Thursday 6 September 2012

မှတ်စု

၆-၉-၁၂
စာရေးမယ် ရေးမယ်နဲ့ဟိုစာအုပ် လှန် ဒီစာအုပ်လှန်နဲ့ မရေးဖြစ်ခဲ့ဘူး.. စကားလုံးတွေထက် စာလုံးလေးတွေက ပိုပီး တန်ဖိုး ရှိတယ်ဆိုတာ ခုတော့ နားလည်သဘောပေါက်ခဲ့တယ်... ဒီတော့ ကျွန်တော့် အတွေးလေးတစ်ချို့နဲ့ အယူအဆတစ်ချို့ကို ဒီနေရာမှာ စာလုံးတွေအနေနဲ့ဘဲ ချရေးတော့မယ်ဗျာ..

လူတစ်ယောက်ဖြစ်လာပီဆိုရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရှိရမှာ သဘာဝပဲ မဟုတ်လား? ကျွန်တော်က အတ္တကြီးတဲ့ လူတစ်ယောက်ပါ။ ကျွန်တော့်မိသားစုနဲ့ ကျွန်တော်ချစ်ရတဲ့သူ ကျွန်တော့်အနားမှာ ရှိရင် ကျွန်တော့်ဘ၀တချို့ တစိတ်အပိုင်း ပြည့်စုံတယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော့်ဘ၀မှာ သူတို့ကလွဲလို့ ကျန်တာ ဘယ်သူမှ မရှိဘူး။ အဲ့ဒီ သူတို့ ဆိုတဲ့ လူနည်းစုလေးက တစ်ချိန်ချိန်မှာ ကွယ်ပျောက်သွားရင် ကျွန်တော် ဘယ်လိုများ ခံစားရမလဲ။ ခုထက်ထိ အဖြေမရဘူး။ ကြေကွဲနေမလား? ဒီလိုဘဲ အေးစက်စက်နဲ့ပဲ ဖြတ်သန်းမလား? ဆိုတာ ကျွန်တော် ကိုယ်တိုင်တောင် ကိုယ့်ဘာသာကိုယ် မသိဘူး ဖြစ်နေတယ်။ သေခြင်းတရားဆိုတာ ဘယ်သတ္တ၀ါမှ ရှောင်လွှဲလို့မရဘူးမို့လား။ မိတ်ဆွေရော ကျွန်တော်ရောပဲ။ 

အဲ့ဒီသေခြင်းတရားနဲ့ ပတ်သက်လို့ ကျွန်တော် မိတ်ဆွေကို နည်းနည်းလောက် ရင်ဖွင့်ချင်တယ်။ ကျွန်တော် သေရမှာကို ကြောက်တယ်။ နာရမှာကိုလည်း ကြောက်တယ်။ ဒီအသက်ဒီအရွယ်ထိ ဆေးထိုးမယ်ဆိုရင် ရင်ထဲမှာ ငိုနေတုန်းပဲဗျာ။ ငယ်ငယ်ကတည်းက အရိုးစွဲလာတဲ့ ကြောက်စိတ်လို့ ပြောရင်ရမလား? ဆေးထိုးအပ်သေးသေးလေးနဲ့ ထိုးတာ မနာဘူးသိလည်း ခုထက်ထိ နာတတ်နေတုန်းဘဲ။ အစွဲဆိုတာကို ချွတ်ဖို့မလွယ်ဘူး အကြောင်းအရာ တိုက်ဆိုင်ရင် ပေါ်ပေါ်လာတတ်တယ်ဆိုတာ ကျွန်တော် သတိပြုမိခဲ့ပြီ မိတ်ဆွေ။။

ကျွန်တော်ငယ်ငယ်က သူများထက် အသာရမှ ကျေနပ်တယ်၊ စကားလေးတစ်ခွန်းနဲ့ပဲ ဖြစ်ဖြစ်၊ လက်လေးနဲ့ပဲ ဖြစ်ဖြစ် အသာရလိုက်ရမှာပေါ့ဗျာ။ ဘယ်လောက်ထိလဲဆို နောက်ဆုံး ဘာမှ မလုပ်ရရင်တောင် သူများလက်ကို လက်ညှိုးလေးနဲ့ တို့လိုက်ရတာကိုပဲ ငါလုပ်တာ သူမသိလိုက်ဘူးဆိုပီး ကိုယ့်ဟာကိုယ် အသာစီးယူ အနိုင်ယူလိုက်တာမျိုးလေ။ ပစ္စည်းတစ်ခုကို လိုချင်ပီဆိုရင် မရရအောင် ပြဿနာရှာတော့တာဘဲ။ ကျွန်တော့်ဘ၀မှာ လိုချင်တာကို မရခဲ့ဖူးတာ မရှိခဲ့ဖူးဘူး။ မရခင်မှာ လိုချင်သလောက်၊ တန်ဖိုးထားသလောက် ရပီးသွားတော့ ဘာမှ မဟုတ်တော့ဘူး။ မလိုချင်တော့ဘူး။ ဒါ့ထက် ဟိုဟာက ပိုကောင်းသလိုလိုနဲ့လေ။ ခုချိန်မှာတော့ ငယ်ငယ်တုန်းကလို ဟိုဟာလိုချင် ဒီဟာလိုချင်တော့ သိပ်မရှိပေမယ့်။ လိုချင်တာအနည်းငယ်တော့ ရှိနေတုန်းပဲ ဒါပေမယ့် ငယ်ငယ်တုန်းကလိုပဲ လက်ထဲရောက်လာရင် သိပ်ပီး မဆန်းပြားတော့ပါဘူး။ ဒါပေမယ့် တစ်ခုတော့ ထူးခြားလာတာက အသိတရားလေး ရလာတယ် မိတ်ဆွေ။ လူတွေက အပေါ်ယံတွေကို မက်မောနေကြတာ တန်ဖိုးထားနေကြတာ။ ဒါပေမယ့်လည်း မြည်းစမ်းကြည့်ဖူးပီးရင် ရိုးသွားတတ်ကြတာကို မေ့နေကြတာကိုး။

လူတွေ လူတွေနဲ့ ပြောနေရင်းက လူတွေအကြောင်းကို နည်းနည်းပြောရဦးမယ် ဒီခေတ်ဒီကာလမှာလဲ ဘာသာရေးတိုက်ပွဲတွေက များမှ များပဲကိုး။။ ဟိုကောင်တွေ ဘယ်လောက်ယုတ်မာတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဟိုဘာသာက ဒီဟာ၊ ဒီဘာသာက ဒီဟာဆိုပီးတော့လေ၊ မိတ်ဆွေလည်း သိမှာပါ။ လူတွေက အစွဲနဲ့ လိုက်ပီး အချင်းချင်း စွပ်စွဲနေကြတာ။ ခုနက ကျွန်တော်ပြောခဲ့သလို ဆေးထိုးအပ် သေးသေးလေးကို ကြောက်သလိုမျိုးအစွဲနဲ့ပေါ့။
လူတွေဆိုတာကလည်း ကိုယ့်ယုံကြည်ချက်မှ ကောင်းတယ် ထင်တာကို။ ကိုယ်မှန်တယ်ထင်တာကို မှားတယ်လို့ လက်ညှိုးထောက်ပြရင် ဘယ်လူကမှ သိပ်မကြိုက်ချင်ကြဘူး။ လူပီသတဲ့ လူစစ်စစ်ကသာ ဘာကြောင့်လဲ အဖြေလေးပေးနိုင်မလားစသဖြင့် ကျေကျေလည်လည် ဆက်ဆံကြတာကိုး။

အဲ... တချို့ကိစ္စတွေကလည်း မှန်သလိုလိုနဲ့ မှားသလိုလိုတွေလည်း ရှိရဲ့။ ဘက်စုံထောင့်စုံက ကြည့်ရင် မှန်တယ့်အဖြေက ရှားမှ ရှားပဲကိုး။ စကားတစ်ခွန်းလိုပေါ့ ကျွန်တော့်ဘက်ကတော့ ဒီလိုပဲ၊ ခင်ဗျားဘက်ကတော့ ခင်ဗျားနေရာ ၀င်ကြည့်မှ သိမယ်ဆိုသလိုပေါ့။ 

ခု ဘာသာရေး တိုက်ပွဲမှာ မိတ်ဆွေ ဘယ်သူတွေဘက်က မှန်မယ်ထင်လဲ? ရလာမယ့် အဖြေက မိတ်ဆွေရဲ့ အစွဲနဲ့ အတ္တက ကင်းရင် ၇၀ ရာခိုင်းနှုန်းလောက်က မှန်ကန်မှာပါ။

လူ့အခွင့်အရေးအနေနဲ့ ကြည့်မယ်ဆိုရင် လူမှာ မျိုးရိုးဇာတ်ခွဲမှု မရှိဘူး။ လူသားတွေ အားလုံးဟာ တူတူချည်းပဲ ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ အားလုံးလဲ တူတူဘဲ၊ အားလုံးဟာ နာတတ်တယ် ကျင်တတ်တယ်
ခံစားတတ်တယ်။

အဲ ဘာသာရေးဘက်က ကြည့်ရင်တော့ အဲ့လို စဉ်းစားလို့ မရတော့ဘူး။ ကိုယ့်ရဲ့ ဘာသာတရားကို မတ်နေအောင် လုပ်ရမှာ မဟုတ်လား။ ဒီလိုမျိုး လူ့အခွင့်အရေးအယူအဆနဲ့ ရောချလို့ကတော့ ဘာသာပျောက်ဖြစ်သွားမှာဘဲ။ 

လူ့ဘ၀ကလည်း ရယ်စရာကြီး မိတ်ဆွေရာ ဆိတ်ဆိတ်ငြိမ်ရင် အကောင်းဆုံးလို့ ဆိုသလို၊ ဒီလိုလုပ်လို့ ဘယ်ရမလဲ လုပ်စရာရှိ လုပ် ဆော်စရာရှိ အပြတ်ဆော် ဆိုတဲ့ လူတွေကလည်း ရှိသေးရဲ့။ အဆိုးအကောင်းဆိုတာ ဒွန်တွဲနေတာမဟုတ်လား။ အပြတ်ဆော်တဲ့ သူတွေရှိလို့ တချို့ကိစ္စတွေမှာ ခံသာနေသလို၊ စိတ်ငြိမ်တဲ့ သူတွေရှိလို့လဲ တချို့ကိစ္စတွေက ခံသာနေတာကလား။ မိတ်ဆွေရော ဘယ်လို အမြင်ရှိလဲ? အဆိုးအကောင်းဆိုတာ ဒွန်တွဲနေတဲ့ ပြယုဂ်တစ်ခုအဖြစ်လို့ပဲ ကျွန်တော်ကတော့ မြင်တယ်။

ကျွန်တော်ကတော့ သားကောင်ကို လိုက်နေတဲ့ မုဆိုးတစ်ယောက်လိုဘဲ။ အနှစ်သာရတစ်ခုကို လိုက်လံရှာဖွေနေမိတယ်။ ကျွန်တော်တို့ လူတွေက လူတွေအကြောင်း မသိရင် ရာဇ၀င်ရိုင်းတော့မှာပေါ့။ အနုမြူတွေ၊ အာကာသတွေ အကြောင်း ခဏနားထားလိုက်ဦး အခြေခံအကျဆုံး လူတစ်ယောက်ရဲ့ အနှစ်သာရကိုရော မိတ်ဆွေ သိပြီးပီလား။ ကျွန်တော်တို့ ခုလက်ရှိလောကထဲမှာ ကျင်လည်နေတဲ့ ၀န်းကျင်က လူ့ဘ၀အနှစ်သာရအစစ်လား? နိုး .... ကျွန်တော်ကတော့ အနှစ်သာရမဲ့နေတယ်လို့ ယူဆတယ်။ ကျွန်တော့်ဘ၀ကို ပြောပြမယ်ဗျာ မနက်အိပ်ယာက ထတယ်၊ အလုပ်သွားတယ်၊ ထမင်းစားတယ်၊ အလုပ်ပြန်တယ်၊ အိပ်တယ်၊ ကျောင်းတက်စရာရှိရင် တက်တယ်။ 

ပီးတော့ အိမ်ပြန်တယ်။ ဒီလိုနဲ့ဘဲ အချိန်နာရီပေါင်းများစွာကို စားသောက်ပစ်လိုက်ပီးပီ၊ ရည်ရွယ်ချက်တွေကတော့ ရှိတာပေါ့ဗျာ။ အဲ့ဒီရည်ရွယ်ချက်တွေ ပြည့်လာရင် အနှစ်သာရ ရှိသွားပီလို့ မိတ်ဆွေက ပြောနိုင်မလား? ပစ္စည်းတစ်ခုကို လိုချင်တဲ့ ကလေးတစ်ယောက်ရဲ့ အားထုတ်မှုလိုမျိုးကို လူကြီးအနေနဲ့ အားထုတ်နေတာပဲရှိတာ။ ကျွန်တော်က ဒါကို အနှစ်သာရတစ်ခုအဖြစ် မသုံးသပ်ဘူးဗျ။ တကယ့်ဘ၀တစ်ခုရဲ့ အနှစ်သာရဆိုတာ ဘယ်လိုမျိုးလဲ? အဲ့ဒါကမှ အရေးကြီးတာ ဥပမာဗျာ။ သိန်းတစ်ရာလောက်ပေးရတဲ့  ပစ္စည်းတစ်ခုကို ထပ်ခါထပ်ခါ စစ်ပီး စမ်းနေတဲ့ လူတွေဟာ... တစ်သက်လုံး ဦးထိပ်ပန်ဆင်ပီး မွေးကတည်းက သေတဲ့အထိ ဖက်တွယ်ထားရမယ့် ဘာသာတရားကို တစ်ခါမှ မစစ်ဆေးဖူးဘူး။ အစွဲတစ်ခု ဒါမှမဟုတ် သူများတွန်းတင်ပေးတဲ့ လမ်းပေါ်မှာဘဲ ယောင်လည်လည်နဲ့ပဲ လုံးလည် လိုက်နေကြတယ်။ တကယ့်ကို ဆန်းစစ်ပြီး သုံးသပ်ရမယ့် အရာဗျာ တကယ်တမြောဖို့ကောင်းတယ်။ ဘာနဲ့ တူသလိုဆို ငယ်ငယ်က ဆရာမစာသင်တာကို လိုက်ပီး စာအံတဲ့ ကလေးတွေနဲ့ တူတယ်ဗျ။ ဆရာမက ကမ္ဘာကပြားတယ်လို့ အသေရိုက်သင်ပေးလိုက်ရင်တောင် လုံးတဲ့ဆိုတဲ့အကြောင်းကို ရှင်းပြဖို့က အခက်သားကလား၊ နောက်ဆုံး ရှင်းပြနိုင်ရင်တောင်မှ အရင်ကတော့ ခပ်ပြားပြားပဲ ခုမှ လုံးသွားတာလို ဖြစ်နေဦးမှာ.... 

ဒီလိုပါဘဲ မိတ်ဆွေရာ ငါတို့က ဘာဆိုပီး လူတော်တော်များများက မျက်စိမှိတ် ဖင်ကုန်း အော်နေကြတာ။ တကယ်တမ်းတော့ သူတို့ ဘာမှ မသိကြဘူး။ လူတစ်ယောက်ကို မကောင်းဘူး မကောင်းဘူးလို့ လက်ညှိုးထိုး အော်နိုင်ဖို့ရာ အဲ့လူ ဘာကြောင့် မကောင်းတယ်ဆိုတာ ခံလိုက်ရလို့ သိတာကလား။ သူ့အကြောင်းမသိပဲ ငါက ကောင်းတယ် အဲ့လူက မကောင်းဘူး မကောင်းဘူးဆိုပီး လက်ညှိုးထိုး စွပ်စွဲတတ်တဲ့အဆင့်ဟာ ကလေးသာသာ အဆင့်မှာပဲ ရှိတယ်ဆိုတာ မိတ်ဆွေ သိမယ်ထင်တယ်။

ဒီလိုပဲဗျ လူတွေကလည်း တစ်ခါတစ်ခါ အရမ်းရယ်ဖို့ ကောင်းတယ်။ အကြောင်းအရာတစ်ခုကို အခြေခံလေးတောင် မသိပဲ လွယ်လွယ်လေး လက်ညှိုးထိုး စွပ်စွဲတတ်သလို၊ ဘာမှန်း မသိပဲ လွယ်လွယ်လေး ဖင်ကုန်းကန်တော့တတ်တာလဲ အဲ့လူတွေပါဘဲ။

ကျွန်တော်ကလား တော်တော်လေးကို အငြိမ်မနေတတ်တဲ့ သတ္တ၀ါထဲမှာ ထိပ်ဆုံးက ပါမယ်ထင်တယ်။ နည်းနည်းလေး သိရင် များများကြီး ပြန်ပြောတတ်တယ်။ ဒါပေမယ့်ဗျာ တစ်ခြားအကြောင်းအရာတွေမှာ အညွှန့်အကွန့်တွေ ထည့်ပီး ပြောတတ်ပေမယ့်။ တကယ့်လေးနက်ရမယ့် အရာတွေကြတော့ အပိုစာသားတွေ မပါလေ ကောင်းလေ မဟုတ်လားဗျာ။

မိတ်ဆွေက ဘယ်ဘာသာကို ကိုးကွယ်သလဲတော့ ကျွန်တော်မသိပေမယ့် ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုလို့ မိရိုးဖာလာ ဗုဒ္ဓဘာသာဝင်လို အပေါ်ယံလေးတော့ မဟုတ်ဘူး မိတ်ဆွေရ။ သေသေချာချာ ဘာသာပေါင်းစုံကို လေ့လာပြီးမှ သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအစစ်ပါ။ ခု ကျွန်တော့်ရဲ့ စာကို စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့ မိတ်ဆွေကို ကျွန်တော်သိတာလေး ဗဟုသုတအဖြစ် ရှယ်ပေးချင်တယ်ဗျာ။

မိတ်ဆွေက သိပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်၊ မသိသေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် လူတစ်ယောက်အနေနဲ့တော့ သိထားသင့်တယ် ထင်တာပဲလေ။ အဲ.. သိချင်တဲ့သူတစ်ယောက်အတွက်ဆိုရင်တော့ တန်ဖိုးရှိတာပေါ့။ သိပ်တော့ ထူးထူးခြားခြား မဟုတ်ပါဘူး။ ဘုရားတွေရဲ့ သမိုင်း၊ ရာဇ၀င်လို့ ပြောရင် ရမယ်။



ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာအကြောင်း စပြောချင်တယ်။ ဇာတ်လမ်းဇာတ်ကြောင်းကတော့ နဂိုကတည်းက ထင်ထင်ရှားရှား ရှိပီးသားမို့  ဇာတ်လမ်းဇာတ်ကြောင်းကို မပြောတော့ဘူးဗျာ။ ဗုဒ္ဓဟာ ရိုးရှင်းတယ် လူတွေထဲက လူတစ်ယောက်ပဲ၊ လောကကြီးမှာ တစ်ခုပေးမှ တစ်ခုရတယ်ဆိုတာ မိတ်ဆွေ ယုံကြည်တယ်မို့လား။ ကိုယ်က မကောင်းဘဲ ကိုယ့်အပေါ်မှာ ဘယ်သူမှမကောင်းပါဘူး၊ ကိုယ့်မိဘက လွဲရင်ပေါ့လေ။ ဒီလိုသဘောပါဘဲ ဘုရားအဖြစ်ရလာဖို့အတွက် ပေးဆပ်ခဲ့ရတာတွေ မနည်းပါဘူး။ အပေါ်ဘက်မှာ ပြောခဲ့သလို အကျိုးကြောင့် အကြောင်းဖြစ်လာတဲ့ သဘောဘဲ။
ဒါပေမယ့်ဗျာ မိတ်ဆွေသိတဲ့အတိုင်း ဒီလောကကြီးကလည်း ရယ်စရာကြီးပဲ ဘယ်အရာမဆို ရှေ့က လူတစ်ယောက်က နည်းနည်းလောက်ပြလိုက်ရင် အဲ့နည်းနည်းလေးကို နင်းပီး များများကြီး ချဲ့ကားတတ်ကြတာ လူ့သဘာဝပဲ မို့လား။ တစ်ခါတစ်လေ သင်ပေးတဲ့ ဆရာထက်တောင် လက်စောင်းက ထက်ပြချင်သေးတာ။ ဒီသဘောတရားပါဘဲ အကျဉ်းချုပ်ပြောရရင်တော့ မြတ်စွာဘုရား တရားတွေကိုရောစပ် တီထွင်ပြီး ဂိုဏ်းကွဲတွေ ပေါ်လာတယ်ပေါ့။ အဲ့လို ဂိုဏ်းတွေထဲမှ အထင်ရှားဆုံး အင်အားအတောင့်ဆုံးကို မဟာယာနဂိုဏ်းလို့ ခေါ်တယ်။ ဒါကြောင့် မိတ်ဆွေ ခုမြင်နေရတဲ့ ဗုဒ္ဓဘာသာနိုင်ငံတော်တော်များများဟာ မဟာယာနဂိုဏ်း ကိုးကွယ်မှုတွေ များတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတောင် တော်တော်လေးကို ပြန့်နှံ့နေတာပဲ။   ခု မိတ်ဆွေ မြင်နေရတဲ့ ဗေဒင်တွေ၊ နက္ခတ်တွေ၊ ချဲတွေ ထီတွေလုပ်နေတဲ့ ဘုန်းကြီးတွေကို မဟာယာနဂိုဏ်းက ဘုန်းကြီးတွေလို့ ပြောရင်ရမယ်။ ဗုဒ္ဓတရားတော်တွေကို မိတ်ဆွေ သေသေချာချာ လေ့လာကြည့်ရင်တော့ အယူအဆတွေ ကွဲပြားနေတာကို တွေ့ရမှာပါလေ။ တစ်ခုတော့ ရှိတယ်ဗျ မိတ်ဆွေ လေ့လာရင်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာအစစ်ကို လေ့လာဖြစ်ဖို့ လိုတယ်နော်။ ကျွန်တော်ကတော့ အကြွင်းမဲ့ ယုံကြည်တယ် ဘုရား၊ တရား၊ သံဃာကို။
ကျွန်တော်တို့ ကိုးကွယ်ရာ မြတ်စွာဘုရားက ပြောထားတယ် မိမိကိုသာ ကိုးကွယ်ရာတဲ့။
မြတ်စွာဘုရားက ငါ့ဘုရားကို ရုပ်ထုလုပ်ကိုးကွယ်ပါလို့  မဟောပြောခဲ့ပါဘူး။ ဒါတွေဟာ မဟာယာန ဂိုဏ်းက တီထွင်ပီး ရုပ်ထုတွေ ထုလုပ်ခဲ့ကြတာပဲဗျ။

အရေးအကြီးဆုံးက ဘယ်ဘာသာမဆို ရုပ်ထုပေါ်မှီတည်နေတာမှမဟုတ်တာ ရင်ထဲကနေ တကယ် သက်ဝင်ယုံကြည်နေမှ မြဲမြံနေတတ်တာ မဟုတ်လားဗျာ။ ဒီလို မြဲမြံတာကမှ တကယ့် အနှစ်သာရ အစစ်ပါဘဲ။ ဒါပေမယ့် လက်ညှိုးထိုး အပြစ်ရှာတတ်တဲ့ လူတွေအတွက် ရုပ်ထုကိုးကွယ်မှုကို ပုံကြီးချဲ့ ပြတတ်ကြတယ်။ ဒီလို အပြစ်ရှာတတ်တဲ့ သူတွေဟာ မပြည့်ဝတဲ့သူတွေလို့  ကျွန်တော်က ပြောရင် မိတ်ဆွေ ဘယ်လို ပြောမလဲ၊  အကျိုးအကြောင်းကို ဆင်ခြင်နိုင်တဲ့သူတွေကတော့ သူများကို လွယ်လွယ် လက်ညှိုး မထိုးတတ်ကြဘူးလို့ ကျွန်တော်ယူဆတယ်။ ထားပါတော့ဗျာ။ အပြစ်ရှာတဲ့ သူတစ်ယောက်ရှေ့မှာ ဘာတွေပဲ လုပ်လုပ် အပြစ်တွေချည်းပဲ မြင်နေတတ်တာ မဆန်းပါဘူးလေ။ ဒါပေမယ့် ကိုယ့်ဟာကိုယ် အမှန်တရားကို ရှာပြီး အပြစ်တင်တာ ပိုတန်ဖိုးရှိပါတယ်။ သူများ ခိုင်းစေချက်ကြောင့် ဒါမှမဟုတ် လောင်းရိပ်တစ်ခုကြောင့် လက်ညှိုးထိုး စွပ်စွဲနေတာ မျက်ကန်းက ဆင်ကို ကြွက်ဖြစ်ကြောင်း စွပ်စွဲနေတာတူတူဘဲဗျ။ ရယ်စရာကြီး မိတ်ဆွေရာ။ ဒီလောက် အကျဉ်းနဲ့ မိတ်ဆွေ သိထားသလောက်နဲ့ဆို ဗုဒ္ဓဘာသာအကြောင်း အခြေခံသဘောတရားလောက် နားလည်မယ် ထင်တယ်။ မိတ်ဆွေမှာ ထက်သန်ပြီး စိတ်ဝင်စားစိတ် ရှိရင်တော့ မိတ်ဆွေ ကိုယ့်ဟာကိုယ် ဆက်ပီး လေ့လာပေါ့ဗျာ။ လူဆိုတာမျိုးကလည်း စိတ်မ၀င်စားဘူးဆို ဘယ်လိုမှကို လုပ်ယူလို့ ရတာမဟုတ်ဘူး ဒါကလည်း လူ့သဘောတရားပေါ့လေ။ ကဲဗျာ လေရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး။ ဗုဒ္ဓဘာသာကို ဒီနေရာမှာလဲ လက်စသတ်တာပေါ့။ စိတ်ဝင်စားလို့ လေ့လာချင်ရင်တော့ ကျွန်တော့်ကို ဆက်သွယ်လိုက် မိတ်ဆွေအတွက် စာအုပ်ကောင်းတွေ ပေးနိုင်ပါတယ်။ အထောက်အထား အခိုင်အလုံနဲ့ပေါ့။

---------

ခရစ်ယာန်ဘာသာ

ဒါကတော့ ကိုယ့်ဘာသာမဟုတ်တော့။ သေသေချာချာ တိတိကျကျ ရေးပေးမှ အဆင်ပြေမယ်။
ခရစ်တော် မွေးဖွားခြင်း
ရောမအင်ပါယာ နှစ် (၂၀၀)အတွင်း သြဂုစတု(စ်) မင်းလက်ထက် ဘီစီ (၄)ခုနှစ်မှာ လက်သမား ဆရာ ဂျိုးဇက်နဲ့ မာရီတို့ကနေ ခရစ်တော်ကို မွေးဖွားတယ်။ ခရစ်တော် မွေးဖွားတဲ့ နေရာက ဂျေရုစလင်မြို့ မှ ငါးမိုင်ခန့်ဝေးတဲ့ ဗက်သလင်အရပ်မှာ မွေးဖွားခဲ့တယ်လို့ တမန်တော် ရှင်မဿဲနဲ့ တမန်တော် ရှင်လုကာတို့က ဆိုသည်။ မာရီက ယေရှုကို ဂျိုးဇက်နဲ့ မပေါင်းသင်းမီကတည်းက သန့်ရှင်းသော ၀ိဥာဏ်တော် တန်ခိုးကြောင့် ပဋိသန္ဓေရတယ်လို့ ဆိုတယ်။  ယေရှုငယ်နာမည်က ယောရှုဖြစ်သည်။ ဟဲရဒ်ဘုရင်က တိုင်းပြည်မှာ မင်းလောင်းပေါ်တယ်ကြားလို့ တိုင်းပြည်မှာရှိတဲ့ (၂)နှစ်အရွယ် ကလေးတွေကို သတ်စေခဲ့တယ်။ ဂျိုးဇက်နဲ့ မာရီက အိပ်မက်အရ ကြိုတင်သိလို့ သားကို ချီပြီး အီဂျစ်ကို ထွက်ပြေးခဲ့တယ်။  ဟဲရဒ် နတ်ရွာစံသောအခါ ပြန်လာပြီး ဂေလီလီနယ်ရှိ နာဇရက်မြို့မှာ နေထိုင်ကြတယ်။

ဟေဗြဲပရောဖက်တို့က ဘုရားတစ်ဆူပွင့်မယ်ဟု နိမိတ်ဖတ်ခဲ့ခြင်းကို အကြောင်းပြုလို့ ယေရှုက မေဆိုင်းယား ဘုရားဖြစ်သည်ဟု ဆိုတယ်။  မေဆိုင်းယားမှာ ဂရိဘာသာဖြင့် ခရစ်တော် (ဘိသိတ်ခံ ယူပြီးသူ)ဟု အဓိပါယ်ရတယ်။ သို့သော် ဂျူးတို့က ယေရှုကိုဘုရားဟု အသိအမှတ် မပြုခဲ့ကြဘူး။ ခရစ်ယာန်ဘာသာဝင်အဆိုအရ ယေရှုဟာ သူ့ဖခင်ကဲ့သို့ပဲ လက်သမားအလုပ်ကို လုပ်ကိုင်ခဲ့တယ်လို့ဆိုတယ်။
ယေရှုက အသက် (၁၂)နှစ်အရွယ်မှာ ပညာရှိ ပုဂ္ဂိုလ်များနှင့် ဘုရားကျောင်းအတွင်းမှာ တရားဆွေးနွေးကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ထို့နောက် အသက်(၃၀)မှပြန်ပေါ်လာပြီး တရားစတင်ဟောကြောင်း ဆိုသည်။ အသက် (၁၂)နှစ် နဲ့ အသက် (၃၀)ကြား ယေရှုဘ၀ကို သမ္မာကျမ်းစာတွင် မတွေ့ရပေမယ့်  ခရစ်ယာန် စာရေးဆရာများက ထိုကာလအတွင်းတွင် ယေရှုဟာ ဖခင်နှင့်အတူ လက်သမားဘ၀ဖြင့် အသက်မွေးနေလျက်ရှိမည်ဖြစ်ကြောင်း ရေးသားဖော်ပြကြတယ်။ ခရစ်ယာန် မဟုတ်တဲ့ ပညာရှင်အချို့ကတော့ ထိုကာလအတွင်းမှာ ယေရှုက အိန္ဒိယပြည်သို့ လာရောက် နေထိုင်ပြီး အိန္ဒိယအတွေးအခေါ်များကို လေ့လာကြောင်း သုတေသနပြု ရေးသာထားတယ်။ ရှင်အရိယဓမ္မမူ ယေရှုသည် တိဗက်သို့ ရောက်ခဲ့တယ်လို့ ဗုဒ္ဓ၀ါဒနပြဿနာများ စာအုပ်မှာ ရေးသားဖော်ပြထားတယ်။

ယေရှုဟာ တီဂေးရီးယု(စ်)မင်း လက်ထက် အေဒီ ၁၄-၃၇မှာ မကျန်းမာတဲ့ ဒုက္ခသည်များကို ရှာဖွေပြုစုရင်း နဲ့ သူ့ရဲ့ ဘာသာကို ဖြန့်ချိခဲ့တယ်။ တီဂေးရီးယု(စ်)မင်းဟာ သြဂုစတု(စ်)နောက်တက် သြဂုစတု(စ်)ရဲ့ မယားပါသား ဖြစ်တယ်။

ခရစ်ယာန်ဘာသာဟာ ဗြာဟ္မဏ(ဟိန္ဒူ)ဘာသာကဲ့သို့ သုံးပါး တစ်ဆူဝါဒ အယူရှိခဲ့တယ်။ ဗြာဟ္မာဏ (၃)ပါး တစ်ဆူဆိုတာ ဗြဟ္မာ၊ ဗိဿနိုး၊ သီဝဘုရားများဖြစ်လို့ ခရစ်ယာန်ဘာသာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိဥာဏ်တော်တို့ ဖြစ်တယ်။ ယင်းသုံးပါးစလုံးဟာ ထာဝရဘုရားသခင်တစ်ဆူတည်းသာ ဖြစ်တယ်လို့ ဆိုတယ်။

လူများသေလွန်ပြီးသောအခါ ရှင်သန်ထမြောက်သော ကာလအထိ မရဏနိုင်ငံသို့ ရောက်ရှိကြရတယ်။ ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ အသတ်ခံရပြီးနောက် ရှင်သန်ထမြောက်သည့် အချိန်အထိ (၃)ရက် လုံးလုံး မရဏဘုံသို့ ရောက်ရှိခဲ့တယ်လို့ ထာဝရဘုရားသခင်၏ သက်သေများ (ပရိုတက်စတင့်)များကဆိုတယ်။ လူသားများအနေနဲ့လည်း ထာဝရဘုရားသခင် တရားဆုံးဖြတ်မယ့် အချိန်မှာ ရှင်သန်ထမြောက်ပြီး  တရားဆုံးဖြတ်ရာကို ခံယူကြရတယ်။ မိမိတို့ လုပ်ခဲ့တဲ့ အပြစ်ရှိ မရှိ အားလျော်စွာ ကောင်းကင်ဘုံသို့ လည်းကောင်း၊ ငရဲဖြစ်သော မီးကန်သို့ လည်းကောင်း ပစ်ချခြင်း ခံကြရပီး ဒုတိယအကြိမ် ပြန်လည်သေဆုံး ကြရတယ်။

ယေရှုက (၃)နှစ်လောက် တရားဟောပြီးနောက် အေဒီ (၃၉ )တွင် ရေ၀တီ (ဂျူး)ဘုန်းကြီးများရဲ့ ဖမ်းဆီးမှုကို ခံရပီး ရောမဘုရင်က လက်ဝါးကပ်တိုင်ကပ်ပြီး သေဒဏ်ပေးခံခဲ့ရတယ်။

ခရစ်တော် အသတ်ခံရပြီးနောက် ရှင်ပေါလုခေါ် ရေ၀တီတစ်ယောက်က ဟေဗြဲ (ဂျူး) ဘာသာကို စွန့်လို့ ခရစ်ယာန်ဘာသာကို ဖြန့်ဖြူးခဲ့တယ်။ ခရစ်ယာန်ဘာသာက ခရစ်တော်ရဲ့ ဟောပြောချက်များကို ခံယူသည့်ပြင် ဟေဗြဲ(ဂျူး) ဘာသာ၏ ဘိုင်ဘယ်ခေါ် သမ္မာကျမ်းစာဟောင်း အယူအဆများကိုလည်း လက်ခံခဲ့တယ်။ ခရစ်ယာန်ဘာသာမှာ ဖော်ပြထားသော ကျမ်းစာများမှာ သမ္မာကျမ်းစာဟောင်း (၃၉ )ကျမ်း၊ သမ္မာကျမ်းစာသစ် (၂၇)ကျမ်း ဖြစ်တယ်။ အုပ်ရေအားဖြင့် တစ်အုပ်တည်း စုပေါင်းထားခဲ့ကြတယ်။
ကဲ ဒီလောက်ဆို ခရစ်ယာန်ဘာသာ သမိုင်းလေးတော့ အနည်းအကျဉ်းတီးခေါက်မိပြီပေါ့။ ခရစ်ယာန်မှာလဲ ဂိုဏ်းကွဲတွေ အများအပြားထွက်ပေါ်လာခဲ့တယ်။ အသေးစိတ်တော့ ဆက်မရှင်းပြတော့ဘူး။ ဒီ့ထက်မက သိချင်ရင် ဆက်လေ့လာပါ မိတ်ဆွေ။

-------

အစၥလာမ္ဘာသာ


အာရှနဲ့ အာဖရိကတိုက်ကြား အာရေးဗီးယား ကျွန်းဆွယ်ကို အခြေစိုက်နေကြတဲ့ ဆေးမီတအနွယ် ဘေဒိုးအင် လူမျိုးများဟာ ဒေသအလျောက် ထွားကျိုင်းကြတယ်။ ၄င်းတို့နေသော အာရေဗီးယားကို စွဲလို့ ၄င်းတို့ကို အာရပ်လို့ ခေါ်ကြတယ်။ မက္ကာမှာ ကအာဗာအမည်ရှိတဲ့ ဘုရားကျောင်းရှိပြီး အဲ့ကျောင်းမှာ ရုပ်ထုပေါင်း (၃၆၀) ရှိပင်မယ့် အာရပ်တို့က ကျောက်နက်တုံးကို ကိုးကွယ်ကြသူများတယ်။ ကအာဗာဆိုတဲ့ အဓိပ္ဗါယ်က ကျောက်နက်တုံးလို့ ခေါ်ပြီး အဲ့ကျောက်နက်တုံးကို ကမ္ဘ္ဘာဦးလူ အာဒမ်က ကောင်းကင်ဘုံကနေ ယူလာပြီး မက္ကာဖြစ်လာမယ့်နေရာမှာ ကျောင်းဆောက်ပီး ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုတယ်။ မက္ကာကို ကမ္ဘာအနှံ့အပြားက ဘုရားဖူး သွားကြသူများက ကျောက်နက်တုံးကို ဖူးမြော်ဖို့ သွားကြတယ်လို့ ဆိုတယ်။

အာရေဗျနိုင်ငံ၊ မက္ကာက တမန်တော် မိုဟာမက် မပေါ်ခင် အေဒီ(၆)ရာစုအစပိုင်းကတည်းက စည်ကားနေပါပြီ၊ စည်ကားတယ်ဆိုတာကလဲ ဘာသာရေးကြောင့် မဟုတ်ဘဲ တောင်ဘက်၊ အရှေ့ဘက်မှာ အိန္ဒိယနဲ့ ပါရှား၊ မြောက်ဘက်မှာ ဆီးရီးယား၊ အနောက်မြောက်မှာ အီဂျစ်ရှိတာကြောင့် ကုန်သွားရေးလမ်းကြောင်း ဗဟိုဖြစ်လို့ စီးပွားရေး အချက်ချာတာကြောင့် စည်ကားတာဖြစ်ပါတယ်။ လူမျိုးခြား စီးပွားရေးသမားတွေကလည်း ဘာသာရေးသမားတွေ စုဝေးရာဖြစ်တဲ့ (ကအာဗာ) ၀တ်ကျောင်းတော်နဲ့ (အစ္စမေးလ်)ရဲ့ ရေကြည်တော်တွင်းစတဲံ့ နေရာတွေ မှာ လူစည်ကားတာကြောင့် စီးပွားရေး လာဘ်မြင်သူတွေဖြစ်တဲ့အတိုင်း စီးပွားရေး အမြတ်ထုတ်ကြတယ်။ ဒါကြောင့် မက္ကာဟာ ဈေးမြို့ဖြစ်လာရုံမက (ကအာဗာ)၀တ်ကျောင်းတော် တစ်ဝိုက်မှာ ဈေးရပ်ကွက်လို ဖြစ်လာရတယ်။ ဒီလို လူမျိုးစုံ စုရုံးကြတော့ ကိုးကွယ်မှု ရုပ်ထုတွေကလည်း အမျိုးစုံလာတယ်။ ဒီတော့ ကအာဗာကျောင်းမှာ ရုပ်ထုပေါင်း (၃၆၀)ခန့် ရှိလာခဲ့ခြင်းဖြစ်တယ်လို့ဆိုတယ်။

ယင်းမက္ကာမြို့မှာ ကူရာအမည်ရှိ အာရပ်မျိုးနွယ်တစ်ရပ်က ကြီးစိုးတယ်။ ဘုရားဖူးတွေဆီကလည်း အခွန်တွေ စည်းကြပ်ကောက်ခံပီး စည်းပွားရှာနေတဲ့ အုပ်စုပေါ့။ အဲ့မျိုးနွယ်ထဲက ဘုရားဖူးတွေကို ရေရောင်းချပြီး စီးပွားရှာနေတဲ့ အာနုဟတ်အမည်ရှိတဲ့ အိမ်ထောင်စုလည်းပါဝင်တယ်။ အဲ့ အိမ်ထောင်စုမှ အေဒီ (၅၇၀) ဧပြီ (၂၀) တနင်္လာနေ့မှာ မိုဟာမက်ကို မွေးဖွားခဲ့တယ်။ အမည်ရင်းကတော့ ကူတမ်ဖြစ်လို့ နောက်ပိုင်းမှာ မိုဟာမက် (ချီးကျူးခံရသူ) ဟု ခေါ်ဝေါ်ခဲ့တယ်။ သူ့အမေက အာမေနတ်၊ ဖခင်က အဗ္ဗဒူလာဖြစ်တယ်။ အဗ္ဗဒူလာက မိုဟာမက်မမွေးခင် ကွယ်လွန်ပြီး မိခင် အာမေနတ်က မိုဟာမက် ခြောက်နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်။ (၈)နှစ်မှာ ဘိုးတော် ကွယ်လွန်ပြန်တာကြောင့် ဘထွေးတော်တဲ့ အဘူကလစ်က မွေးစားခဲ့ရတယ်။ မိုဟာမက်က ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်တာကြောင့် သိုး၊ ဆိတ်၊ ကုလားအုပ်တွေကို ထိန်းကျောင်းရင်း အသက်ရလာတဲ့အခါ ယီမင်နဲ့ ဆီးရီးယားကို ကုန်ကူးတဲ့ လူတွေကို ကုလားအုပ်နဲ့ လမ်းပြတဲ့သူ (မောင်းသူ)အဖြစ် လိုက်ပါလေ့ရှိခဲ့တယ်။ အချို့က မိုဟာမက်က ဆီးရီးယား၊ အီဂျစ်၊ ပါလက်စတိုင်း စတဲ့ ဒေသတွေကို သွားခဲ့လို့ ဂျူး၊ ခရစ်ယာန်နဲ့ ဇိုရိုအက်စတာ ဘာသာတွေကို သိရှိနားလည်ခဲ့တယ်လို့ ဆိုတယ်။ အရွယ်ရောက်လာတော့ ကလေး (၃)ယောက်မိခင် ကာဒီဂျာမည်သော ချမ်းသာသော မုဆိုးမထံမှာ အခစား လုပ်ကိုင်ရင်း ကာဒီဂျာနဲ့ အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ကျချိန်မှာ ကာဒီဂျာက အသက်(၅၀) ရှိနေပီ၊ မိုဟာမက်ကတော့ အသက် (၂၅)ပဲ ရှိသေးတယ်။

အဲ့ဒီနောက် မိုဟာမက်က စီးပွားရေးလောကထဲ ကျင်လည်ခဲ့တယ်။ အသက်(၄၀)ပြည့်လို့ (၁)ရက်အလွန် ရန်မဇန်လ (၂)ရက် သောကြာနေ့မှာ သူက သူ့ရှေ့မှာ ဘုရားသခင်က ဗျာဒိတ်တော်တွေ ဖတ်ခိုင်းတယ်ဆိုပြီး အိမ်ကို ပြန်လာပြီး သူ့မိန်းမ ကာဒီဂျာကို ပြောရာ ကာဒီဂျာကယုံကြည်ခဲ့တယ်လို့ ဆိုတယ်။ ဒီနောက်မှာ မိုဟာမက်က ကိုယ့်ဟာကိုယ် ဘုရားသခင်လို့ ယုံပြီး အသက်လေးဆယ် အရွယ် အေဒီ (၆၁၀)မှာ သူ့မိသားစုနဲ့ ဆွေမျိုးတွေကို စပြီး တရားဟောတယ်။ ဇနီး ကာဒီဂျာ၊ မွေးစားသား အလီနဲ့ မိတ်ဆွေအဘူဘာကာရ်နဲ့ ဇီးဒ်အမည်ရှိတဲ့ ကျွန်တို့ကတော့ ပထမဆုံး ယုံကြည်သူ ဆိုပါတော့။ နောက်တော့ မိုဟာမက်က ကအာဗာဝတ်ကျောင်းကို သွားလို့ ဘုရားဖူးတွေကို တရားဟောတယ်။ အလ္လာအရှင်မြတ်မှ တစ်ပါး ဘုရားလည်း မရှိ၊ ကိုးကွယ်ရာလည်း မရှိလို့ ဟောတော့ လူတွေက ပြောင်လှောင်ပြက်ရယ်ပြုကြတယ်။ အစပထမမှာ ယုံကြည်သူနည်းပေမယ့် နောက်တော့လည်း ယုံကြည်သူတိုးပွားလာပြီ အုပ်စုတောင့်လာတယ်ဆိုပါတော့။

မိုဟာမက်က ဘုရားဟာ တစ်ဆူတည်းသာ ရှိတယ်လို့ ဆိုတယ်၊ ထိုတစ်ဆူကလည်း အလ္လာဖြစ်လို့ ကောင်းကင်ဘုံမှာ ရှိတယ်လို့ဆိုတယ်။ အဲ့ဘုရားက လူတွေနဲ့ အရာအားလုံးကို ဖန်ဆင်းလို့ သူ့သဘောအတိုင်း လူသားတွေ သေလွန်တဲ့အခါ ပရစ်(စ်)ထားခေါ် ကောင်းကင်ဘုံနဲ့ ငရဲဘုံသို့ ရောက်ရမယ်လို့ ဆိုတယ်။ သူက ရုပ်ထုနဲ့ ရုပ်ဝတ္ထု ကိုးကွယ်မှုကို မှားယွင်းတယ်လို့ ဆိုတယ်။

အီမန်ခေါ် ယုံကြည်ချက် (ငါး)ချက်
၁။ ကမ္ဘာကို ဖန်တီးသူသောသူမှာ အလ္လာလို့ ယုံကြည်ရမည်။

၂။ အလ္လာအမိန့်အတိုင်း ဆောင်ရွက်ရတဲ့ ကောင်းကင်တမန်ကို ယုံကြည်ရမည်

၃။ တမန်တော်ကြီး၊ တမန်တော်လေးများကို ယုံကြည်ရမယ်၊ တမန်တော်ကြီးတွေကတော့ အာဒမ်၊ နောဧ၊ အေဗရာဟင်၊ မိုးဇက်၊ ယေရှုတို့ ဖြစ်ကြတယ်။ မိုဟာမက်ကတော့အကြီးဆုံး တမန်တော်ဖြစ်တယ်။

၎။ တရားဆုံးဖြတ်မှုကို ယုံကြည်ရမယ်၊ လူတွေအားလုံးသေရာမှပြန်ရှင်လာပြီး အလ္လာရှင်မြတ်ထံမှ တရားအဆုံးအဖြတ်ကို ခံရတယ်။

၅။ တလောကလုံး ဖြစ်ပျက်သမျှဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်အတိုင်း ဖြစ်ပျက်နေခြင်းဖြစ်တယ်။

တစ်ချို့ အီမန် ယုံကြည်ချက် (၇) ချက်လို့ ပြတယ်။
အပေါ်မှာ ပါတဲ့အတိုင်း (၁) ကနေ (၄) အထိကတော့ တူတူပါဘဲ
နောက်တိုး (၃)ချက်က
၁။ အလ္လာရဲ့ ကျမ်းစာကို ယုံရမည်။
၂။ တမလွန်ဘ၀ကို ယုံရမယ်။
၃။ ကောင်းမှု၊ မကောင်းမှုတို့က အလ္လာဟ်အရှင်မှ ကျလာသည်ဟု ယုံကြည်ရမည်ဆိုတဲ့ (၇)ချက်ကို ဖော်ပြကြတယ်။
အသေးစိတ် ပြောတော့ဘူးဗျာ ထူးခြားတာက မွတ်ဆလင်ထဲမှာ ခရစ်ယာန် တမန်တော်တွေပါနေတယ်ဆိုတဲ့အချက်ဘဲ၊ ယေရှုကိုတော့ ကုလားလို အီစာလို့ ကင်ပွန်းတပ် ခေါ်ဝေါ်သုံးစွဲတယ်။ ကျန်တာဖယ်ပြီး၊ သိသင့်တာတွေ ဆက်ရေးမယ်ဗျာ။

အစ္စလာမ်က အာရပ်ဝေါဟာရ ဖြစ်လို့ အနက်က ဘုရားသခင်အားခိုလှုံခြင်း၊ ကျိုးနွံခြင်း၊ မာန်လျှော့ခြင်း၊ ခိုလှုံခြင်းလို့ အဓိပ္ဗါယ်ရတယ်။ နောက်တစ်မျိုးက မဟာမေဒင်ဘာသာလို့လည်း ခေါ်ပြီး အဲ့ဘာသာကလည်း မွတ်ဆလင်ပဲ ဖြစ်တယ်လို့ ဆိုကြတယ်။ အမှန်ကတော့ အစ္စလာမ်က ဂျူးနဲ့ ခရစ်ယာန်ဘာသာက ဖြာထွက်လာသော ဘာသာဖြစ်တယ်။ အနောက်နိုင်ငံစာအုပ်တစ်အုပ်မှာတော့ အစ္စလာမ်ဘာသာက ခရစ်ယာန်က ခွဲထွက်လာတဲ့ ဘာသာဖြစ်တယ်လို့ အခိုင်အမာဆိုထားတယ်။

ကိုရမ်ကျမ်းစာအုပ်မှာ မိုဟာမက် မက္ကာမှာနေစဉ်ဟောကြားထားတဲ့ အခန်း(၉ ၂)ခန်းနဲ့ မဒီနာမှာ နေစဉ်ဟောသော အခန်း (၂၂)ခန်း စုစုပေါင်း အခန်း (၁၁၄)ခန်း ခွဲထားပြီး အပိုဒ်ပေါင်း (၆၂၄၀)ရှိတယ်။ ကိုရမ်မှာ မိုဟာမက်ဟောပြောချက်၊ ဘုရားရှိခိုးခန်း၊ စကားပုံများ ပါဝင်တဲ့အပြင် သမ္မာကျမ်းစာဟောင်းပါ ပုဂ္ဂိုလ်များနဲ့ မိုဟာမက်ဘ၀ကြေးမုံလည်း ပါတယ်။ ဘယ်လိုပဲပြောပြော ကိုရမ်ကျမ်းပါ အဓိကအချက်အလက်တွေက ဂျူးနဲ့ ခရစ်ယာန်ဘာသာ ကျမ်းလာ အချက်အလက်တွေပဲဖြစ်တယ်။

အရက်နဲ့ ၀က်သားကို ရှောင်ရမယ်၊ မိဘကို ရိုသေရမယ်၊ ဆင်းရဲသားတွေကို ပေးကမ်းစွန့်ကြဲရမယ်၊ မုဆိုးမများနဲ့ မိဘမဲ့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမည်။ ဘာသာဝင်တစ်ဦးဟာ ဇနီးလေးယောက်အထိ ယူခွင့်ရှိတယ်။

အစ္စလာမ်ဘာသာတစ်ဦးဟာ အောက်ပါ ပညတ်ချက်တွေကို အတိအကျလိုက်နာရမည်။
၁။ အလ္လာဟ်ဟာ တစ်ဆူတည်းသော ဘုရားဖြစ်တယ်၊ တမန်တော်သည် မိုဟာမက်ဖြစ်လို့ နေ့စဉ် ရွတ်ရမယ်

၂။ တနေ့မှာ ငါးကြိမ်ကျ ၀တ်ပြုရမည်။

၃။ ရန်မဇန်ရက်အတွင်း ရန်မဇန်ကျင့်ဝတ် ပြုကျင့်တဲ့အခါ နေထွက်မှ နေ၀င်တဲ့အထိ အစားလုံးဝ အစားရဘူး။ ကုန်ကုန်ပြောရရင် တံတွေးတောင် မျိုမချရဘူး။

၎။ ဆင်းရဲနွမ်းပါးသူကို ပေးကမ်းရမယ်

၅။ အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ မက္ကာကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ဘုရားဖူးသွားရမယ်။


အစ္စလာမ် ဘာသာပြန့်ပွားပုံကတော့ ဘာသာရေး အဓ္ဓမအဖွဲ့တွေဖွဲ့ပြီး တိုင်းပြည်နိုင်ငံငယ်တွေကို ကျူးကျော်တိုက်ခိုက်ခဲ့ကြတယ်။
စစ်ပွဲ အောင်ရင် တောင်းဆိုချက် (၃)ချက်တောင်းဆိုတယ်။
၁။ စစ်ရှုံးနိုင်ငံက အစ္စလာမ်ဘာသာကို ကိုးကွယ်ရမယ်
၂။ လက်ဆောင်ပဏ္ဍာဆက်ရမယ်
၃။ အားလုံးသေရမယ်။
ဒါပေမယ့် စစ်ရှုံးနိုင်ငံတွေဟာ ပထမဆုံး နှစ်ချက်ကိုပဲ အများဆုံး လက်ခံခဲ့ကြတာ များပါတယ်။ ဒီလိုနဲ့ အစ္စလာမ်ဘာသာက အုပ်စုတောင့်လာပြီး သွေးစွန်းတဲ့ စစ်ပွဲတွေရှိခဲ့ပါတယ်။
ဒီလို သွေးစွန်းတဲ့ စစ်ပွဲတွေကို သူတို့ ဘာသာရေး ခေါင်းဆောင်တွေက ကျမ်းစာအုပ်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာခဲ့ကြတယ်။

အသေးစိတ်ကိုတော့ ထပ်ပြောတော့ဘူး။ ခုလောက်ဆို မူဆလင်သမိုင်းနဲ့ သူတို့ရဲ့  ကျမ်းစာအုပ်ထဲကဘာသာအကြောင်း တစေ့တစောင်းသိလောက်ရောပေါ့။


==========

ရာဇ

ဆက်ရန်