Friday, 29 July 2011

ကရင်တို့၏ မူလဇစ်မြစ်

ကမ္ဘာ့လူမျိုးနွယ်များ
ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။
အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။
ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။
ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။
ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။
အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။
လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု – ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၎။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)
အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။
ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု – ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။
မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, – )
သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့ လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင် ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့် တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။
ဆက်လက်ဖော်ပြပါမည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်)
၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။


(ကောသူလေး)

နော်ဝေ လူသတ်သမားရဲ့ ‘၂၀၈၃ ခုနှစ်၊ ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း

ပြီးခဲ့တဲ့ သောကြာနေ့ အော်စလိုမြို့ အစိုးရရုံးတွေကို ဗုံးခွဲခဲ့တာကြောင့် လူ ၇ ဦးသေဆုံးပြီး၊ အော်စလိုအနီး အူးတိုယား ကျွန်းလေးပေါ်မှာ လူငယ် ၈၆ ယောက်ကို ပစ်သတ်ခဲ့တဲ့ လူသတ်သမား ဘရီဗစ်ခ် (Anders Behring Breivik) ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းက နာရီနဲ့အမျှ အံဩထိတ်လန့်စရာ ဖြစ်လာသည်။
အသက် ၃၂ နှစ်ရှိ နော်ဝေနိုင်ငံသား ဘရီဗစ်ခ်က ယခုလို အစုအလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကိုးနှစ်ကြာ အချိန်ပေးစီစဉ်ခဲ့ရကြောင်း၊ ရဲကို ၀န်ခံပြောခဲ့သည်။ အကြီးအကျယ် တိုက်ခိုက်မှုနှစ်ခုကို တကိုယ်တော် မလုပ်ခင်လေးမှာပဲ၊ အင်တာနက် အီးမေးလ်တွေကနေ သူရေးထားတဲ့ စာမျက်နှာ ၁၅၁၆ ရှိ ကြေငြာစာတမ်း (manifesto) တစ်ခုကို လူ ၅၇၀၀ ဆီ ဖြန့်ဝေခဲ့သည်။ စာတမ်းရဲ့ ခေါင်းစဉ် က “၂၀၈၃ ခုနှစ်၊ ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း” (2083- A European Declaration of Independence) ဟု ဖြစ်သည်။
ဘရီဗစ်ခ် ရဲ့ ပြောဆိုချက်များအရ ယခုလို သတ်ဖြတ်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ငွေရှာဖွေ စုဆောင်းခဲ့ရပြီး၊ အသက် ၇၀ ကျော် သူ့မိခင်ရဲ့ အခန်းမှာ ခြိုးခြံချွေတာနေထိုင်ခဲ့သည်။ သူ့ရည်ရွယ်ချက်ကို ဆွေမျိုးနဲ့ သူငယ်ချင်းမိတ်ဆွေတွေ မရိပ်မိအောင် သိုသိုသိပ်သိပ် နေခဲ့သည်။ အဲဒီအချိန်တွေအတွင်း အစ္စလာမ်ဘာသာ ဆန့်ကျင့်ရေး ၀ဘ်ဆိုဒ်တွေ လုပ်ခဲ့ပြီး၊ သေနတ် ကျွမ်းကျွမ်းကျင်ကျင် ပစ်နိုင်ဖို့နဲ့ ဗုံးထောင်နည်းကို အချိန်ပေး လေ့လာခဲ့သည်။ ဘရီဗစ်ခ် က ဥရောပ တက္ကသိုလ်တစ်ခုမှ အွန်လိုင်းဖြင့် စီးပွားရေး စီမံခန့်ခွဲမှု ဘွဲ့ရယူထားသူလည်း ဖြစ်သည်။
ရဲဝတ်စုံ၊ ပြည်သူ့စစ်ယူနစ်ဖောင်း၊ နော်ဝေရိုးရာဝတ်စုံ မျိုးစုံကို ဗြူတီပါလာတွေမှာ စနစ်တကျ ၀တ်ပြီး၊ သူ့ဓာတ်ပုံတွေကို ၀ဘ်ဆိုဒ်တွေပေါ် တင်တတ်သည်။ နောက်ဆုံး အော်စလို အရှေ့ဘက် လယ်ယာခြံကြီးတစ်ခုထဲ အထီးကျန်နေထိုင်ရင်း ဗုံးလုပ်ဖို့ အမိုးနီးယား နိုက်ထရိတ်မြေဩဇာတွေ ၀ယ်ယူပြီး ယမ်းတွေဖော်စပ်နေခဲ့သည်။
 
သူရေးတဲ့ “၂၀၈၃ ခုနှစ်- ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း” မှာ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ အိုင်ဒီအိုလော်ဂျီကို ဖော်ပြထားတာက ခရစ်ယာန် အခြေခံဝါဒသစ်ကို ပြန်လည်ထူထောင်ဖို့ ဖြစ်သည်။ အစ္စလာမ် ကိုလိုနီပြုလာမှု၊ မာက်စ်ဝါဒနဲ့ လူဖြူမဟုတ်သူများရဲ့ အန္တရာယ်၊ ဥရောပကို ရောက်ရှိလာတဲ့ ပဒေသာစုံယဉ်ကျေးမှု (multiculturalism) တို့ရဲ့ အန္တရာယ်တွေကို တားဆီးကြဖို့ သူ့စာတမ်းမှာ ရေးထားသည်။
စာမျက်နှာ တစ်မျက်နှာချင်းစီမှာ သူ့ရဲ့ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းပေါ်ထားတဲ့အမြင်တွေ အသေးစိပ် ရေးထားသည်။ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ နယ်နမိတ်ဖြတ် နိုင်ငံစုံအဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားသည်။ နော်ဝေ လက်ျာဂိုဏ်း တိုးတက်ရေးပါတီကို ပျော့လွန်းသည်ဟု ဝေဖန်ထားပြီး၊ အာဏာရ လေဘာပါတီကို ရန်သူအဖြစ်သတ်မှတ် တိုက်ခိုက်ရမည်ဟု ဆိုသည်။ သူ့စာတမ်းအရ ဘရီဗစ်ခ် ကို ခရစ်ယာန် အခြေခံဝါဒီနှင့် လက်ျာ အစွန်းရောက်ဝါဒီ အဖြစ် နော်ဝေ အာဏာပိုင်များက သတ်မှတ်လိုက်သည်။
ဘရီဗစ်ခ် ရဲ့ အစ္စလာမ်၊ မက်စ်ဝါဒီနဲ့ လူဖြူမဟုတ်သူတွေအပေါ်ထားတဲ့ အစွန်းရောက် အမုန်းတရားက နော်ဝေနဲ့ ဥရောပရဲ့ လူမျိုးရေးပြဿနာတွေကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သည်။ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းများနဲ့အတူ နှစ်စဉ် နိုဘယ်ဆုချီးမြှင့်မှုကြောင့် ဂုဏ်သိက္ခာထည်ဝါခဲ့ရတဲ့ နော်ဝေ အတွက် လူ ၉၀ ကျော် သေဆုံးခဲ့တဲ့အပြင်၊ ငြိမ်းချမ်းရေး သင်္ကေတကိုပါ အမည်းစက် စွန်းထင်းခဲ့ရသည်။
ပြင်သစ်မှာ နေထိုင်နေတဲ့ ဘရီဗစ်ခ် ရဲ့ ဖခင်၊ ဗြိတိန်ဆိုင်ရာ နော်ဝေသံမှုးဟောင်းက ၁၉၉၅ ခုနှစ် ကတည်းက သူ့သားနဲ့ အဆက်အသွယ်မရှိခဲ့ကြောင်း၊ ဘရီဗစ် တစ်နှစ်သား ကတည်းက လင်မယား ကွဲသွားခဲ့ကြောင်း ပြောဆိုခဲ့သည်။
ခရစ်ယာန် အခြေခံဝါဒသစ် ထူထောင်ရေး၊ လူဖြူ ကာကွယ်ရေး၊ ဥရောပမြေမှ အစ္စလာမ်တွေ မောင်းထုတ်ရေး၊ မက်စ်ဝါဒ လက်ကျန်ချေမှုန်းရေးတို့အတွက် ‘ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း’ ကိုရေးသားသူ လူသတ်သမား ဘရီဗစ်ခ် ကို အော်စလိုမြို့တရားရုံးတွင် တနင်္လာနေ့မှာ ရုံးထုတ်ပြီး တံခါးပိတ် စစ်ဆေးခဲ့သည်။
တရားသူကြီး Kim Heger က သတင်းစာရှင်းလင်းရာတွင် ဘရီဗစ်ခ် ကို လူသတ်မှု၊ အကြမ်းဖက်မှု၊ လူ့အဖွဲ့အစည်းနှင့် အစိုးရကို မတည်ငြိမ်အောင် လုပ်မှု၊ လူထုကို ကြောက်လန့်အောင်လုပ်မှု စတဲ့ ပြစ်မှုတွေနဲ့ အရေးယူဖို့ ရှိသည်ဟု ဆိုသည်။ နောက် ဘရီဗစ်ခ် မှာ တကိုယ်တော်မဟုတ်ဘဲ၊ သူ့နောက်တွင် အကြမ်းဖက်အဖွဲ့အစည်း နှစ်ဖွဲ့လောက် ရှိနိုင်သည်ဟုလည်း ပြောဆိုခဲ့သည်။

 

သို့သော် ဘရီဗစ်ခ် ကတော့ သူ့တွင် အပြစ်ရှိတယ်လို့ ၀န်မခံကြောင်းနှင့် နော်ဝေမှာ မူဆလင်တွေ ဩဇာကြီးလာအောင် ခွင့်ပြုတဲ့ လေဘာပါတီကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နော်ဝေနှင့် ဥရောပကို မက်စ်ဝါဒနှင့် အစ္စလာမ် ရန်ကနေ ကယ်တင်ဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ခုခံပြောဆိုသည်ဟု ဆိုသည်။

(မောက္ခနိုင်ငံတကာသတင်း)

Monday, 25 July 2011

ကျွန်တော်ကြိုက်သော မင်းခိုက်စိုးစံရဲ့ စကားစုများ

ဘ၀ဆိုတာ တံခါးတစ်ချပ်ဖြစ်တယ်။
တံခါးရဲ့ သစ်သားဘောင်ပေါ်မှာ ထွင်းထုထားတဲ့
ကနုတ်ပန်းအပြောက်အမွှန်းတွေ .... ပန်းပုရုပ်လုံးတွေကို
ငေးကြည့်ရင်မောနေစရာမလို....
အဓိပါယ်ဖွင့်ဆို တွေးတော တွေဝေနေစရာမလို ...

ငါတို့ လုပ်ရမယ့် အလုပ်က အဲ့ဒီတံခါးကို တွန်းဖွင့်ဝင်သွားဖို့ပဲ ဖြစ်တယ်။

-------------------------

ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင် ကျနေတယ်...
အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
မှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှ မပြောင်းလဲ သွားပါဘူး။

လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ် ....
ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။

လောကကတော့ ဘာမှ မပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း-အမှောင်ကို ထွန်းညှိနေတာပါ။

-------------------------------------


 ရေခွက်တစ်ခွက်ရဲ့ အသုံးဝင်မှု့ဟာ ဘယ်အပေါ်မှာ မူတည်သလဲ?
 ရေခွက်ရဲ့ အပြင်နံရံပေါ်မှာ ချယ်သထားတဲ့ ကနုတ်ပန်းတွေ အပေါ်မှာလား၊ အနားကွပ်ထားတဲ့
ရွှေစင် ရွှေသားတွေရဲ့ တန်ဖိုးပေါ်မှာလား?
ဒါမှမဟုတ် ---
ရေခွက်ရဲ့ အတွင်းက လစ်ဟာနေတဲ့ ဗလာဟင်းလင်း ဖြစ်မှုအပေါ်မှာလား?

---------------------------------------


ပင်လယ်ဟာ တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်
ဘာဖြစ်လို့လဲဆိုတော့ ....
ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့ နေရာမှာ ရှိနေလို့ပဲ။

ပင်လယ်ဟာ သူ့ကို တောင်တန်းတွေက
ဝါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။
တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က
ဖုံးလွှမ်းသွားမှာ ကြောက်ရွံ့စိုးလန့်နေရရဲ့။

မသိမ်းပိုက်သူဟာ
အရာရာကို အောင်နိုင်တယ်။


-----------------------------------------
အသုံးမကျတဲ့ ပေါင်းမြက်ပင်တွေနဲ့
အသုံးဝင်ဆုံးလို့ ဆိုကြတဲ့ ကျွန်းပင်တွေဟာ
မြေကြီးတစ်ခုတည်းရဲ့ အပေါ်မှာပဲ
ပေါက်ကြတယ်။

တစ်စုံတစ်ရာကို ရယူပိုင်ဆိုင်ရတာပဲဖြစ်ဖြစ်
တစ်စုံတစ်ရာကို စွန့်လွှတ်ပေးဆပ်ရတာပဲ ဖြစ်ဖြစ်ပေါ့
ထားလိုက်ပါလေ..... ထားလိုက်ပါ။

နှလုံးသားဆိုတဲ့ အရာဟာ
မြေကြီးဆန်တယ်။

------------------------------------



နိဂုံးဆိုသည်မှာ သုည၏ ဟိုဘက်အလွန်တွင်သာ
ရှိသင့်သော အရာဖြစ်ပါသည်။
အရာရာကို နိဂုံးချုပ်လိုက်ပြီဆိုလျှင် အကြွင်းအဖြစ် သုညပင်လျှင်
မကျန်ရစ်ခဲ့သင့်ပါ။

အဘယ်ကြောင့်ဆိုသော် ...... သုညသည် အရာရာတိုင်း၏
မိခင်ဖြစ်၏။ သုညရှိနေလျှင် ဘ၀သည် အသစ်တစ်ဖန်
ပြန်စနေရဦးမည်။ လောကသည် သံသရာအသစ်
ပြန်လည်ရဦးမည်။

တကယ်တမ်း ...
သင့်ကိုယ်သင် နိဂုံးချုပ်လိုလျှင်
သင့်စိတ်သည် သုည၏
ဟိုဘက်အလွန်အထိ ရောက်အောင် သွားသင့်ပါသည်။


---------------------------


စောင်းတို့ကို ရိုက်ချိုးလော့....
ထိုအခါ လူတို့သည် ကိုယ်ပိုင်နားရွက်ဖြင့်
ပကတိအတိုင်း နားထောင်တတ်လိမ့်မည်။

အမြင်စူးရှသူတို့၏ မျက်လုံးကို ပိတ်လော့...
ထိုအခါ လူတို့သည် ကိုယ့်မျက်စိဖြင့် ကိုယ်
ကြည့်မြင်တတ်ကြလိမ့်မည်။

မြင့်မြတ်ခြင်းကို ဖျက်သိမ်းလော့...
ထိုအခါ မြင့်မြတ်ကြလိမ့်မည်။



------------------------------------------

ဂျပန် ပုံပြင်တစ်ပုဒ်ထဲတွင် လေပြည်တိုးဝှေ့သောကြောင့်
လှုပ်ယမ်းနေသည့် အလံငယ်ကလေးကို ကြည့်ပြီး လူနှစ်ယောက်
ငြင်းခုံကြသည်။
တစ်ယောက်က ----
အလံက အ၀တ်စကလေး လှုပ်ယမ်းနေတယ်...

အခြားတစ်ယောက်က
အ၀တ်စက လှုပ်တာ မဟုတ်ဘူး၊ လေက လှုပ်နေတာဟုပြော၏။
ထို့နောက် ---- သူတို့နှစ်ယောက်ကို အဆုံးဖြတ်ပေးရန်
တရားဓမ္မအားထုတ်နေသည့် ဆရာဖြစ်သူကို သွားမေးကြသည်။
ဆရာက ...
အ၀တ်က လှုပ်တာလဲ မဟုတ်ဘူး၊ လေက လှုပ်တာလဲ မဟုတ်ဘူး၊
စိတ်က လှုပ်နေတာဟု ဖြေလိုက်သည်။


-----------------------------------


နေထွက်သည်ဟု မည်သူ ပြောပါသနည်း၊ နေ၀င်သည်ဟု မည်သူ ပြောပါသနည်း။

နေဆိုသည်မှာ ၀င်လည်း မ၀င်၊ ထွက်လည်း မထွက်ဘဲ သူ့ဘာသာသူ တည်ငြိမ်နေသည့်
အရာတစ်ခုသာဖြစ်သည်။ တကယ်တမ်း ရွေ့လျား ပြောင်းလဲသွားသည်မှာ
ကမ္ဘာမြေကြီးနှင့် လူသားတို့သာ ဖြစ်၏။

သို့သော် မည်သူကမှ ကမ္ဘာမြေကြီး ရှေ့သို့ လည်သွားသည်ဟုလည်းကောင်း၊ ကမ္ဘ္ဘာမြေကြီး
အနောက်သို့ လည်သွားသည်ဟု လည်းကောင်း မပြောဆိုကြပါ။

လူတိုင်း နားလည်စေချင်လျှင် နေ၀င်ပြီ၊ နေထွက်ပြီ ဟူသော ဝေါဟာရ အမှားအယွင်းကိုပင်
သုံးနှုန်းပြောဆိုရမည်ဖြစ်၏။

မှားနေလျှင် ပြင်လိုက်ပေါ့ဟု
ခပ်လွယ်လွယ် အကြံမပေးစေလိုပါ။


--------------------------

တကယ်တမ်း မှားပြီဆိုလျှင် ပြင်ဖို့ ခက်ပါသည်။


-----------------


အထူးသဖြင့် လူတွေအများကြီး တစ်ညီတစ်ညွတ်တည်း မှားကြသော 
အမှားများသည် ပြင်ဖို့ရန် အခက်ဆုံးဖြစ်၏။


---------------------------

လူတော်တော်များများသည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေသူကို
အားကျတတ်ကြ၏။ သို့ရာတွင် သူတို့ကိုယ်တိုင်ကမူ မြေပြင်ပေါ်တွင်
မည်သို့ လမ်းလျှောက်ရမည်ကို မသိကြချေ။


---------------------

လူ့ဘ၀ကို အပြည့်အ၀ရရှိသော လူသားစစ်စစ်တစ်ယောက်ဖြစ်ရန်
အချက်နှစ်ချက် လိုအပ်ပါသည်။ ယင်းအချက်များမှာ-
အန္တရာယ် (Danger)နှင့်
လှုပ်ရှားကစားခြင်း (Playing) တို့ဖြစ်၏။

------------------------------



မိမိ၏ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွင်း ပေါင်းသင်းဆက်ဆံရာတွင် ဖြစ်စေ
ခေတ်၏ အပြောင်းအလဲနှင့်ဖြစ်စေ၊ အတွေးအခေါ် အယူအဆများ ပြုပြင်
ပြောင်းလဲနေသော အသွင်ဖြင့် ဖြစ်စေ .... လိုက်လျောညီထွေဖြစ်အောင်
မနေတတ်ပဲ မိမိတစ်ဦးတည်း ဘေးထွက်နေသူများ၊ အံဝင်ခွင်ကျ မဖြစ်သူများ၊
အထိုက်အလျောက်လိုက်ပြီး ကိုယ့်စိတ်ကိုယ် သက်သာအောင်
မနေတတ်ဘဲ ပင်ပန်းဆင်းရဲ နေသူများ၏ စိတ်သဘောကို MALADJUSTMENT ဟုခေါ်သည်။

(ဆစ်ဂမန်ဖရွိုက်)



----------------------------

မျှော်လင့်ချက်တွေကလည်း
သစ်ရွက်တွေလိုပဲ
တဖွဲဖွဲ ကြွေကျတတ်လွန်းတော့
ငါ့မှာ
လေပြည်လေညင်းတိုက်ခတ်မှာကိုတောင်
ကြောက်ရွံ့နေရတယ်။

----------------------

ခွင့်လွှတ်ခြင်းကို မမွေးမြူတတ်သူတစ်ဦး၏
နှလုံးအိမ်သည် ပူလောင်မှု အဆိပ်သစ်သီးများကိုသာ
သိမ်းပိုက်ထားရသော
ဥယျာဉ်ဖြစ်လေသည်။


------------------------------



စစ်မှန်ပြီး တန်ဖိုးရှိသော အကူအညီဆိုသည်မှာ
တမင်ဖိတ်ခေါ်ရသော သံတမန်တစ်ပါးမဟုတ်ပါ။
အချိန်တန်လျှင် သူ့အလိုလို ရိုးသားစွာ
ပွင့်လာတတ်သည့် အဖြူရောင် ပန်းတစ်ပွင့်သာ ဖြစ်ပါသည်။


---------------------------------


တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီတောအုပ်ထဲမှာ ...
ငါဘာလို့ ဆက်ရှင်သန်မှာလဲ...
လူတွေရဲ့ မျက်ဝန်းကိုက
ညှီစော်နံတယ်။

---------------------

လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေပေါက်နေကြတာ မဟုတ်ဘူး

ကိုယ့်ရူးသွပ်မှုနဲ့ကိုယ် စိမ်းလန်း
ငါ့အပေါ် ....
ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင်တော်ပြီ......


-------------------------



ငါးတွေဟာ သွေးအေးတယ်
နှုတ်ဆိတ်တယ်
တိုးတိတ်လွန်းတော့လည်း
အဲ့ဒီရင်ခုန်သံကို
မင်း .... ကြားရလိမ့်မယ် မဟုတ်ပေဘူး။


----------------------
လက်တောင်ညောင်းတယ်..... :(
(25-7-2011)










ကွန်ပျူတာ ပိုမိုမြန်ဆန်စေသော နည်းလမ်းများ




ကွန်ပျူတာ ပိုမိုမြန်ဆန်စေသော နည်းလမ်းများ

      ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော် အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် စာဖတ်သူများကို ပြန်လည် Share လုပ်ခြင်း ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့ လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။

  အရင်ဦးဆုံး မိမိရဲ့ စက်ကို အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။


 ၁) Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။ ၂) System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။ ၃) Performance အောက်က Settings ကို ရွေးပါ။ ၄) Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။ ၅) Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။
       ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။ ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့ အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။ ဘာတွေလဲဆိုတော့

၁) gttask


၂) Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ


၃) Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။ တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။ အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁) Start မှ Run ကို ရွေးပါ။
 
၂) Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။ ၃) System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။

      
လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။

        အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။
အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

     
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁) Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂) Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။

 ၃) Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။

၁) Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။
၂) အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။

     
နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings

       နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁) My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။ ၂) Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
 ၃) Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။

    နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁) Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။

၂) Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။
ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြပေးပါမယ်။ အားလုံး အသုံးဝင်၍ ပျော်ရွှင်ကြပါစေ။


            မောင်စေတနာ

ယူနီကုဒ်ဘာလဲ

ကျွန်တော်က မိတ်ဆွေတို့လိုပဲ အင်တာနက်နဲ့ ကင်းကွာပြီး မနေနိုင်တဲ့ ယူနီကုဒ်အကြောင်း အရင်အပတ်ကအထိ နကန်းတစ်လုံးမျှမသိတဲ့ မြန်မာလူမျိုး တစ်ယောက်ပါ။  ပထမဆုံး အနေနဲ့ ယူနီကုဒ်အကြောင်း မိတ်ဆက်လေးတွေကို အောက်က Link လေးတွေမှာ ဖတ်လို့ ရပါတယ်။ 

  မြန်မာတွေနဲ့ ပတ်သက်တဲ့ ယူနီကုဒ်ကရော ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ယူနီကုဒ်သုံးသင့်တာလဲ ဆိုတာကိုတော့ အောက်က link လေးခုကို ညွှန်းချင်ပါတယ်။

  ကဲ … အဲဒါတွေ ဖတ်ပြီးလို့ ယူနီကုဒ်ကိုဖတ်ချင်တဲ့ ဆန္ဒလေးများ ပေါ်လာရင်တော့   ၁။ ယူနီကုဒ်ကို ဇော်ဂျီနှင့် အတူတူ Browser ပေါ်တွင် ဖတ်ရှုခြင်း  
  • ၁-က။ ယူနီကုဒ်သွင်းခြင်း (Unicode Installation)
           http://www.myanmarlanguage.org/installing_myanmar_unicode        

အဲဒီထဲကအတိုင်း ပြင်ဆင်ပြီးပြီဆိုရင် ယူနီကုဒ် ဖတ်လို့ ရပြီပေါ့ဗျာ။
  
  • ၁-ခ။ ဇော်ဂျီနှင့်ယူနီကုဒ်ကို ယှဉ်တွဲဖတ်ရှုခြင်း (Reading both Unicode and Zawgyi on the same page of Browser)


  ပြဿနာက ဇော်ဂျီနဲ့ရေးထားတာတွေကို ကျွန်တော်တို့ ဖတ်ချင်တယ်၊ ယူနီကုဒ်ကိုလည်း မြင်ချင်သေးတယ်လေဗျာ။ အပေါ်က Installation Link မှာ Browser ရဲ့ Default Font ကို ဇော်ဂျီပေးခဲ့တာကို သတိထားမိပါလိမ့်မယ်။ တကယ်လို့ ယူနီကုဒ်ကို Browser Default ပြောင်းလိုက်ရင် ယူနီကုဒ်နဲ့ရေးတာပဲ မြင်ရပြီး ဇော်ဂျီနဲ့ ရေးထားတာတွေကို မမြင်ရတာ့ဘူးဗျ။   အဲဒါကို ဖြေရှင်းဖို့ ကျွန်တော်သိထားတဲ့ အလွယ်ဆုံးနည်းလမ်းကတော့ Parallel Universe ပဲဗျ။ Parallel Universe ဆိုတာ ကျွန်တော်တို့လို အိုင်တီရေးရာအကျွမ်းတဝင်မရှိသူ (သူတို့အခေါ် သာမန်ယူဇာ Normal User ပေါ့ဗျာ ) တွေ အတွက် အဆင်ပြေအောင် လုပ်ပေးထားတဲ့ Add-On လေး တစ်ခုပါ။
 

Parallel Universe အသုံးပြုခြင်း


  • Firefox Browser


Firefox အတွက်တော့ https://addons.mozilla.org/en-US/firefox/addon/748/ ကို အရင် Install လုပ်ပါ။ တကယ်လို့ Internet Café မှာ သုံးနေတယ်ဆိုရင် သူတို့ကို အကူအညီတောင်းပါ။ တစ်ခါတလေ Internet Café တွေမှာ Install လုပ်ရတာ အဆင်မပြေ ဖြစ်တတ်တယ်လေ။ အဲဒီ Greasemonkey က Firefox ထဲရောက်သွားပြီးမှ http://userscripts.org/scripts/show/93815 ကို သွင်းပါခင်ဗျ။




  • Chrome Browser


Chrome Browser အတွက်ကိုတော့ ဟောဒီ http://tinyurl.com/282p9je Link လေးကို နှိပ်ပြီး Install လိုက်ပေါ့ဗျာ။ Chrome မှာကျတော့ Extension လို့ ခေါ်ပြန်သဗျာ။

ယူနီကုဒ် အသုံးပြုခြင်း           

 ယူနီကုဒ်ကို ဖတ်ရုံတင်မက ရေးပါရေးချင်တယ်ဆိုရင်တော့ Unicode Keyboard လေးတွေ ရှိတယ်ဗျ။ ကျွန်တော်ကတော့ NHM ဆိုတာလေးကို သုံးနေပါတယ်။





အားလုံးအဆင်ပြေပါစေ။


                                                             ဦးချမ်း

Sunday, 24 July 2011

ကျွန်တော်တို့ လူမျိုးတွေ ကိုယ်ခံအားကောင်းပါတယ်လို့ အယူမလွဲသင့်တဲ့ နေရာ (၇) ခု

ယနေ့ခေတ်မှာ လူအများစုဟာ ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ အထိုက်အလျောက် ဗဟုသုတ ရှိနေကြပြီလို့ ဆိုနိုင်ပါတယ်။ အကြမ်းဖျင်းပြောရရင် အစာမစားခင်နဲ့ အိမ်သာက အထွက်မှာ လက်ဆေးရမယ်ဆိုတာမျိုး၊ အစားအသောက်တွေကို ယင်မနားအောင် ကာကွယ်ရမယ် ဆိုတာမျိုး၊ ရေကို တစ်နည်းနည်းနဲ့ သန့်ရှင်းအောင် ပြုပြင်စီရင်ပြီးမှ သောက်သုံးရမယ် ဆိုတာမျိုး ကလေးတွေကအစ သိရှိနားလည်ကြပါတယ်။ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက် ကူးစက်ခြင်း မခံရအောင် သန့်ရှင်းမှုတွေနဲ့ ကာကွယ်တားဆီးတတ် လာကြပါပြီ။

ဒါပေမဲ့ တုပ်ကွေး မဖြစ်ချင်ရင် အပြင်က ပြန်လာပြီးတိုင်း လက်ဆေးပြီးမှ ပါးစပ်တွေ နှာခေါင်းတွေကို ထိကိုင်ရမယ် ဆိုတဲ့ ကျန်းမာရေး အသိပညာ နည်းနည်း အဆင့်မြင့်မြင့်မျိုး ရှိသူတွေတောင် မသိသေးတဲ့ (သို့) သိသော်လည်း သန့်ရှင်းမှု ဂရုမစိုက်မိတဲ့ ရောဂါကူးစက်ခံရနိုင်သော နေရာများ ရှိနေပြီး အဲဒီနေရာတွေကနေ လူတွေဟာ အမှုမဲ့ အမှတ်မဲ့ ရောဂါတွေ ရနေကြတာကို ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အညစ်အကြေးတွေ၊ အမှိုက်တွေ၊ မြေကြီးတွေမှာ ရောဂါပိုးတွေ ပါရှိနေတာ သိကြလို့ ကိုင်ပြီးရင် လက်ဆေးကြပေမယ့် အောက်ပါ နေရာ (၇) ခုကို ထိတွေ့ပြီးရင်တော့ လူအများစုက လက်မဆေးတတ်ကြကြောင်း သုတေသနများအရ သိရှိရပါတယ်။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ နိုးထလှုပ်ရှားနေချိန် အတွင်း အချိန်တစ်မိနစ်တိုင်းမှာ ပျမ်းမျှ အရာဝတ္ထုမျက်နှာပြင် ၃၀ ခန့်ကို ကိုင်တွယ်ထိတွေ့ ဖြစ်နေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒီအရာတွေထဲမှာ ထိတွေ့မှု အကြိမ်အများဆုံး လုပ်လေ့ရှိပြီး သန့်ရှင်းအဆင့်မြင့်လို့ ရောဂါပိုးတွေ မရှိလောက်ဘူးလို့ လူတွေ ထင်နေကြသော်လည်း တကယ်လက်တွေ့ စစ်ဆေးကြည့်တဲ့အခါ ရောဂါပိုးတွေ ပြည့်ကြပ်ညပ်နေအောင် ပေါများလွန်းတဲ့ အရာဝတ္ထု (၇) ခုကို လွန်ခဲ့တဲ့ ရက်ပိုင်းထုတ် Medical Virology ဂျာနယ်မှာ စာရင်းပြုစု ဖော်ပြထားပါတယ်။ ၄င်းတို့ကတော့……………

(၁) Menu ခေါ် ရနိုင်သော အစားအစာများ စာရင်းကတ်
စားသောက်ဆိုင်တွေမှာ ထားတဲ့ ညစ်ပတ်ပေရေနေပြီး လောင်းထားတဲ့ ပလတ်စတစ်တွေပါ ကွာနေတဲ့ မီနူးကတ်တွေကို မြင်ဖူးမှာပါ။ ဒါတွေကို ကိုင်ကြည့်ကာ မှာယူပြီး လက်မဆေးတော့ဘဲ စားသောက်တဲ့ အကျင့်ဟာ စွဲနေပြီ ဖြစ်ပါတယ်။ ဒီလို ကတ်ပြားတွေ ပေါ်မှာ ရောဂါပိုးပေါင်းများစွာ တည်ရှိနေတာကို ဆိုင်ပေါင်းများစွာမှာ လိုက်လံ သုတေသန ပြုချက်များ အရ တွေ့ရှိရပါတယ်။ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ အဆိုပါ မီနူးကတ်ပြားတွေ အပေါ်မှာ ရောဂါရှိသူ ချောင်းဆိုးနှာချေခြင်းတွေ ကနေ ပျံ့လွင့်လာကာ ၁၈ နာရီကြာအောင် ရှင်သန်ပေါက်ပွားနေနိုင်သလို အခြား ရောဂါများ ဖြစ်စေတဲ့ ဘက်တီးရီးယား မျိုးစုံလည်း ရှိနေကြောင်း တွေ့ရပါတယ်။



ဒါတွေဟာ ဈေးချိုတဲ့ ပုံမှန်ဆိုင်တွေမှာမို့ ရှိနေတာလို့ သင်ထင်ပါလိမ့်မယ်။ ဈေးကြီးတဲ့ အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေမှာလည်း လူစည်ကားလေ၊ လက်တွေကနေ ပါလာတဲ့ ပိုးတွေ မီနူးကတ်ပေါ် ဖြန့်ဝေရာ ရောက်လေမို့ သိပ်မကွာခြားလှဘူးလို့ ဓာတ်ခွဲခန်း အခြေများအရ သိရပါတယ်။ ဒါကြောင့် မီနူးကိုင်ကာ မှာပြီးရင် လက်ဆေးပြီးမှ အစားစားဖို့ သတိပေးပါရစေ။ ဒါ့အပြင် မီနူးကို ပန်းကန်များ၊ ဇွန်းခက်ရင်းများနဲ့ မထိမိအောင်လည်း သတိနဲ့ ဝေးရာမှာ ထားရမှာ ဖြစ်ပါတယ်။

(၂) အအေးဖန်ခွက်နှုတ်ခမ်းက သစ်သီးစိတ်


ဖျော်ရည်ဖန်ခွက်တွေရဲ့ နှုတ်ခမ်းသားပေါ်မှာ အလှဆင်တဲ့ သဘောနဲ့ ချိတ်ပေးလိုက်တဲ့ သံပရာသီး၊ လိမ္မော်သီး စတဲ့ အသီးစိတ်လေး ဆယ်ခုမှာ ခုနစ်ခုဟာ ရောဂါပိုးတွေ ပါလာတတ်ကြောင်း စစ်ဆေးလေ့လာ တွေ့ရှိထားပါတယ်။ (ဒီ ၇၀% ဆိုတဲ့ အရေအတွက်ဟာ အစားအသောက်ဥပဒေ တင်းကြပ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တွေ့ရတဲ့ အရေအတွက် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဆိုရင်ေ
တာ့ ၇၀% ထက် များဖွယ် ရှိပါတယ်)

အဲဒီသစ်သီးစိတ်တွေပေါ်မှာ ၀မ်းလျှောဝမ်းပျက်ရောဂါ ဖြစ်စေတဲ့ အီးကိုလိုင် (E.coli) ပိုးနဲ့ အခြားပိုး ၂၅ မျိုးတောင် ပါလေ့ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ ဖန်ခွက်နှုတ်ခမ်းက အလှဆင်တဲ့ အသီးစိတ်ကို မသုံးဆောင်ဖို့ (သို့) စမှာကတည်းက မထည့်ပေးဖို့ မှာရန် လိုအပ်ပါတယ်။

(၃) အများသုံးကွန်ပျူတာ၏ ကီးဘုတ်
အင်တာနက်ကဖေး၊ ရုံးခန်း၊ လေဆိပ် စတဲ့ နေရာများမှာ ထားရှိတဲ့ အများသုံး ကွန်ပျူတာ ကီးဘုတ်များရဲ့ ခလုတ်တစ်ခုချင်းစီမှာ ရှိနေတဲ့ ရောဂါပိုးအရေအတွက်ဟာ အိမ်သာတံခါးလက်ကိုင်ပေါ်က ထက်တောင် ၅ ဆလောက် များနေတယ်လို့ လေ့လာမှုများ အရ တွေ့ရှိရလို့ ထိတွေ့သုံးစွဲပြီးတိုင်း လက်ဆေးသင့်ပါတယ်။ ဒါ့အပြင် အများသုံးခလုတ်တွေ ဖြစ်တဲ့ အလိုအလျောက်ငွေထုတ်စက်၊ ရုပ်ရှင်လက်မှတ် ကိုယ်တိုင် ရွေးချယ်ဝယ်ယူစက်၊ အများသုံး ဖုန်းခလုတ်များ စတာတွေဟာလည်း တူတူပဲလို့ ယူဆရပါမယ်။


ထိုသို့သော အန္တရာယ်ကို ကာကွယ်ရန် လေဆိပ်၊ ရုံး စသော နေရာများရှိ အများသုံး ကွန်ပျူတာများ၏ ကီးဘုတ်များကို ဆေးကြောနိုင်သော ကီးဘုတ်များဖြင့် အစားထိုး အသုံးပြုနိုင်နေပြီဟု သိရသည်။

(၄) စားသောက်ဆိုင် စားပွဲပေါ်က ပုလင်းများ
ဆား၊ ငရုပ်ကောင်း၊ ငန်ပြာရည်၊ ငရုတ်သီး၊ အချဉ်ရည်၊ သကြား စတာတွေ ထည့်ပြီး ချပေးထားတဲ့ ပုလင်းငယ်များ၊ ခွက်များရဲ့ လက်ကိုင်နေရာများဟာလည်း လူကိုင်များလွန်းလို့ ရောဂါပိုးတွေ စုဝေးရာ နေရာ (၈) ခုမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက လက်ဖက်ရည်ဆိုင်တွေ အတွက်ဆိုရင် ရေနွေးကြမ်း ထည့်တဲ့ ဓာတ်ဘူး/အိုး များရဲ့ လက်ကိုင်များကိုပါ ဒီစာရင်းထဲ ထည့်သွင်းသင့်ပါတယ်။ လက်ကိုင်ပုဝါ၊ လက်သုတ်ပုဝါ စတာတွေနဲ့ အုပ်ကိုင်ခြင်းဟာလည်း ဒီပစ္စည်းတွေပေါ်က ပိုးတွေကို ထိရောက်စွာ မကာကွယ်နိုင်လို့ အစာမစားခင် လက်ဆေးတာသာ အကောင်းဆုံး နည်းလမ်းလို့ ပညာရှင်များက ဆိုပါတယ်။



(၅) သန့်စင်ခန်း တံခါးလက်ကိုင်
ဒီအချက်ကတော့ ကြားဖူးကြပါလိမ့်မယ်။ အိမ်သာအတွင်းနံရံထက် အိမ်သာတံခါးလက်ကိုင်ဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ပိုင်ဆိုင်မှုမှာ အဆပေါင်းများစွာ မြင့်မားပါတယ်။ ဘာလို့လဲဆိုတော့ အိမ်သာထဲ ၀င်ထွက်သမျှ သူတွေ အကုန်လုံး ထိကိုင်ကြလို့ ဖြစ်ပါတယ်။ ထို့အတူ တံခါးချက်များဟာလည်း တူတူပဲ ဖြစ်ပါတယ်။ ဒါတွေကို မထိမကိုင်ဘဲနဲ့ သင်ဟာ သန့်စင်ခန်း ထဲက ပြန်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ လှည့်ဖွင့်ရတဲ့ သော့ (Door Lock) ပါတဲ့ တံခါးမျိုး ဆိုရင်တော့ ပိုတောင် သေချာပါသေးတယ်။ အတွင်းမှာ လက်ဆေးပြီးမှ ပြန်ထွက်ရင် လက်ပြန်ညစ်ပေသွားမှာ ဖြစ်တဲ့အတွက် လက်ဆေးခြင်းကို သန့်စင်ခန်း အပြင် ထွက်လာပြီးမှ လုပ်နိုင်တဲ့ စနစ်မျိုး သုံးသင့်ပါတယ်။



အိမ်သာသုံးစက္ကူအသန့်၊ တစ်သျှူးစက္ကူ စတာတွေနဲ့ တံခါးလက်ကိုင်ကို အုပ်ကိုင်ပြီး ထွက်နိုင်ရင် အကောင်းဆုံး ဖြစ်ပြီး ဒီလို လုပ်ခြင်းအားဖြင့် သင့်ကို ပတ်ဝန်းကျင်က လူတွေက ဇီဇာကြောင်တယ်၊ အပိုလုပ်တယ်လို့ ထင်ကောင်းထင်နိုင် ပေမယ့် ဒီလို အကျင့်ကောင်းတစ်ခုဟာ သင့်ကို တုပ်ကွေးမိခြင်း၊ ၀မ်းပျက်ခြင်း၊ ယားနာပေါက်ခြင်း တို့လို မကြာခဏ နာမကျန်း ဖြစ်မှုလေးတွေကနေ သိသိသာသာ အကာအကွယ်ပေးတယ် ဆိုတာ တကယ်လုပ်ကြည့်ရင် သိရပါမယ်။

(၆) ဈေးဝယ်ခြင်း/လှည်း လက်ကိုင်


ဈေးဝယ်စင်တာတွေမှာ ရှိတဲ့ ဈေးဝယ်ခြင်းတွေ၊ လှည်းတွေရဲ့ လက်ကိုင်တွေ အားလုံးရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ရောဂါဖြစ်စေတဲ့ ပိုးတွေ ပေါက်ပွား တည်ရှိနေတတ်တယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာတစ်ဝန်း သုတေသနများ အရ သိရပါတယ်။ အဲဒီပိုးတွေရဲ့ အရေအတွက်ဟာ အများသုံး သန့်စင်ခန်းတွေထက်တောင် များနေတယ်လို့ စမ်းသပ်တွေ့ရှိရပါတယ်။ ဒီသုတေသနကို ၂၀၀၇ က ပြုလုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ဒီလို ရလဒ်တွေကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ ရှိတဲ့ ဈေးဝယ်စင်တာတွေမှာ လှည်းနဲ့ ခြင်းတောင်းတွေရဲ့ လက်ကိုင်တွေကို ဈေးဝယ်သူကိုယ်တိုင် မကိုင်ခင်မှာ ဆေးကြောနိုင်အောင် ပိုးသတ်လက်ဆေးရည်တွေ ထားပေးနေပြီလို့ သိရပါတယ်။ စားသုံးသူတွေမှာ သန့်ရှင်းရေး၊ ရောဂါကာကွယ်ရေး ဆိုင်ရာ အမူအကျင့်တွေ ရှိနေဖို့ စီးပွားရေး လုပ်ငန်းရှင်တွေက ဒါမျိုးတွေ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။

(၇) ဆေးခန်း
ဒီလို ဆိုလိုက်လို့ ရုတ်တရက် အံ့သြစရာ အချက်တစ်ချက်လို့ ထင်ရပေမယ့် တကယ် တွေးကြည့်ရင်တော့ အံ့သြစရာ မကောင်းလှပါဘူး။ ဆေးခန်းဆိုတာ နေမကောင်းသူတွေ စုဝေးရောက်ရှိရာ အရပ်မို့ ရောဂါပိုးမျိုးစုံ ပျံ့နှံ့တည်နေရာ အရပ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် တီဘီ၊ နမိုးနီးယား၊ တုပ်ကွေးလို အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါမျိုးတွေပေါ့။ လေလုံတဲ့ ဆေးခန်းလို အခန်းတစ်ခုထဲမှာ ဒီလိုလူနာ တစ်ယောက် ချောင်းဆိုး (သို့) နှာချေလိုက်ရင် ဒီပိုးတွေဟာ ကြမ်းပြင်ပေါ် မကျခင် အနည်းဆုံး ၃ ပေအကွာအဝေးတော့ သွားပါတယ်။ ဒါကြောင့် ရောဂါတစ်ခုဖြစ်လို့ ဆေးခန်းလာတာ ပြတဲ့ ရောဂါ မပျောက်ခင် နောက်တစ်ခုပါ ကူးစက်ခံရနိုင်တာမို့ ဆေးခန်းသွားရင် အောက်ပါ အချက်လေးတွေကို သတိထား လိုက်နာစေလိုပါတယ်။

(၁) ရောဂါဖြစ်နေတဲ့သူနဲ့ အဖော်ကလွဲလို့ ကျန်တဲ့လူပို တတ်နိုင်သမျှ မခေါ်လာပါနဲ့။ အထူးသဖြင့် ၁၂ နှစ်အောက် ကလေးတွေပေါ့။

(၂) စောင့်ရင်းဖတ်ဖို့ ချပေးထားတဲ့ စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာ ဆေးခန်း လာပြသွားသူတွေရဲ့ ပိုးတွေ ရှိနေမှာ အသေအချာမို့ စောင့်ရင်း ဖတ်ချင်ရင် ကိုယ့်အိမ်က စာအုပ်တွေပဲ ယူလာခဲ့ပါ။ ကလေးလူနာဆိုရင်လည်း ကလေးရဲ့ အရုပ်တွေပါ အိမ်ကပဲ ယူလာပါ။ အများအတွက် ချပေးထားတဲ့ အရာတွေကို ကလေးငယ်တွေ မထိကိုင်ပါစေနဲ့။

(၃) ဆေးရုံဆေးခန်း တစ်ခုခု သွားပြီးလို့ ပြန်လာရင် ပိုးသတ်ဆပ်ပြာ တစ်ခုခု (သို့) အယ်လ်ကိုဟော ၆၀% လောက် ပါဝင်တဲ့ ပိုးသတ်လက်ဆေးရည် (Hand Gel) တစ်ခုခုနဲ့ လက်ကို စင်ကြယ်စွာ ဆေးပါ။

(၄) လူအရမ်းများပြီး စောင့်ရတတ်တဲ့ ဆေးခန်းမျိုးဆိုရင် ပါးစပ်နဲ့ နှာခေါင်းစည်း မျက်နှာဖုံး ၀တ်ဆင်သင့်ပါတယ်။ ၀တ်ပြီးရင် လိုအပ်တဲ့ အချိန်အထိ မချွတ်ဖို့၊ ချွတ်ပြီးရင်လည်း ပြန်မသုံးဘဲ အသစ်တစ်ခု သုံးဖို့ လိုအပ်ပါတယ်။




အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံ အကျင့်နဲ့ မကိုက်ညီတာ တွေ့ရပါတယ်။ ဒါကြောင့် ပိုလွန်းတယ် ထင်ပြီး မလိုက်နာဘဲ မနေကြပါနဲ့လို့ ပြောလိုပါတယ်။ အများစု ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိပါတယ်။ မြန်မာလူမျိုးတွေက တခြားလူမျိုးတွေထက် စာရင် သာမန်လူနေမှု အနေအထားမှာ ထိတွေ့နေထိုင်မှု ပိုများလို့ (ဥပမာ လမ်းဘေးဆိုင်တွေမှာ လူဦးရေ အားလုံးရဲ့ ၉၀% လောက်က စားဖူးသူတွေချည်းပဲ၊ မြစ်ရေ ကန်ရေသောက်လည်း ဘာမှ မဖြစ်ဘူး စသဖြင့်ပေါ့) တခြားလူမျိုးတွေထက် ကိုယ်ခံအား ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ လုံးဝ မှားတယ်လို့ မဆိုလိုပါဘူး။ တစ်ခုပဲ ရှင်းပြချင်ပါတယ်။ ရောဂါပိုးတစ်ခုဟာ ကိုယ်ထဲကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ၀င်ရောက်လာတဲ့ အခါမှာ ရောဂါပေးနိုင်သော အနိမ့်ဆုံး ပိုးကောင်ရေ (Minimal Infective Dose) ဆိုတဲ့ အရေအတွက်ကို ရောက်မှ ရောဂါ ဖြစ်စေတာ ဖြစ်ပါတယ်။ ပိုးတစ်မျိုးနဲ့ တစ်မျိုးလဲ မတူကြပါဘူး။

သာဓကဆောင်ရရင် ရောဂါပိုး A ရဲ့ Minimal Infective Dose က အကောင်ရေ ငါးသိန်းဆိုရင် ကိုယ်ထဲကို လေးသိန်းခွဲလောက် ရောက်လာရုံနဲ့ ရောဂါမပေါ်ပါဘူး။ ငါးသိန်းပြည့်မှ ရောဂါဖြစ်စေတာပေါ့။ ဒါကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အစာရေစာ သန့်ရှင်းမှုတွေ အားနည်းသော်လည်း တို့ကတော့ အကျင့်ဖြစ်လို့ ကိုယ်ခံအားက ခံနိုင်နေပြီ မထင်ပါနဲ့။ ကံအားလျော်စွာ Minimal Infective Dose မပြည့်ခဲ့လို့သာ ဖြစ်ပါလိမ့်မယ်။ ကိုယ်ထဲ ရောက်လာတဲ့ ပိုးအရေအတွက်ဟာ အဲဒီ အနိမ့်ဆုံး အရေအတွက်လေး ကျော်သွားတာနဲ့ ရောဂါဖြစ်မှာ ဖြစ်လို့ သန့်ရှင်းရေးဟာ မပေါ့ဆသင့်တဲ့ အချက်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
 
ဒေါက်တာသီဟသစ် 

sources: :http://www.mmdailynews.com

Saturday, 23 July 2011

ကမ္ဘာ.အမွန်မြတ်ဆုံး၊အ ကောင်းဆုံး ဘာသာတရားဆု

 ဗုဒ္ဓဘာသာဝင်တွေအတွက် သတင်းကောင်းတစ်ခုမို. ကြိုးစားပြီး ပြန်ဆိုတင်ပြလိုက်ပါတယ်...။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို. အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင်. အသိဥာဏ်မြင်.မား ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ.က ဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာ့အမွန်မြတ်ဆုံး/ အကောင်းဆုံး " ဘာသာတရား ဆုချီးမြှင်.ခဲ.ကြောင်း သိရှိရပါတယ်...။ အဆိုပါအထူးတစ်လည်ချီးမြှင်.တဲ. ဆုကိုကမ္ဘာ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀ ကျော်ကရွေးချယ်ချီးမြှင်.ခဲ.ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ.သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာ သာရေးခေါင်းဆောင်အများစုက အဆိုပါ အဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင် အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို.ဘာသာထက် ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ.ကြခြင်းဖြစ်သည်...။
ပါဝင်ဆန္ဒမဲပေးခဲ.သူ လေးဦးကပြောဆိုခဲ.ရာတွင်... အဆိုပါအဖွဲ.ကြီး၏ သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အ ကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက ရရှိတာအံ.သြစရာမရှိပါဘူး...။ ဘာဖြစ်လို.လည်းဆိုတော. ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင်. ဖြစ်ပွား ပေါ်ပေါက်ခဲ.တဲ. စစ်ပွဲဆိုတာမရှိခဲ.ပါဘူး...။ တစ်ခြားဘာသာများနဲ. မတူတာကအဲဒါပါပဲ...။ တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင် သာမှားယွင်းခဲ.ရင်ဆိုတဲ. အတွေးနဲ.လက်နက်တွေကို အရံသင်.ထားကြပါတယ်...။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ.) စစ်တိုက်တာကိုတွေ.ရဖို. အတော်ခဲယဉ်းပါတယ်...။ တစ်ခြားဘာသာဝင်တွေရဲ. အစဉ်အလာအလေ.အထနဲ. ဆန်.ကျင်စွာပဲ ဗုဒ္ဓဘာသာဟာကိုယ် ကိုယ်တိုင်ကျင်.ကြံတဲ. တရားကိုသာသူများကို ဟောကြားခဲ.တာပါပဲ "

လို.ဆိုခဲ.ပါတယ်... Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.

" ကက်သလစ်သာသနာကို မြတ်နိုးကိုကွယ်ပေမယ်. လူသားတွေကို မေတ္တာဂရုဏာထားရန် ဟောကြားပြီးလူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ. အလိုဆန္ဒနားလည်ပါတယ်လို. ပြောကြတာက စိတ်အနှောက်အ ယှက်အဖြစ်ရဆုံးပါပဲ...။ ဒါကြောင်. မွန်မြတ်တဲ. ဗုဒ္ဓဘာသာကို မဲပေးခဲ.တာပါ လို. အမိန်.ရှိခဲ.ပါတယ်....။
ပါကစ္စတန်က မွတ်ဆလင် ဘာသာရေးခေါင်းဆောင် Tal Bin Wassad ကလည်း ဒီအဆိုကို သဘောတူ ထောက်ခံခဲ.ပါတယ်...။ အဆိုပါအဖွဲ.ကြီးရဲ. ပါကစ္စတန်နိုင်ငံ မွတ်စလင် အစည်းအရုံးဆိုင်ရာမဲပေး ရေးအဖွဲ.၀င် တစ်ယောက်ဖြစ်တဲ.သူက

" ကျွန်တော်ဟာ အစ္စလာမ်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူ တစ်ယောက်ပါ...။။ သို.သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး အမျက်ဒေါသတွေ ထွက်ကြ၊ သွေးမြေကျကြ ရတာတွေကို တွေ.မြင်ခံစားရပါတယ်... ဗုဒ္ဓဘာသာဝင်တွေကတော. အဲဒါကို သိမြင်နားလည် သဘောပေါက်ခဲ.ကြပါတယ်...။ ပြောရရင် ကျွန်တော်.ရဲ. အရင်းနှီးဆုံး မိတ်ဆွေတစ်ချို. ဟာဗုဒ္ဓဘာသာဝင်တွေပါ "
လို.ပြောခဲ.ပါတယ်...။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို.က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော.

" ကျွန်တော်လည်း ကျွန်တော်.ဘာသာဖြစ်တဲ. ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...။ ကိုယ်.ဘာသာမို.ကိုယ် ဒါဟာကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို.လည်း ထင်ပါတယ်...။ ဒါပေမယ်. ရိုးရိုးသားသား ၀န်ခံရယင် ကျွန်တော်ဟာနေ.စဉ် ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရား ကိုကျင်.ကြံ အားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...။ ဒါကြောင်. အခုလို မဲပေးလိုက်ပါတယ် "

လို.ပြောလိုက်ပါတယ်...။ သို.သော်..စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင်. ထိုဆုကို လက်ခံမည်.သူ တစ်ယောက်ကိုမျှ မတွေ.ခဲ.ရပေ....။ သူတို. ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံးက ထိုဆုကို လက်ခံဖို. ငြင်းပယ်ခဲ.ကြခြင်းဖြစ်သည်...။ အဘယ်ကြောင်. ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်း မေးမြန်ခဲ.ရာ မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီးဂုရတ္တက

" ယခုလိုမိမိတို. ဘာသာကို အသိအမှတ် ပြုချီးမြှင်.သည်.အတွက် ၀မ်း မြောက်ကျေးဇူးတင်ကြောင်း ... သို.သော် ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှု နိက္ခမဓါတ်၊ နိဗ္ဗာန်ဓါတ် ကြိုးစားအားထုတ်ကာ ရရှိနိုင်သည်. လူသားအားလုံးကို မိမိတို.မျှဝေပေးအပ်ပါကြောင်း..."

မိန်.ကြားခဲ.ပါတယ်...။ အဖွဲ.ကြီးအနေနဲ. ထိုဆုကို လက်ခံရယူပေးမယ်. သူကို ဆက်လက် ဆက်သွယ်နေဦးမှာ ဖြစ်ကြောင်း သိရှိရပါတယ်....။
တရား အရသာသိတဲ. သူတွေကတော. ကိုယ်တိုင်ကို လက်တွေ.ကျင်. ကြံအားထုတ်နေကြပြီ...။ တရားမသိ ၊ အမှားပြည်.နေတဲ. ... ကျွန်တော်တို. ငမိုက်သားများကတော. .. ဒီသံသရာ ရေယာဉ်ကြောမှာ ...မြောလို.ကောင်းနေဆဲ.... ။
မူရင်းသတင်းလေးကတော.ဒီလိုပါ...

The Geneva-based International Coalition for the Advancement ofReligious and Spirituality (ICARUS) has bestowed
"The Best Religion Inthe World" award this year on the Buddhist Community. This special award was voted on by an international round table of more than 200religious leaders from every part of the spiritual spectrum. It wasfascinating to notethat many religious leaders voted for Buddhism rather than their own religion although Buddhists actually make up a tiny minority of ICARUSmembership. Here are the comments by four voting members:Jonna Hult, Director of Research for ICARUS said "

It wasn't a surprise to me that Buddhism won Best Religion in the World, because we couldfind literally not one single instance of a war fought in the name ofBuddhism, in contrast to every other religion that seems to keep a gunin the closet just in case God makes a mistake. We were hard pressed to even find a Buddhist that had ever been in an army. These peoplepractice what they preach to an extent we simply could not document with any other spiritual tradition."

A Catholic Priest, Father Ted O'Shaughnessy said from Belfast ,

"As much as I love the Catholic Church, it has always bothered me to noend that we preach love in our scripture yet then claim to know God'swill when it comes to killing other humans. For that reason, I didhave to cast my vote for the Buddhists."

A Muslim Cleric Tal Bin Wassad agreed from Pakistan via histranslator.

"While I am a devout Muslim, I can seehow much anger andbloodshed is channeled into religious expression rather than dealtwith on a personal level. The Buddhists have that figured out."

Bin Wassad, the ICARUS voting member for Pakistan 's Muslim communitycontinued,

"In fact, some of my best friends are Buddhist."And Rabbi Shmuel Wasserstein said from Jerusalem, "

Of course, I love Judaism, and I think it's the greatest religion in the world. But tobe honest, I've been practicing Vipassana meditation every day beforeminyan (daily Jewish prayer) since 1993. So I get it.
" However, there was one snag - ICARUS couldn't find anyone to give the award to. All the Buddhists they called kept saying they didn't wantthe award.When asked why the Burmese Buddhist community refused the award,Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful for the acknowledgment, but we givethis award to all humanity, forBuddha nature lies within each of us."

Groehlichen went on to say

"We're going to keep calling around until we find a Buddhist who will accept it. We'll let you know when we do."
Fwd mail ပါ.။ မူရင်းရေးသားသူ မသိပါ.။

မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးမူ (၅) ချက်

မဟာသမယသုတ်တော်မှာ ဟောကြားခဲ့တော်မူသော် မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးမူ လေးတွေကို ပြန်ဖော်ပြအပ်ပါတယ်။
ကျွန်တော်တို့အတွက် လိုအပ်မယ်ထင်လို့ ပါ။

၁။ အရာမဟုတ်သည် ၌ အငြင်းအခုံမပြုသင်။့

၂။ တဆင့် စကားဖြင့် အငြင်းအခုံမပြုသင့်။

၃။ အားရှိသူတိုင်း အားငယ်သူကို နိုင်မည်မဟုတ်။

၎။ စည်းလုံးမှုမရှိလျှင် ပျက်စီးတတ်သည်။ စည်းလုံးမှုရှိမှ ကြီးပွားမည်။

၅။ မိမိကိုယ် မိမိ နစ်မွန်းသော ဒုက္ခ မပေးသင့်ခြင်း။

Monday, 18 July 2011

jailbreaking ipod/iphone/ipad

ဒီ အကြောင်းကို မရေးပဲနေမလို့ပဲ။ ဒါပေမယ့် mobile phone ဆိုင်တွေက iPod, iPhone တွေကို jailbreak လုပ်ရင်ယူတဲ့ နှုန်းထားက မတန်တရာဖြစ်နေလို့ရေးလိုက်တာပါ။ အမှန်တော့ ipod, iphone တွေကို jailbreak
လုပ်တာကလွယ်လွယ်လေးပါ။


ပထမဦးဆုံး လိုအပ်မယ့် အရာတွေက iPod or iPhone or iPad (သူပြောမှလား၊ jailbreaking tool၊ Wi Fi connection (easy way)
စစခြင်း jailbreaking tool တွေထဲကတစ်ခုခုကို download လုပ်ယူပါ။ ဒီမှာတော့ Spirit နဲ့ jailbreak လုပ်ပါတယ်။
Spirit ကို download လုပ်ပြီးရင် ipod သို့ iPhone ကိုတပ်လိုက်ပါ။ Spirit က လက်ခံသိပြီဆိုတာနဲ့ jailbreak ကိုနှိပ်လိုက်ပါ။
jailbreak လုပ်နေစဉ်အတောအတွင်းမှာ ပုံလေးပေါ်လာပါလိမ့်မယ်။ ပုံမှာပါတဲ့ bar တန်းလေး ပြီးအောင်စောင့်လိုက်ပါ။
jailbreak လုပ်ပြီးရင် ကိုယ့်ရဲ့ Device ထဲမှာ Cydia ဆိုတာကိုတွေ့ရပါမယ်။ မပေါ်ရင်နောက်တစ်မျက်နာမှာ ရှိပါမယ်။
ပထမတစ်ပိုင်းတော့ပြီးပါပြီ။ နောက်တစ်ခုကတော့ Wi Fi ရတဲ့ internet ဆိုင်ကိုသွားပါ။ Wi Fi ကို ကိုယ့်ရဲ့ device မှာသုံးလို့ရအောင်လုပ်ပါ။
ပြီးရင် Cydia ထဲကိုဝင်ပါ။ Cydia ထဲကိုဝင်လိုက်ရင် သူက လိုအပ်တာတွေကို download ဆွဲပါမယ်။ တခါတလေမှာ Essential upgrade နဲ့
Complete upgrade ကို ရွေးခိုင်းပါတယ်။ ကိုယ်ကြိုက်တာကိုရွေးလိုက်ပါ။ ဒါဆိုရင်ပြီးသလောက်ရှိနေပါပြီ။ ဒါပေမယ့် source တစ်ခုသွင်းဖို့ကျန်ပါသေးတယ်။ Application သွင်းဖို့အတွက်ပါ။ အထူးသဖြင့်
application သွင်းရင် unknown error 0xE8008001 တက်တဲ့သူတွေအတွက်ပါ။
Cydia>Manage>soruce>edit>add သို့သွားပါ။
Enter Cydia/APT URL နေရာတွင် cydia.hackulo.us ကိုရိုက်ပြီး Add Source ကို နှိပ်ပါ။ ပြီးရင် သူက code တွေသွင်းနေပါလိမ့်မယ်။

ပြီးသွားရင် source ထဲမှာ Hackulo.us ပေါ်လာပါလိမ့်မယ်။ Hackulo.us ကိုနှိပ်လိုက်ရင် AppSync for OS 3.0, AppSync for OS 3.1, AppSync for OS 3.2, AppSync for OS 4.0 စသည်ဖြင့်ပေါ်လာပါလိမ့်မယ်။ ကိုယ်device ရဲ့ OS
version နဲ့ ကိုက်ညီတဲ့ AppSync ကိုရွေးပြီး install လုပ်လိုက်ပါ။


ကဲပြီးသွားရင်တော့ ကိုယ်ကြိုက်တဲ့ game တွေ၊ Application တွေသွင်းပေတော့။ ကိုယ့်မှာ iPod/iPhone မရှိသေးရင်လည်း ရှိတဲ့ သူငယ်ချင်းတွေကိုပြောပြလိုက်ပေါ့။


ဒီလင့်ခ်ထဲက ကူးယူထားတာဗျ..
လိုအပ်ရင် ရှာရတာ မလွယ်ဘူး..

Cmd ကနေ ဆိုဒ်တွေကို Block မယ်

ကျွန်တော်တို့ ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အိမ်တွေမှာပဲဖြစ်ဖြစ် Admin Account ကနေ မိမိမလိုချင်တဲ့၊ ကလေးငယ်တွေပဲဖြစ်ဖြစ် မကြည့်စေချင်တဲ့ Web Site တွေကို Software မသုံးပဲပိတ်ထားလို့ ရပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့အပြင် Site တွေကိုလည်း အကန့်အသတ်မရှိ ပိတ်နိုင်တဲ့အတွက် အားလုံးပဲ လိုအပ်ရင် အသုံးပြူလို့ရအောင် ဝေမျှလိုက်ပါတယ်။ 

လုပ်နည်း

1. Start >> Cmd ကိုဖွင့်လိုက်ပါ။ (Adminstrator ဖြစ်ဖို့တော့လိုပါတယ်။ Window XP မှာဆိုရင်တော့ Start >> Run >> Cmd ကိုဝင်လိုက်ပါ။)
2. notepad C:/Windows/System32/drivers/etc/hosts ကို Cmd (Commmand Prompt ) ထဲမှာ အတိအကျရိုက်ထည့်လိုက်ပါ။


3. ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ 127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျတော်ကတော့ ဥပမာအနေနဲ့ facebook နဲ့ပြထားပါတယ်။

 
4. Save ပြီး ပိတ်လိုက်ပါ။ Cmd ကိုလည်း Exit လုပ်လိုက်ပါ။
5. ဒါဆို Facebook ကိုဝင်လို့မရတော့ပါခင်ဗျာ။

တကယ်လို့ ပြန်ဝင်ချင်တယ်ဆိုရင်တော့ (127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ) လေးကို ပြန်ဖျက်ပေးလိုက်ပါ။ ဒါဆိုပြန်ဝင်လို့ ရပါပြီ။ 
 
 
ပြန်လည်ဝေမျှခြင်းပါ။ ဒီဆိုဒ်လေးထဲကို ၀င်ကြည့်နိုင်ပါတယ်။

Hacker တစ်ယောက် ဖြစ်ချင်ပါသလား??

Hacker လို့ ပြော လိုက် တာနဲ့ ကျွန်တော် တို့စဉ်းစားမိတာက အွန်လိုင်းပေါ်က ဖောက်ထွင်းဝိဇ္ဇာ တွေ ကို ပါ ။ ဒီနေရာ မှာ အယူ အဆ နဲနဲ ပြင်ပေးချင်တာ က မကောင်းတဲ့ ဟက်ကာတွေရှိနေသလို ၊ကောင်းမွန်တဲ့ ဘက် က ရပ်တည် တဲ့ ဟက်ကာတွေလဲ ရှိနေပါတယ် ဆိုတာ ပါ ပဲ။ ဟက်ကာ ကောင်းတို့ရဲ့လုပ်ရပ်တွေကတော့ မိမိတတ်ထားတဲ့ ပညာတွေနဲ့ လုံခြုံရေးတွေစီစဉ်လုပ်ဆောင်မယ်၊ open source ဆော့ဝဲလ်တွေရေးမယ် နောက်မျှဝေမယ်၊ စစ်မှန်တဲ့ အဖြူရောင် ဟက်ကာ တို့ရဲ့ဘဝတွေကို သိက္ခာရှိရှိနဲ့ ထိမ်းသိမ်းသွားမယ် ဆိုတာတွေပါ ။ဒါပေမဲ့ အဆိုးရှိမှ အကောင်းဖြစ်ထွန်းလာမှာ ပါ ။ အပြိုင်ဆိုင်ရှိမှ တိုးတက်လာ မှာ ဖြစ်တဲ့ အတွက် အဖြူရောင် ဟက်ကာ တွေရှိသလို အနက်ရောင် ဟက်ကာ တွေ လဲ ရှိမှ တိုးတက်မှု မြန်ဆန် မှာပါ ၊၊ အဲတော့ ဆိုးတယ် ကောင်းတယ် လို့ ခွဲခြားနေတာ ထက် ဟက်ကာ ဆို တာ အားကျလောက်စရာ ပညာရှင်လို့သတ်မှတ်လိုက်ကြပါစို့။

Hacker ဖြစ်လာနိုင်ဘို့လမ်းကြောင်းများ
(1) Learning ဆိုတဲ့ လေ့လာမှုသာမန်ထက်အားကောင်းရမယ်။
(2) Java လို software တွေနဲ့ program တွေရေးနိုင်ရမယ်။
(3) Html code တွေကို ကောင်းကောင်းဖတ်တတ်နေရမယ်၊ ကိုင်တိုင်ရေးတတ်ရမယ်၊ ပြင်ဆင်နိုင်ရမယ်။
(4) Open Source ဆိုတာကို နားလည်ရမယ် ၊ဝင်ရောက်ရေးသားရမယ်။
(5) Operating System ကို အသင့်တော်ဆုံးရွေးချယ်တတ်ရမယ်။(6)Hacker တစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ထိမ်းသိမ်းနိုင်ရပါမယ်။

ဒီအချက် တွေကတော့ သင့်ကို hacker ကောင်းတစ်ယောက်ဖြစ်စေဘို့ ဆွဲခေါ်သွားပါလိမ့်မယ်။
(1)လေ့လာမှု သာမာန်ထက်အားကောင်းရမယ် ဆိုတဲ့နေရာမှာ ပြောချင်တာက ဇွဲ၊ လုံလတွေမှာ သူမတူအောင်ကောင်းရပါမယ်။ပင်ပန်းခံရပါမယ် ။ဟုတ်တယ်လေ ဒါက ဟက်ကာလမ်း ကြောင်းကိုးဗျ။ သင့်မှာ အင်တာနက်ချိတ်ဆက်ထားတဲ့ ကိုယ်ပိုင် PC တစ်လုံး ရှိနေရပါမယ် ။အွန်လိုင်းဆို တာ လေ့လာ လို့ မကုန်နိုင်တဲ့ နေရာကြီး တစ်ခု ဖြစ်နေတာကိုးးးဗျ။နောက်ပြီး တွေးခေါ် မြော်မြင်တတ်တဲ့ ဥာဏ်အမြော်အမြင် တစ်စုံ ရှိနေဖို့လဲ လိုပါတယ် ။ဒါကတော့လေ့ကျင့်ယူလို့ ရနိုင်ပါတယ် ဘယ်အရာမ ဆို စိတ်ဝင်စား အလေးနက်ထားလိုက်ရင် စဉ်းစားနိုင်လာပါလိမ့်မယ်။

(2) Java လို ဆော့ဝဲလ်မျိုးတွေနဲ့ program တွေရေးတတ်ရမယ် ၊
ဒီအချက် သိပ်ကို အရေးကြီးပါတယ် ပရိုဂရမ်တွေအလုပ်လုပ်ပုံကို လေ့လာရပါမယ်။သင်သိထားတာတွေကိုကိုယ်ပိုင်ရေးနိုင်ရပါမယ် ။စူးရှတဲ့မျက်လုံးတစ်စုံက နေရာတကာ လေ့လာနေရမှာ ဖြစ်သလို ပြန်လည်ရေးဆွဲနိုင်တဲ့ ပရိုဂရမ်မာလဲ ဖြစ်နေသင့်တာပေါ့ ။

(3)HTML code တွေကို ရေးနိုင် ဖတ်နိုင်ရမယ် ။
သင့်မှာ ကိုယ်ပိုင် website တွေရှိနေရပါမယ် ။ ဆိုလိုချင်တာကHtml code တွေ ကို အသုံးချပြီးကိုင်ပိုင် web page၊ blog၊ website တွေ ရှိနေရပါမယ် ။HTML ဆို တာ က တော့ web ဘာသာရပ် တခုလို့ ပြောရမဲ့ အရာ တခုပါ ။ web မှန်ရင် HTML နဲ့ မလွတ်ကင်းတဲ့ အတွက် ဒီပညာကို တတ်ထားမှ web developer ဖြစ်လာနိုင်သလို hacker တယောက်ရဲ့ လမ်းကြောင်းပေါ်ကို လဲ ခြေ ချနိုင်မှာ ဖြစိပါတယ်။

(4)Open Source တွေမှာ ဝင်ရေးရမယ်
Open Source ဆိုတာက တော့ softwareတခု ကို စတင်ရေး သားလိုက်တဲ့ မူလပိုင်ရှင် software developer ဟာ မိမိ software ကို လူပုံ အလယ်မှာ ချပြပြီး ၊ အလကားပေးပါတယ် ကြိုက်ရင် ယူသုံးပါ ကောင်းနိုးရာရာတွေကို လဲ ဖြည့်စွက်ပါ ဆိုတဲ့ သဘောပါပဲ။ ဥပမာ ပြောရရင် သင်လက်ရှိသုံးစွဲနေတဲ့ Firefox browser ဟာလဲ open source တစ်ခုပါပဲ။သူ့ကိုကြည့်မယ် ဆိုရင် မူရင်းပိုင်ရှင် ဟာ open source အဖြစ် ပေးထားတာ ဖြစ်တဲ့ အတွက် web ပေါ်မှာ ရှိတဲ့ ပညာရှင်တွေ က ဝိုင်းဝန်း ပြီး add on လို ဟာမျိုးတွေ ဖြည့်စွက်ကြတဲ့ အတွက် အအောင်မြင်ဆုံး Browser အနေနဲ့ ရပ်တည်နေတာပါ ။သင်ကိုယ်တိုင် Open source တွေကို လေ့လာရမယ် ဝင်ရေးရပါမယ်။

(5)Operating System ကို သင့်တော်အောင်ရွေးချယ် တတ်ရပါမယ်။
Hacker လမ်းကြောင်းပေါ်ကိုရောက်ပြီ ၊ Open Source ကို သင်ရွေးချယ်ပြီ ဆိုတာနဲ့ အသုံးပြုသင်တဲ့ OS ဟာ linux လို့ အကြံပေးချင်ပါတယ် ။ သူဟာလဲ open source OS တခုဖြစ်ပါတယ်။အခြား OS တွေကိုလဲ သုံးလို့ရပါတယ် ဒါမဲ့ သင့်တော်တဲ့ ဟာကိုရွေးပြတဲ့သဘောပါ ။linux ကို www.ubuntu.com မှာ အခမဲ့ ရယူနိုင်သလို သူနဲ့ ပတ်သက်တဲ့ forum တွေကို လဲ ဝင်ရောက်ဆွေးနွေး နိုင်ရပါမယ် ။Linux ကို သင်ကောင်းကောင်းသုံးတတ်သွားပြီ ဆိုရင်တော့ သူက သင့်ကို hacker လမ်းကြောင်းပေါ်ကို ဆွဲခေါ်သွားပါလိမ့်မယ်။

(6)hacker တယောက်ရဲ့ ဂုဏ်သိက္ခာ ကို ထိမ်းသိမ်းသွားမယ်
ဘယ် hacker ကမှ ကိုယ့်ကို ကိုယ် ကျွန်တော် hacker ပါလို့ မိတ်ဆက်မလာပါဘူး။ မကြော်ငြာပါဘူး ပညာရှင်စိတ်ဓာတ် ရှိလာတာနဲ့အမျှ ကိုယ့်ကိုကိုယ်ထိမ်းသိမ်းတတ်ကြပါတယ် ။နေရာ တကာ မှာ အောင်မြင်ကျော်ကြားလိုစိတ်နဲ့ဂုဏ်သိက္ခာကို မထိမ်းသိမ်းဘူး ဆိုရင်တော့ hacker ကောင်းတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး ။
Hacker လမ်းကြောင်းပေါ်ကို လျှောက်မယ် ၊လေ့လာမှုတွေကို လဲ လုပ်မယ် ဆိုရင်တော့မကြာခင်မှာ သင် HACKER တစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။

လေ့လာနိုင်သော အွန်လိုင်းပေါ်မှ HECKING SITE များ နှင့် OPEN SOURCE ဆိုဒ်များ
http://www.hackaday.com
http://www.hacktheday.com
http://www.hackingalert.com
http://www.i-hacked.com
http://www.hackszine.com
http://www.2600.com
http://www.linuxexposed.com 
 
အလွမ်းအိတ်ဆိုဒ်မှ ပြန်လည် မျှဝေတာပါ။ အောက်မှာ သွားရောက် လည်ပတ်နိုင်ပါတယ်။

ခေတ်နဲ့ ပိုက်ဆံ

ပိုက်ဆံ…. ကျွန်တော် ငယ်ငယ်က ပိုက်ဆံအရမ်းမက်တယ် . . မေမေက မုန့်ဖိုးပေးရင်တောင် ကိုယ့်မုန့်ဖိုးတောင် မကြည့်ဘူး မေမေ့ ပိုက်ဆံအိပ်လေး လှမ်းကြည့်ပြီး ထပ်များပေးမလားလို့ မျှော်ရတာ အမော၊ အဖေက မုန့်ဖိုးပေးရင်လည်း မျက်နှာငယ်လေးနဲ့ သနားပြီး ပိုပေးအောင် နေပြတာ အမော . . ဟဲဟဲ ကိုယ့်ဂုဏ်နည်းနည်းဖော်မယ်နော် . .အဲလောက် ပိုက်ဆံမက်တာ ခင်ဗျ…
နောက် (၈)တန်း အရွယ်လောက်မှာ စီးပွားရေးကို စစဉ်းစားလာတယ်။ မေမေ အမွေဘယ်လောက်ပေးမှာလဲပေါ့။ ပေးရင် သားကို ခု နည်းနည်းလေး ချေးထားပါလား နောက်မှ ပြန်ဖြတ်ပေါ့ဗျာဆိုပြီး တောင်းတတ်လာတယ်။ ထားလိုက်ပါတော့ ကျွန်တော် ပိုက်ဆံသိပ်မက်တယ်ပေါ့ဗျာ။

ခု အသက်ရလာတဲ့အခါမှာ ကျွန်တော်ရဲ့ အမြင်တွေ ပြောင်းလဲလာတယ်။ ပိုက်ဆံဆိုတာ လူတစ်ယောက်မှာ မရှိမဖြစ် လိုအပ်တဲ့အရာကြီးတစ်ခု မဟုတ်ဘူးဆိုတာပဲ။ ပိုက်ဆံဆိုတာ
လိုချင်တာကို ၀ယ်ဖို့ လွယ်ကူအောင် လုပ်ပေးတဲ့ အရာတစ်ခု အနေနဲ့ပဲ သဘောထားတော့တယ်။
လူဆိုတာ ကိုယ်ဝါသနာပါရာအလုပ်တွေနဲ့ ကိုယ့်ဗဟုသုတတွေကို ရှာမှီးနေဖို့ပဲလိုတယ် ပိုက်ဆံဆိုတာနောက်ကို လိုက်ဖို့ မလိုဘူးလို့ဘဲထင်တယ်။ ပိုက်ဆံမရှာရဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ ရှာတော့ ရှာရမယ် သိပ်ပြီးနစ်မြုပ်ဝင်သွားအောင်တော့ မလုပ်သင့်ဘူး။ ပိုက်ဆံ ကိုယ့်နောက်လိုက်အောင်ပဲ ကြိုးစားရမယ်။
ပိုက်ဆံက အရာရာတိုင်းကို ဖန်တီးနိုင်တယ်လို့ လူတော်တော်များများက ပြောကြတယ်။ ဟုတ်ပါလိမ့်မယ်။ အတိုင်းအတာတစ်ခု အထိ လုပ်နိုင်ပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့ဘ၀မှာ ရင်ဆိုင်နေရတယ့် စိတ်ခံစားမှုတွေ ယုံကြည်မှုတွေ အနာဂတ်တွေကိုတော့ ပိုက်ဆံနဲ့ ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ လုပ်နိုင်တယ်လို့ ထင်မြင် ယူဆတဲ့သူတွေကိုလည်း လုပ်ကြည့်ပါလို့ ပြောချင်တယ်။

ခုနောက်ပိုင်းမှာ လူတော်တော်များများဟာ ပိုက်ဆံနဲ့ ပတ်သက်လာရင် ကိုယ်ကျင့်တရားတွေ ပျက်ပြားကုန်ကြတယ်။ ယောက်ျားတွေကလည်း ပိုက်ဆံရှိလို့ ပျက်စီးသလို၊ မိန်းမတွေကလည်း ပိုက်ဆံမက်လို့ ပျက်စီးကြရတယ်။ ပိုက်ဆံမက်လို့ ဒုက္ခရောက်တဲ့သူတွေလည်း ဒုနဲ့ ဒေးပါဘဲ။ ခေတ်ကလည်း ပစ္စည်းဆန်းဆန်းတွေကို ငွေပုံပေး ၀ယ်ယူတဲ့ခေတ်ကိုး။ အမှန်တော့ ဒါတွေဟာ
မဖြစ်သင့် မဖြစ်ထိုက်တာတွေပါ။ တလောက သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ် တရုတ်ပြည်က မိန်းမပျိုလေးတစ်ယောက် iphone လေး ကိုင်ခွင့်သာ ရမယ်ဆို၊ ၀ယ်ပေးမယ့် သူကို သူရဲ့ အပျိုစင် ဘ၀ပေးမယ်လို့ ကြေငြာသတဲ့ဗျာ။ ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ပစ္စည်းဆိုတာ သင်္ခါရပါ။ တစ်နှစ်တစ်မျိုး အမျိုးမျိုး အသစ်အဆန်းတွေ ထွက်နေတာပါ။ ဒီလိုမျိုးသာ ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။ ပစ္စည်းဆိုတာ ကိုယ်နဲ့ အသုံးတည့်မှ တန်ဖိုးဆိုတာရှိပါတယ်။ ကိုယ်နဲ့ အသုံးမတည့်ပဲ ၀ယ်ထားတဲ့ ပစ္စည်း ဘယ်လောက် ပိုက်ဆံပေးပီး ၀ယ်တယ်ပြောပြော။ တန်ဖိုး မရှိပါဘူး။

ခုလို သက်မဲ့တစ်ခုအပေါ်မှာတောင် ဒီလို လောဘတွေ တက်မက်စိတ်တွေ ဖြစ်နေရင် နောင်အနာဂတ်မှာ လူတွေ ဘယ်လို လုပ်ကြမလဲ။ ခေတ်ဆိုတာ အမျိုးမျိုးပြောင်းလဲနေတာပါ။ ခု အခြေအနေက ဆုတ်ခေတ်ဘက်ကို ရောက်နေတာပါ။ ပစ္စည်းတွေ ဘယ်လောက် ခေတ်မီတယ်ပြောပြော အဆိုးဘက်က ကြည့်ရင် ဆိုးကျိုးတွေ အများကြီးပါ။

တရားသဘောနဲ့ ချိန်ထိုးကြည့်ရင် အနိစ္စ မတည်မြဲခြင်းသဘောကြောင့် ဘယ်အရာဝတ္ထုမှ တည်မြဲခြင်း သဘောကို မဆောင်ပါဘူး။ အကောင်းချည်းပဲဆိုတာ မရှိသလို၊ အဆိုးချည်းပဲဆိုတာ မရှိပါဘူး။ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့ တစ်ခုကောင်းနေရင် တစ်ခု ဆိုးနေမှာပါ။ ဥပမာ-ပိုက်ဆံချမ်းသာရင် ကျန်းမာရေး ချို့တဲ့မယ်ပေါ့၊ ဒါမှမဟုတ် တစ်ခုခု စိတ်ညစ်စရာတော့ ရှိမှာပါ။ 

အမည်နာမ်စားတွေ မခွဲပဲ လူဆိုတဲ့ လူတွေအားလုံးဟာ ဒီမြေကြီးပေါ်မှာ နှစ်ခေါင်းပေါက်နဲ့ အသက်ရှုကြတဲ့ လူတွေအားလုံးတူတူကြီးပါပဲ။ စိတ်ညစ်စရာတွေ ပျော်စရာတွေအားလုံး ထပ်တူ ခံစားဖူးတဲ့ သူတွေ ရှိသလို၊ ဆင်တူ ခံစားဖူးတဲ့ သူတွေ ရှိမှာပါဘဲ။ ဒါကြောင့် ငါသည်သာ အဆင်းရဲဆုံး ၊ ဒုက္ခအများဆုံး ဆိုပီး ကိုယ့်အတ္တကို ရှေ့တန်းမတင်ပါနဲ့။ လုပ်စရာရှိတာ လုပ်ပါ။ သင်စရာရှိတာ သင်ယူပါ။
ခေတ်နဲ့ စနစ်၊ လိုအပ်ချက်တွေကို သေသေချာချာ ခွဲခြားပါ။

ပိုက်ဆံဆိုတဲ့ အမြင်အပေါ်မှာလဲ အားလုံး ပြောင်းလဲ ပစ်ဖို့ လိုပီ ထင်ပါတယ်။ ပိုက်ဆံဆိုတာ အရောင်မျိုးစုံ နှိပ်ထားတဲ့ လိုချင်တာကို လဲလှယ်ယူရတဲ့ ဖြတ်ပိုင်းစုတ်တစ်ခုပါပဲ။ အဲ့ဒီ စာရွတ်စုတ်တွေရဖို့အတွက် သွေးတွေ၊ ချွေးတွေ၊ အကျင့်သိက္ခာတွေ၊ မတရားမှုတွေ ကျူးလွန်ရတာ တန်ရဲ့လား???



ပျော်ရွှင်ကြပါစေဗျာ...


18-7-2011

အချိန်နဲ့ ပြဿနာ

ကျွန်တော်တို့ Time ဆိုတဲ့ အချိန်ပေါ်မှာ သွားလာလှုပ်ရှား ရုန်းကန်နေရတယ် . . တချို့သူတွေအတွက် အချိန်တွေ ပိုနေသလို တချို့သူတွေကတော့ ရှိတဲ့အချိန်တွေက မလောက်ငဘူး ဖြစ်နေကြတယ် . . ဒါပေမယ့် အချိန်တွေကို လူတိုင်းလိုလို အသုံးချတတ်ကြပါတယ် . . အဲဒီမှာ ပြောချင်တာက လူ့ဘ၀သက်တမ်းနဲ့ တွက်လိုက်မယ်ဆိုရင် တကယ်တန်ဖိုးရှိရှိ အသုံးချလိုက်တဲ့ အချိန်တွေက သိပ်ပြီး မပြောပလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ခုပြောတဲ့အထဲမှာ လူတိုင်းတော့
မပါဘူးနော် ဒါပေမယ့် လူအများစုတော့ အကျုံးဝင်တယ် ..

အချိန်ဆိုလို့ . . တချို့ကိစ္စတွေက အချိန်နဲ့ တိုင်းတာလို့ မရတာတွေရှိတယ်။ အကြမ်းဖျင်းဆိုရရင်တော့ အများအားဖြင့် စိတ်ခံစားမှုနဲ့ လုပ်ရတဲ့ အလုပ်တွေပေါ့ . . ဒါတွေထားပါတော့ လူတစ်ယောက်အတွက်တော့ လူပီသချင်တယ်ဆိုရင်တော့
အချိန်တွေကို မှန်ကန်စွာအသုံးချတတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ် . ဘာလို့လဲ ??
ကျွန်တော်တို့ လူသားတွေမှာ လုပ်စရာအလုပ်တွေအများကြီးရှိတယ် . . ချမ်းသာရုံနဲ့ ဘ၀က ပြီးသွားမှာလား ပညာတတ်ရုံနဲ့လား တစ်ခုမှ မဟုတ်ဘူး . . ဒါပေမယ့် လူအများစုကတော့ ကိစ္စတစ်ခုထဲကိုဘဲ လုပ်တတ်ကြတယ် ချမ်းသာတဲ့သူက ပစ္စည်းတွေ ကုန်းရုန်း ရှာရင်းနဲ့ ဘ၀နစ်မွန်းသွားကြတယ်. . . ကျွန်တော်တို့ လူဖြစ်လာရတာ ချမ်းသာဖို့လား?  ပညာတတ်ဖို့လား ? အချစ်အတွက်လား?
ဒါတွေ မရှိရင် လူ့ဘ၀က မနေသာတာတော့ အမှန်ပါဘဲ၊ ဒါပေမယ့် ကျွန်တော်တို့က အားလုံးကို ချုံငုံမိဖို့ လိုတယ် သူ့အချိန်အတိုင်းအတာ တစ်ခုစီနဲ့ ထားတတ်ဖို့လိုတယ်။ အလွန်အကျွံထားလိုက်ရင် ကျွန်တော်တို့ လူဖြစ်ရှုံးသွားပြီ။
အဲလောက် လုပ်စရာတွေများပါတယ်ဆိုမှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြတဲ့သူတွေလည်း ရှိတယ် အဲဒါဟာ အမြဲတမ်းမဟုတ်ဘူး တခဏဦးတည်ချက်ပျောက်သွားတာ . . ဒါကို စိတ်ဓါတ်ကျနေမယ်ဆိုရင် ဒီလူဟာ လူမပီသတော့ဘူး . . ကိစ္စတစ်ခု ဖြစ်လာတိုင်းမှာ နှလုံးသွင်းထားရမှာက ဘယ်လောက်ဘဲ ခက်ခဲနေပါစေ ငါ မနက်ဖြန်ဆို ဒီလို ဒုက္ခတွေ မရှိနိုင်လောက်တော့ဘူးဆိုပြီး ဒီနေ့ကို အားတင်းဖြတ်သန်းသင့်တယ် . . ကျွန်တော်တို့ မြတ်စွာဘုရား ဟောထားတဲ့ အနိစ္စဆိုတဲ့ စကားလုံးက သိပ်ကို သိမ်မွေ့ နက်နဲပါတယ် . . အနိစ္စ အမြဲမရှိတဲ့ ခု စိတ်ဓါတ်ကျနေလား မကျပါနဲ့ အဲဒါ မမြဲသောတရားပါ
အချိန်အတိုင်းအတာတစ်ခု ဖြတ်ကျော်ပြီးတာနဲ့ ပျောက်သွားမှာပါ၊ (((ဒီလို ပြောလို့ ပြောတာတော့ လွယ်တာကွ မင်း လုပ်ကြည့်ပါလားလို့ ပြောချင်တဲ့သူတွေလည်း ရှိပါတယ်။ ဟုတ်ပါတယ် ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် အကြံဥာဏ်ပေးချင်တာက ပြသနာလေးတွေ ကြုံတဲ့အခါ ကျွန်တော်ပြောသလို စဉ်းစားပေးပါ။ အနည်းငယ်သက်သာမယ်လို့ ထင်ပါတယ်။ တချို့ကျတော့လည်း ငါလည်း သိသားဘဲ သူပြောမှလား ဟုတ်ပါတယ် လူတိုင်းက သိထားတာတွေ သိပ်များကြတယ် တစ်ခါတစ်လေမှာ မေ့နေတတ်ကြပါတယ် မမေ့ကြပါနဲ့လို့))) ဒါကြောင့် ကိစ္စတစ်ခု အမှားလုပ်မိလို့ ထပ်ခါထပ်ခါ အမှားတွေ မလုပ်မိဖို့ အရေးကြီးတယ် . . ခေါင်းအေးအေးထားဖို့ အချိန်ပေးသင့်တယ်  . . အကျပ်အတည်းတွေ ကြုံတဲ့အခါမှာ ..
ကျွန်တော်တို့ လူသားတွေ ကြုံတတ်လေ့ရှိတဲ့ ပြသနာ ကြီးကြီးမားမား ရင်ဆိုင်ဖြေရှင်းရမယ့် အခါမှာ. .
အများအားဖြင့် လူတွေက ပြသနာတွေ ထပ်ထပ်များများလာတဲ့အခါမှာ ခေါင်းတွေ ရှုပ်ပြီး သိပ်မစဉ်းစားချင်ကြတော့ဘူး ပထမဆုံးက စိတ်ဓါတ်ကျလာတယ်၊ ပြသနာတွေကို သိမ်းကျုံးစဉ်းစားတယ်၊ အများအားဖြင့် ပြီးစလွယ် ဖြေရှင်းတတ်ကြတယ်။ အဲလို ဖြေရှင်းတာဟာ မှန်တာတွေ ရှိသလို မှားတာတွေက ပိုပြီးအားသာနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကိစ္စတစ်ခု ဖြစ်လာတိုင်းမှာ ၁ မိနစ်ဘဲ ရရ ၂ မိနစ်ဘဲ ရရ အရင်ဆုံး ခေါင်းအေးအောင် ထားလိုက်ပါ . . . စဉ်းစားချိန် မရှိတော့ဘူး ဆိုရင်တောင် ဖြေရှင်းနေတဲ့ အချိန်မှာ စိတ်ကိုအေးချမ်းအောင်ထားလိုက်ပါ ပြသနာက ထိပ်တိုက်တွေ့နေပြီ ရင်ထဲမှာ ဘလောင်ဆူနေလို့ ဘာမှ ဖြစ်မလာတော့ပါဘူး စိတ်ကြည်လင်သွားမှာ ဖြေရှင်းမယ့် နည်းလမ်း ဒါမှ မဟုတ် အခွင့်အလမ်းတစ်ခုက ကိုယ့်အရှေ့မှာ ပျပျလေး တော့ အနည်းဆုံး ပေါ်လာလိမ့်မယ်လို့ ကျွန်တော် ပြောချင်တယ်။
ဘာကြောင့်လဲ ? လို့ မေးရင်တော့ ကျွန်တော်တို့ ဂေါတမ ဟောသလိုဘဲ အကြောင်းရှိလို့ အကျိုးဖြစ်လာမှာပါ။ ကိစ္စတိုင်းဟာ အကောင်းအဆိုး ဒွန်တွဲနေလို့ပါဘဲ။ လူဆိုးတစ်ယောက်က လူဆိုးမဖြစ်ခင်မှာ ဘာမှ မသိတဲ့ လူသားတစ်ယောက်ပါ ဒါပေမယ့် လူမိုက်နယ်မြေ စတင်ခြေချလိုက်တာနဲ့ သူ့ပတ်ဝန်းကျင်မှာ လမ်းမျိုးစုံကို သူရွေးချယ်သွားနိုင်သလိုဘဲ ပြသနာတစ်ခုအပေါ် ခြေချလိုက်တာနဲ့ အဲဒါနဲ့ ပတ်သက်တဲ့ အကျိုးတွေ အပြစ်တွေကို မြင်တွေ့ရမှာ ဓမ္မတာပါ ဒါပေမယ့် အရမ်းစိတ်ရှုပ်ထွေးနေရင်တော့ မြင်ဖို့ ခဲယဉ်းတယ် လူအများစုဟာ
စိတ်မြန်လက်မြန် ဖြေရှင်းပြီးခါမှ နောင်တရတတ်ကြတယ် . . တစ်ချို့ကြတော့လည်း ငါဒီလို လုပ်လို့ရတာဘဲ ဆိုတဲ့ အတွေးလေး ဘဲဝင်လာပြီး ပျောက်ကွယ်သွားပြန်ရော . . နောင်တရတတ်သူတွေအတွက် နောင်တစ်ခါ သတိထားမိချင်မိလိမ့်မယ်. မေ့ပျောက် ထားတဲ့သူတွေအတွက်ကတော့ ဆက်ဆက်ပြီး မှားနေတော့တာပါဘဲ။ မမှားသင့်ဘဲမှားတဲ့အခါမှာ တချို့လူတွေအတွက် သိပ်ပြီးတော့ မထိခိုက်ပေမယ့် တစ်ချို့တ၀က်ကတော့ ဘ၀ပျက်သွားနိုင်တဲ့အထိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ၁မိနစ်ပဲ ရရ ၂ မိနစ်ပဲရရ စဉ်းစားစေချင်ပါတယ်။
(ကျွန်တော်ပြောချင်တာတွေက သိပ်များနေတယ် ဗျောက်သောက်လည်း ဖြစ်ချင်ဖြစ်နေမယ်) ဘာပဲပြောပြော ကျွန်တော်ရေးထားတာထဲက အချက်တစ်ချက်ကိုလောက်ကို စဉ်းစားမိမယ်ဆိုရင်တော့ ကျွန်တော် ဒီဆောင်းပါးလေးကို ရေးဖို့ ပေးရတဲ့အချိန်လေးက တန်ဖိုးရှိသွားတာပေါ့ဗျာ။


(10-11-2010)

ယုံကြည်မှုဘာသာ

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာဆို ဘာသာတရားတွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းအချင်းချင်း အနိုင်ယူ ငြင်းခုံလေ့ရှိကြတယ်။ အပြစ်ကင်းစင်တဲ့ကလေးဘ၀ဆိုတော့ နာရမယ်ဆိုတာလည်း မသိဘူး ရင်ထဲမှာ စကားနိုင်လုချင်တဲ့ စိတ်ကလေးပဲ ရှိတယ်။ အပြောခံရတဲ့သူရော ပြောတဲ့သူရော ဘာကိုမှ ခံစားမနေဘူး။ ဘာဘဲပြောပြော ငြင်းခုံရင်း ပျော်ရွှင်စရာကောင်းတာကတော့ အမှတ်တရပါဘဲ။

ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါမှာ မိမိတို့နဲ့သက်ဆိုင်ရာ ဘာသာတရားတွေကို လူများစုကတော့ ပိုမိုသက်ဝင်ခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ ဒါပေမယ့် ရင်ထဲမှာ အခြေမခိုင်မှုတွေနဲ့ မိမိတို့နဲ့ မသက်ဆိုင်တဲ့ ဘာသာတွေကို အထင်မကြီး မလေးစားမှုတွေလည်း ရင်ထဲမှာ အလိုအလျှောက်မွေးဖွားလာစမြဲပါ။
ဒီမှာ ကျွန်တော်ပြောချင်တာက ဘယ်ဘာသာမှာဘဲ ဖြစ်ဖြစ်ကောင်းတာတွေ ဆိုးတာတွေ ရှိပါတယ်။ ဘာသာတိုင်းကတော့ မကောင်းမှုကို အများအားဖြင့် ပယ်ကြတာချည်းပါဘဲ။ သူ့အချက်နဲ့သူ၊ သူ့ယုံကြည်မှု့နဲ့သူတော့ ကောင်းတာတွေချည်းပါဘဲ။
သမိုင်းသက်သေတွေ မရှိဘဲ လူတွေကိုးကွယ်တဲ့ ဘာသာတရားဆိုတာ မရှိပါဘူး။ ခိုင်မာမူ့ တည်တံ့မှုတွေ ရှိလို့သာ ဒီနေ့ ဒီအချိန်ကာလအထိ ရပ်တည်နေကြတာချည်းပါဘဲ။
ကျွန်တော် ငယ်ငယ်ကတည်းက ဘာသာတရားတွေကို သိပ်စိတ်ဝင်စားတယ် ပထမတော့ ဘာသာရေးဆိုင်ရာ ပုံပြင်၊ ရာဇ၀င်၊ ဇာတ်နိပါတ်တွေ၊ ပြီးတော့ လက်လှမ်းမှီရာ တရားစာအုပ်တော်တော်များများကိုလည်း ဖတ်တယ်၊ ရှိသမျှဘာသာတွေအားလုံးကို လေ့လာခဲ့တယ်။ ဥာဏ်မှီသလောက်ပေါ့။ ဥာဏ်မမှီတာတွေက များပါတယ်လေ။
ဒီမှာ ကျွန်တော်ပြောချင်တာကတော့ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိတယ်။ သူများကိုးကွယ်လို့ လိုက်ကိုးကွယ်တာမျိုးတွေ မရှိစေချင်ဘူး တစ်ခုခုကို သေသေချာချာနက်နက်နဲနဲ ယုံကြည်မှသာလျှင် ကိုယ့်ရင်တွင်းသာသနာဟာ ဘယ်သူဖျောက်ဖျောက် မပျောက်နိုင်မှာပါ။ ဘာမှ မသိဘူး သူများကိုးကွယ်လို့ လိုက်ကိုးကွယ်တယ်ဆိုရင် ဒီလူတစ်ယောက်က အချိန်မရွေး အကြောင်းအမျိုးမျိုးကြောင့် ဘာသာပြောင်းသွားနိုင်တယ်။ ဘာလို့လဲ သူ့မှာ ယုံကြည်သက်ဝင်မှု မရှိလို့ပါဘဲ။ ဘယ်ဘုရားမှ လူလိမ်ကို ထောက်ခံအားပေးနှစ်သက်တာ မရှိပါဘူး။
ကျွန်တော်က ဗုဒ္ဒဘာသာဝင်တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော့်ခံယူချက်နဲ့ ထင်မြင်ယူဆချက်ကိုပဲ ချပြမှာပါ။ လက်ခံတာ လက်မခံတာကတော့ စာဖတ်သူတွေ ကိုယ်တိုင်ပါဘဲ။
ကျွန်တော်ဟာ လွတ်လပ်မှုကို မြတ်နိုးတယ်။ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေကို တန်ဖိုးလည်းထားတယ်၊ လေးလည်း လေးစားတယ်။ လူသားဆန်တာကို ကြိုက်တယ် ဆိုပါတော့။
ကျွန်တော် ဗုဒ္ဒဘာသာကို ယုံကြည်သက်ဝင်ရတဲ့ အကြောင်းအရာတွေရှိတယ်။ ဘာလို့လဲ ကျွန်တော်တို့ ကိုးကွယ်အားထားရာ မြတ်စွာဘုရားဟာ လူသားတစ်ယောက်ဖြစ်လို့ပါဘဲ။ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေအားလုံးကို အပြည့်အ၀ အသုံးချသွားတာပါ။ ကျွန်တော်တို့ နေ့စဉ်ရင်ဆိုင်ရတဲ့ ဒုက္ခတွေ သောကဗျာပါဒတွေကို မြတ်စွာဘုရားကိုယ်တိုင် ခံစားသွားခဲ့တာပါ။ လူသားတွေ လုပ်နိုင်တဲ့ လမ်းစဉ်တွေကိုပဲ ချပြသွားတာပါ။ ဒါကြောင့် လူသားတွေနဲ့ အနီးစပ်ဆုံးသော ဘုရားတစ်ဆူပါဘဲ။
ကျွန်တော်က မမြင်နိုင်တဲ့ တန်ခိုးရှင်ကို အယုံအကြည်ရှိတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ မရှိဘူးလို့ မဆိုလိုဘူး။ ရှိချင်လည်း ရှိလိမ့်မယ် ဒါပေမယ့် ကျွန်တော် အားကိုးလို့ မရတာပါ။ ကျွန်တော် လုပ်နိုင်တဲ့ လမ်းကိုပဲ ကျွန်တော်ရွေးချယ်တယ်။ မမြင်ရတဲ့ေ၀၀ါးနေတဲ့ လမ်းကိုတော့ ရွေးချယ်ဖို့ရန် ယုံကြည်မှုနဲ့ သတ္တိအင်အားမရှိဘူးခင်ဗျ။
ကျွန်တော်တို့ မြတ်စွာဘုရားဟာ ဘယ်သူ့ကိုမှလဲ ငါ့ကို ကိုးကွယ်ပါလို့ မပြောဘူး။ ငါ့နောက်လိုက်မှ မင်းချမ်းသာမယ်လို့လည်း မပြောဘူး။ မင်း လိုက်ချင်လိုက် မလိုက်ချင်နေ၊ ဒါကတော့ ဒီလိုရှိတယ်။ ငါလည်း ဒီလို ဖြတ်ကျော်သွားတယ်။ မင်း ငါ့လို ဖြတ်ကျော် ချင်ရင် ဒီလမ်းတွေ ရှိတယ်။ မင်းလုပ်တာ မလုပ်တာ မင်းအပိုင်း၊ မင်းလုပ်ရင် မင်းရမယ်၊ ငါလုပ်လို့ ငါရတယ်၊ ကျန်တာ ငါနဲ့မဆိုင်ဘူးဆိုတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေရှိတဲ့ လူသားဘုရားပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ခုလိုချင်နေတဲ့ ဒီမိုကရေစီနဲ့ ခပ်ဆင်ဆင်ပါဘဲ။
မြတ်စွာဘုရား ဟောခဲ့တဲ့ နောက်ထပ်စကားတစ်ခွန်းကို ကြိုက်သေးတယ် “လောကမှာ မရှိတာ မရှိဘူး၊ မဖြစ်သေးတာနဲ့ ဥာဏ်မမှီ သေးတာနဲ့ပဲ ရှိတယ်” ဆိုတဲ့ စကားပါဘဲ။ ရိုးရှင်းပြီး ယနေ့ထက်တိုင် မှန်နေတဲ့ စကားတစ်ခွန်းပါဘဲ။
ကျွန်တော်က သူများအားကိုးရတာကို မကြိုက်ပါဘူး။ ကိုကိုယ်တိုင်ကိုပဲ အားကိုးချင်တယ်၊ ကိုယ့်ကိုကိုဘဲ ယုံကြည်တယ်။ ကိုယ်လုပ်ရင် ကိုယ်ရမယ်ဆိုတာကိုလည်း ယုံကြည်တယ်။
တကယ်လို့သာ တန်ခိုးရှင်တွေက လူသားတွေကို ဖန်တီးတာလို့ ပြောရင် မေးစရာရှိတယ် ဘာလို့ ဖန်တီးတာလဲလို့ အေးအေးချမ်းချမ်းဖြစ်နေတာကို ဒုက္ခရောက်အောင် တမင်သက်သက်လူဖန်ဆင်းပြီး ဒုက္ခပေးတာလားလို့ပေါ့။ လူဖြစ်တာတောင်မှ ကွဲပြားမှုပေါင်းများစွာနဲ့ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ဖြူဖြူကျော်သိန်းဆိုသလိုဘဲ ဇာတ်ဆရာအလိုကျ ကျွန်တော်တို့ လူသားတွေကို ကြိုးဆွဲကစားနေတာလား? သူများအသက်စတေးမှ ကိုယ်က ကောင်းရာမွန်ရာရောက်မယ်ဆိုရင် ဒီကမ္ဘာမှာ တိရိစ္ဆာန် တွေကြီးစိုးပြီး လူတွေကို သတ်ရင် ဘယ်လိုလုပ်မလဲ? ရေငုံနှုတ်ပိတ် အသေခံကြမလား? ကပ်သီး ကတ်သတ် မေးစရာ မေးခွန်းတွေ အများကြီး ရှိတယ်။ ဒီလိုဘဲ ကျွန်တော်တို့ ဗုဒ္ဒဘာသာကိုလဲ ဘာသာခြားတွေက မေးစရာတွေ အများကြီးရှိမယ်လို့ ထင်တယ်။
ဘယ်လို ပြောပြော ဘာသာတစ်ခုကို ကိုးကွယ်ပြီဆိုမှတော့ ယုံကြည်သက်ဝင်မှုရှိအောင် ကြိုးစားကြပါလို့ ပြောချင်တယ်။ သူများပြောတိုင်း လက်မခံဘဲ ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်ပြီး မှန်ကန်သော လမ်းကို ရွေးချယ်နိုင်ပါစေလို့။

(၁၉-၁၁-၂၀၁၀)
လိပ်ပြာ