၀င်အီလော့ ဒ် ကဆိုပါတယ်...
ချောင်းတစ်ခုအတွင်းထိုမိကျောင်းကိုမြင်တွေ့ ခဲ့ ကြရပြီးနောက်တွင်တော့ အမည်မပေးရသေးသည့် ရေဘု
ရင်မိကျောင်းဖမ်းဆီးနိုင်ရန်စစ်ဆင်ရေးတစ်ခုသဖွယ်စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်...
ရွာသားများဟာ ထောင်ချောက် ၄ ခု ဆင်ထားခဲ့ ပြီး ၎င်းထောင်ချောက်အားလုံးအား ၎င်း၏သန်မာလှသော
ပါးစပ်ဖြင့် ကိုက်ဖြတ်၊ ဖျက်စီးခဲ့ ပါတယ်...
ထို့ ကြောင့် ဒုတိယအကြိမ်အဖြစ် ပိုမိုတောင့် တင်းခိုင်မာသည့် စတီးကြိုးများဖြင့် ထောင်ချောက်ဆင်ခဲ့ ရာ
တွင်တော့ ထိုရေဘုရင်မိကျောင်းလည်း လွတ်အောင်မပြေးနိုင်တော့ ပေ...
ထောင်ချောက်တွင်ဖမ်းဆီးရမိပြီးနောက် ကမ်းပေါ်သို့ ဆွဲတွင်နိုင်ရန် အားကောင်းမောင်းသန်ယောကျာင်္း
ပေါင်း အယောက် ၁၀၀ ခန့် ခက်ခက်ခဲခဲဖြင့် ချောင်းကမ်းပါးပေါ်သို့ ဆွဲတင်ခဲ့ ကြရပြီး၊ ကြိုးများဖြင့် တုပ်
နှောင်ကာ ထရပ်ကားပေါ်သို့ ကရိန်း ( ၀န်ချီစက် ) ဖြင့် " မ " တင်ခဲ့ ရခြင်းဖြစ်ပါတယ်...


ထိုမိကျောင်းကြီးအား ထားရှိရန်သီးသန့် နေရာသို့ မပို့ ဆောင်မီ ရွာသားများကတော့ ၎င်းတို့ ၏အောင်ပွဲ
ကို အမှတ်တ၇အဖြစ် အလုအယက်မိကျောင်းကြီးနှင့် ယှဉ်တွဲကာဓါတ်ပုံရိုက်ကူးခဲ့ ကြပါတယ်...
" ဒီကောင်ကြီးကတော့ တိရိ စ္ဆာဥယျာဉ်ရဲ့ အကျော်ကြားဆုံးဖြစ်တော့ မှာပါပဲ...
စိုးရိမ်ကြောက်လန့် စရာအဖြစ်မှ အမှတ်တ၇အထိမ်းအမှတ်အဖြစ် ဖမ်းဆီးနိုင်ခဲ့ လို့ ရွာသားများကလည်း
အလွန်ပျော်ရွှင်နေကြပါတယ်..." လို့ မြို့ တော်ဝန်မစ္စတာအီလော့ ဒ် ကပြောကြားခဲ့ ပါတယ်...
သို့ သော်လည်း လူဦးရေ ၃၇၀၀၀ ခန့် နေထိုင်သည့် ထိုဒေသရှိမြစ်ချောင်းများတွင် တစ်ခြားမိကျောင်းကြီး
များလည်းရှိနေသေးတာမို့ ယခုအောင်မြင်မှုအတွက် အပျော်လွန်ကာစိတ်ချလက်ချရှိပြီး ညအခါများတွင်
ညွှံတော ( မြစ်ချောင်းစပ် ) များသို့ အဖော်မပါ၊ တစ်ယောက်တည်းမသွားရောက်ကြဖို့ သတိပေးထားပါ
တယ်...




ရွှေပြည်ကြီးကကျေးလက်တောရွာတွေမှာဆိုယင်တော့ ဒီလောက်ကြီးတဲ့ မိကျောင်းဆို ရိုးရိုးသာမာန်မိ
ကျောင်းမဟုတ်၊ နတ်မိကျောင်းဆိုပြီး အပိုတွေချဲ့ ကားကာ ပူဇော်တဲ့ သူတို့ ၊ ပသတဲ့ သူတို့ နဲ့ ဖမ်းမိမှာ
တောင်မဟုတ်ပါဘူး...










It weighs one ton and is believed responsible for eating at least one fisherman, but this monster crocodile has finally been caught by 100 very cautious men.
Measuring 21ft, the massive creature is the largest crocodile captured alive in recent years.


The beast was caught, after a three-week hunt, in a creek in the Philippines by villagers who had lived in fear of it for more than 20 years.
Its nearest rival in the monster stakes is Cassius, an Australian salt-water crocodile which measures a 'mere' 18ft - and which is still on the loose in the Northern Territory.
The Philippine crocodile's domain was a river system in Agusan, a poverty-stricken region 500 miles south east of Manila, but while it was a constant threat to villagers no-one was brave enough to try to capture it.
However, when a village fisherman went missing and the crocodile became the chief suspect, plans were hatched in order to catch it.
It was placed under observation and when it was witnessed by several villagers killing a water buffalo they knew their suspicions were right.


'We were very nervous about tackling this beast but it was our duty to deal with it because it was a threat to many villagers and their farm animals,' said the local mayor, Mr Edwin Elorde.
'When I finally saw it after its capture I couldn't believe my eyes.
'It was big enough to swallow three men all at once.'
The operation to capture the crook - which has yet to be named - was set in place after it was seen in a creek.
Villagers set four net traps, which the crocodile destroyed with a mighty snap of its jaws.
So the second time around the villagers used traps made of steel cables and this time the animal failed to get away.
At least 100 men were required to pull the huge reptile on to the banks of the creek where, after a great deal of difficulty, it was bound up and then lifted by crane on to the back of a truck.
They weren't going to let the victory pass without having their photo taken, so many of the villagers posed beside their scaly captive before it was driven off to a confined area.
Despite the suspected death of the fisherman, the crocodile is destined for fame.
It is expected to be the star attraction at a new eco-tourism park that is being set up in Agusan.
'It will be the biggest star of the park,' said Mr Elorde.
'The villagers, of course, are very happy that they have been able to turn this dangerous crocodile from a threat into an asset.'
But the 37,000 people who live in the region have been told not to rest on their laurels.
Many other large crocodiles remain in the rivers and people have been told not to venture into marsh areas alone at night.

ကိုပီတာရဲ့ အတွေးပုံရိပ်များ မှကူးယူတင်ပြပါသည်.....
လေးစားစွာဖြင့် ....................
                                                                               အဆွေးလူ
အားလုံးပျော်ရွှင်ကြပါစေ..............

Mozilla Firefox နှင့် ပတ်သက်သမျှ (save password နှင့် mozilla error)

မင်္ဂလာပါဗျာ ....
ဒီဟာလေးကတော့ ဘာရယ်တော့မဟုတ်ပါဘူး။ Mozilla Firefox သုံးတဲ့သူတွေအတွက် သတိပြု၊ မှတ်သားစ
ရာ ဗဟုသုတလေးတစ်ခုပါ။  Mozilla သုံးပြီး ဆိုဒ်တစ်ခုခုကို ဝင်လိုက်ရင် အောက်ပါပုံအတိုင်း 
Remember Password for www.(@@@@).com ?
ဆိုပြီး ပေါ်လေ့ရှိပါတယ်။  အဲ့ချိန်မှာ ကိုယ်က Remember Password ကို နှိပ်လိုက်ရင် နောက်တစ်
ခါ အဲ့ဒီဆိုဒ်ကိုဝင်တဲ့အခါမှာ အကောင့်ရိုက်ထည့်လိုက်တာနဲ့ password က သူ့အလိုလိုပေါ်လာတော့
အဆင်ပြေတာပေါ့။  ဒါပေမယ့် အဆင်ပြေလွန်းတော့လည်း အန္တရယ်ပိုများလေလေပါပဲ ။

Remember Password နှိပ်မိရင် ၊ ဒါမှမဟုတ် လုပ်ထားရင် ဘယ်လိုအန္တရာယ်ရှိတယ်ဆို
တာ အောက်ပါပုံတွေအတိုင်းပဲ ကြည့်ကြည့်၊ မယုံရင်တော့ လိုက်လုပ်ကြည့်လိုက်ပါဗျာ.... ဟိဟိ
(၁)  Tools သွားပြီး Options ဆက်သွားပါ

(၂)  Securtiy  နှိပ်ပါ


(၃)  Show Passwords နှိပ်ပါ

(၄) Yes နှိပ်ပါ
(၅) တွေ့ပြီ... ဟုတ်။ Site မှာတော့ ကိုယ်ဝင်ထားတဲ့ဆိုဒ်တွေနာမည်ပေါ်တယ်။Username မှာ
တော့ ကိုယ်ဝင်ခဲ့တဲ့ ဆိုဒ်မှာသုံးတဲ့နာမည်ပေါ်တယ်။ Password ကတော့ ကိုယ်သုံးခဲ့တဲ password
တွေပေါ်တယ်။ ကိုယ်ထည့်လိုက်တုန်းက အစက်ကလေးပါ ကိုယ် ကိုယ်တိုင်တောင်မမြင်ရဘူး။  ခုတော့
စာလုံးတွေနဲ့ ကိုယ့် password ကိုဘွင်းဘွင်းကြီး မြင်နေရတယ်။ ကြောက်စရာကောင်းတယ်ဟုတ်။
ဘာရယ်တော့မဟုတ်ပါဘူး ။ ကျနော်က ကိုယ်ပိုင်စက်သုံးတော့ အဲ့လို Remember Passwords တွေ  အမြဲ
လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီဟာလေးကို သိပြီးကတည်းက မလုပ်ရဲတော့ဘူး။တစ်ယောက်ယောက်
က သိလို့ ဝင်ပြီး စစ်ကြည့်လိုက်ရင်သေပြီဆရာပဲ...  ဟိဟိ။ သူငယ်ချင်းတို့လည်း လုပ်ထားရင် ဒါမှမဟုတ်
နှိပ်မိရင် အပေါ်ကပုံပါ အဆင့်အတိုင်းပဲ တစ်ဆင့်ချင်းသွားပြီး နောက်ဆုံးပုံမှာ Remove All နဲ့ပြန်ဖျက်လိုက်
ပေါ့ ။ ဘာမှမဟုတ်ပေမယ့် ဗဟုသုတ တစ်ခု တိုးတာပေါ့ဗျာ...... ။ :)
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

Mozilla (မိုဇီလာ) မှာ နောက်ထပ်ပြဿနာဖြစ်တတ်တာ ရှိပါသေးတယ်။ ဒါကတော့ ကိုယ်သုံးနေ
ရင်း စက်ဟမ်းပြီး မိုဇီလာ ပိတ်သွားတာမျိုးပါ။ အဲလိုဖြစ်သွားရင် သူ့အလိုလို မိုဇီလာပိတ်သွားပါတယ်။
The program is stop working ဆိုပြီး ဘောက်စ်လေးကျလာပြီး ပိတ်သွားတတ်ပါတယ်။ တစ်ခါ
တစ်လေလည်း ဘာမှမပေါ်ဘဲ ပိတ်သွားတာမျိုး ရှိပါတယ်။ ဘယ်လို အကြောင်းနဲ့ပဲ ပိတ်ပိတ် ..
ပြန်ဖွင့်တဲ့အခါ တခါတလေ ဖွင့်လို့မရပါဘူး။ ဘောက်စ်တခု ကျလာပြီးတော့ အောက်မှာ ပြထား
တဲ့ စာရေးထားတာ တွေ့ရပါလိမ့်မယ်။

Firefox is already running, but is not responding. To open a new window, you must first close the existing Firefox process, or restart your system.

ဘာလို့အဲလိုပေါ်လာလဲဆိုတော့ ၀င်းဒိုးရဲ့ပရိုဂရမ်မှာ မိုဇီလာကအလုပ်လုပ်နေသေးလို့ပါပဲ။ ဒါကြောင့်ပထမအလုပ်လုပ်နေတဲ့ browser ကမရပ်သေးတဲ့အတွက် နောက်ထပ် browser တစ်ခု ဖွင့်ဖို့ကို system က ခွင့်မပြုတာပါ။ အဲလို စာပေါ်လာရင် လုပ်လို့ရတာ တခုရှိပါတယ်။ ဒါကတော့
အောက်မှာ ပြထားတဲ့အတိုင်း task bar ပေါ်မှာ right click (ညာကလစ်) နှိပ်ပြီး  
Start Task manager ဆိုတာလေး ကို နှိပ်လိုက်ပါ။



အဲဒီနောက် ဘောက်စ်တခုကျလာပါမယ်။ ကျလာရင် ပုံမှာ ပြထားတဲ့ Processes   ကို နှိပ်လိုက်ပါ။ ထို့နောက်    firefox.exe ဆိုတာကို လိုက်ရှာပြီး ကလစ်တစ်ချက် နှိပ်ပါ။ ပြိးရင်တော့ end process ကိုနှိပ်ပေးလိုက်ပါ။



ပြီးရင် နောက်ထပ် ဘောက်စ်တခု ကျလာပါမယ်။ ဒါဆို end process ကို ထပ်နှိပ်ပေးလိုက်ပါ။




ဒါဆိုရင် system က မိုဇီလာကို အလုပ်လုပ်တာ ရပ်သွားပါပြီ။ ပြီးနောက် task manager box ရဲ့
  ညာဘက်အပေါ်က ကြက်ခြေခတ်လေးကို နှိပ်ပြီး ပိတ်လိုက်လို့ရပါပြီ။ အဲဒီနောက်မှာတော့ မိမိ
စက်မှာရှိတဲ့ မိုဇီလာကို ပြန်ဖွင့်ကြည့်ပါ။ ပွင့်လာပါလိမ့်မယ်။
တတ်သလောက်သာ တင်ပြလိုက်ပါတယ်။ အားလုံး အဆင်ပြေနိုင်ပါစေ။

++++++++++++++++++++++++++++++++++++++++

စောင်းလုလင်

Thursday 1 September 2011

ရေထဲကဆား

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်.. ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..

ဒီတော့ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကိုခေါ်လာခဲ့ပါတယ်မြို့အပြင်ဘက်ကိုလမ်းလျှောက်လာကြရင်းအလွန်ကျယ်ပြောပြီးကြည်လင်လှတဲ့
ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..

ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်..

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”

“ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံးမဖြစ်စေပါနဲ့..ရေကန်တစ်ကန်အဖြစ်ပြောင်းလဲကျင့်ကြံလိုက်ပါ..ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..


အဆိုးအားဖြင့်အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကိုနိုင်လော့..
jewel