Showing posts with label 228. Show all posts
Showing posts with label 228. Show all posts

Thursday, 17 November 2011

Jailbreak for Ipad2


ဒီနေ့ဟာ ပန်းသီးလောကရဲ့ နေ့ထူးနေ့မြတ်ပါ၊ အထူးသဖြင့် iPad2 သမားတွေအတွက် လွတ်လပ်ရေးရတဲ့နေ့ပါ၊ အကြောင်းရင်းကတော့ Jailbreak လုပ်လို့ရသွားပါပြီ။ မတ်လ ၁၁ ရက်နေ့ကတည်းက ထွက်လာတဲ့ iPad2 ကို ဘယ်သူအရင် ဖောက်နိုင်မလဲဆိုပြီး စောင့်လိုက်ရတာ ၄ လနီးပါး ကြာသွားတဲ့ ဒီကနေ့မှာတော့ အဖြေထွက်လာပါပြီ။ Jailbreakme ပိုင်ရှင် comex ကို ကျေးဇူးတင်ပါတယ်။ ဖဘပေါ်မှာ မနားတမ်း သတင်းပေးတဲ့ ကဘွိုက် ကိုလည်း ကျေးဇူးတင်ပါတယ်။ Cydia ပိုင်ရှင် Jay Freeman ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ကျွေးခဲ့ မွေးခဲ့တဲ့ ဖေဖေ မေမေတို့ကိုလည်း တခါတည်း ကျေးဇူးတင်လိုက်ပါတယ်။ (ဟမ်)

အမှန်တိုင်းပြောရင် JB ကို ဒီနေ့မှာလုပ်ဖူးတာပါ၊ အိမ်သူသက်ထား မယ်စံရှားက အိုင်ဖုန်းသုံးနေပေမယ့် JB သွားလုပ်ဖို့ စိတ်မကူးဖူးဘူး၊ တခုခုဖြစ်ရင် အလုပ်ရှုပ်မှာစိုးလို့ ဒီတိုင်းပဲ သုံးနေတာ။ ဆိုတော့ JB လုပ်ပြီးရင် ဘာဖြစ်မယ်၊ ဘာဆက်လုပ်ရမယ် ဆိုတာတွေကို မသိဘူး၊ ကြားပဲကြားဖူးပြီး တခါမှ မထိတွေ့ဖူးတဲ့ Cydia ကို ဒီနေ့မှာပဲ ထိတွေ့မိတော့တယ်။ ဒီနာမည်လေးကို စိတ်ဝင်စားလို့ ဟိုးနေ့တွေက ဝီကီမှာ ရှာဖတ်ကြည့်တော့ နာမည်ပေးပုံကို အတော်သဘောကျသွားတယ်၊

လက်စသတ်တော့ Codling Moth တွေကို ပြောချင်တာကိုး၊ အပေါ်ပုံထဲက ပိုးကောင်လေးတွေ တွေ့တယ်မှတ်လား၊ အဲဒါ တချိန်မှာ ဖလံကောင်တွေ ဖြစ်လာမယ့် ပန်းသီးပိုးပါပဲ။ သူတို့ရဲ့ Species မျိုးစိပ်နာမည်က Cydia pomonella ပါ။ မှန်လိုက်လေ၊ Cydia ဆိုတာ ဘဘစတိဗ်တို့ ခေါင်းခဲစရာ ပန်းသီးထဲက ပိုးကောင်ပဲပေါ့။
--
ထောင်ဖောက်နည်းကတော့ အင်မတန်လွယ်လှပါတယ်၊ http://www.jailbreakme.com/ ကို iPad ထဲက Safari နဲ့ ဖွင့်လိုက်ပါ၊ FREE ဆိုတဲ့ခလုပ်ကို နှိပ်လိုက်ပါ၊ INSTALL ဆိုတာကို ထပ်နှိပ်လိုက်ပါ၊ ကျန်တာ သူ့ဟာသူ လုပ်သွားပါလိမ့်မယ်၊ Cydia ကို သွင်းပါလိမ့်မယ်။ အားလုံးပြီးသွားရင် restart ပြန်လုပ်ပါ၊ ဒါပါပဲ။

ကျနော်လုပ်တုန်းက 3G နဲ့ဆိုတော့ စိတ်ရှည်လက်ရှည်နဲ့ ကြိမ်ဖန်များစွာ နှိပ်လိုက်ရတယ်၊ အပေါ်ပုံအတိုင်း ခလုပ်က အစိမ်းရောင်ပြောင်းပြီး ရပ်သွားတာဗျာ၊ ဆဖာရီလည်း ဘယ်လိုနှိုးနှိုး မနိုးတော့ဘူး၊ လူရောစက်ပါ ငုတ်တုတ်မေ့သွားတာ ကြိမ်ဖန်များစွာပဲ။ ဝိုင်ဖိုင်နဲ့ဆိုရင်တော့ အိုကေမယ်ထင်တယ်။ အောက်ပုံက ဖြည်းဖြည်းချင်း ဒေါင်းလုပ်နေတာကို ရင်ခုန်စွာ စောင့်ကြည့်နေတုန်းကပေါ့။


အခုတော့ အားလုံးပြီးသွားပါပြီ၊ Cydia ကိုလည်း မြင်ရပါပြီ။


ဇော်ဂျီဖောင့်လည်း သွင်းပြီးပါပြီ၊ Saturngod ကို အထူးကျေးဇူးတင်ပါတယ်။


ဒါကတော့ Cydia ထဲ သွင်းထားတာတွေပါ၊ အောက်ဆုံးက saffron-xxx ဆိုတာကတော့ ကယ်တင်ရှင်သူရဲကောင်းပါပဲ။

http://www.degolar.info/2011/07/c-for-cydia.html
Posted by TZA