Monday 18 July 2011

jailbreaking ipod/iphone/ipad

ဒီ အကြောင်းကို မရေးပဲနေမလို့ပဲ။ ဒါပေမယ့် mobile phone ဆိုင်တွေက iPod, iPhone တွေကို jailbreak လုပ်ရင်ယူတဲ့ နှုန်းထားက မတန်တရာဖြစ်နေလို့ရေးလိုက်တာပါ။ အမှန်တော့ ipod, iphone တွေကို jailbreak
လုပ်တာကလွယ်လွယ်လေးပါ။


ပထမဦးဆုံး လိုအပ်မယ့် အရာတွေက iPod or iPhone or iPad (သူပြောမှလား၊ jailbreaking tool၊ Wi Fi connection (easy way)
စစခြင်း jailbreaking tool တွေထဲကတစ်ခုခုကို download လုပ်ယူပါ။ ဒီမှာတော့ Spirit နဲ့ jailbreak လုပ်ပါတယ်။
Spirit ကို download လုပ်ပြီးရင် ipod သို့ iPhone ကိုတပ်လိုက်ပါ။ Spirit က လက်ခံသိပြီဆိုတာနဲ့ jailbreak ကိုနှိပ်လိုက်ပါ။
jailbreak လုပ်နေစဉ်အတောအတွင်းမှာ ပုံလေးပေါ်လာပါလိမ့်မယ်။ ပုံမှာပါတဲ့ bar တန်းလေး ပြီးအောင်စောင့်လိုက်ပါ။
jailbreak လုပ်ပြီးရင် ကိုယ့်ရဲ့ Device ထဲမှာ Cydia ဆိုတာကိုတွေ့ရပါမယ်။ မပေါ်ရင်နောက်တစ်မျက်နာမှာ ရှိပါမယ်။
ပထမတစ်ပိုင်းတော့ပြီးပါပြီ။ နောက်တစ်ခုကတော့ Wi Fi ရတဲ့ internet ဆိုင်ကိုသွားပါ။ Wi Fi ကို ကိုယ့်ရဲ့ device မှာသုံးလို့ရအောင်လုပ်ပါ။
ပြီးရင် Cydia ထဲကိုဝင်ပါ။ Cydia ထဲကိုဝင်လိုက်ရင် သူက လိုအပ်တာတွေကို download ဆွဲပါမယ်။ တခါတလေမှာ Essential upgrade နဲ့
Complete upgrade ကို ရွေးခိုင်းပါတယ်။ ကိုယ်ကြိုက်တာကိုရွေးလိုက်ပါ။ ဒါဆိုရင်ပြီးသလောက်ရှိနေပါပြီ။ ဒါပေမယ့် source တစ်ခုသွင်းဖို့ကျန်ပါသေးတယ်။ Application သွင်းဖို့အတွက်ပါ။ အထူးသဖြင့်
application သွင်းရင် unknown error 0xE8008001 တက်တဲ့သူတွေအတွက်ပါ။
Cydia>Manage>soruce>edit>add သို့သွားပါ။
Enter Cydia/APT URL နေရာတွင် cydia.hackulo.us ကိုရိုက်ပြီး Add Source ကို နှိပ်ပါ။ ပြီးရင် သူက code တွေသွင်းနေပါလိမ့်မယ်။

ပြီးသွားရင် source ထဲမှာ Hackulo.us ပေါ်လာပါလိမ့်မယ်။ Hackulo.us ကိုနှိပ်လိုက်ရင် AppSync for OS 3.0, AppSync for OS 3.1, AppSync for OS 3.2, AppSync for OS 4.0 စသည်ဖြင့်ပေါ်လာပါလိမ့်မယ်။ ကိုယ်device ရဲ့ OS
version နဲ့ ကိုက်ညီတဲ့ AppSync ကိုရွေးပြီး install လုပ်လိုက်ပါ။


ကဲပြီးသွားရင်တော့ ကိုယ်ကြိုက်တဲ့ game တွေ၊ Application တွေသွင်းပေတော့။ ကိုယ့်မှာ iPod/iPhone မရှိသေးရင်လည်း ရှိတဲ့ သူငယ်ချင်းတွေကိုပြောပြလိုက်ပေါ့။


ဒီလင့်ခ်ထဲက ကူးယူထားတာဗျ..
လိုအပ်ရင် ရှာရတာ မလွယ်ဘူး..

Cmd ကနေ ဆိုဒ်တွေကို Block မယ်

ကျွန်တော်တို့ ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အိမ်တွေမှာပဲဖြစ်ဖြစ် Admin Account ကနေ မိမိမလိုချင်တဲ့၊ ကလေးငယ်တွေပဲဖြစ်ဖြစ် မကြည့်စေချင်တဲ့ Web Site တွေကို Software မသုံးပဲပိတ်ထားလို့ ရပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့အပြင် Site တွေကိုလည်း အကန့်အသတ်မရှိ ပိတ်နိုင်တဲ့အတွက် အားလုံးပဲ လိုအပ်ရင် အသုံးပြူလို့ရအောင် ဝေမျှလိုက်ပါတယ်။ 

လုပ်နည်း

1. Start >> Cmd ကိုဖွင့်လိုက်ပါ။ (Adminstrator ဖြစ်ဖို့တော့လိုပါတယ်။ Window XP မှာဆိုရင်တော့ Start >> Run >> Cmd ကိုဝင်လိုက်ပါ။)
2. notepad C:/Windows/System32/drivers/etc/hosts ကို Cmd (Commmand Prompt ) ထဲမှာ အတိအကျရိုက်ထည့်လိုက်ပါ။


3. ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ 127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျတော်ကတော့ ဥပမာအနေနဲ့ facebook နဲ့ပြထားပါတယ်။

 
4. Save ပြီး ပိတ်လိုက်ပါ။ Cmd ကိုလည်း Exit လုပ်လိုက်ပါ။
5. ဒါဆို Facebook ကိုဝင်လို့မရတော့ပါခင်ဗျာ။

တကယ်လို့ ပြန်ဝင်ချင်တယ်ဆိုရင်တော့ (127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ) လေးကို ပြန်ဖျက်ပေးလိုက်ပါ။ ဒါဆိုပြန်ဝင်လို့ ရပါပြီ။ 
 
 
ပြန်လည်ဝေမျှခြင်းပါ။ ဒီဆိုဒ်လေးထဲကို ၀င်ကြည့်နိုင်ပါတယ်။

Hacker တစ်ယောက် ဖြစ်ချင်ပါသလား??

Hacker လို့ ပြော လိုက် တာနဲ့ ကျွန်တော် တို့စဉ်းစားမိတာက အွန်လိုင်းပေါ်က ဖောက်ထွင်းဝိဇ္ဇာ တွေ ကို ပါ ။ ဒီနေရာ မှာ အယူ အဆ နဲနဲ ပြင်ပေးချင်တာ က မကောင်းတဲ့ ဟက်ကာတွေရှိနေသလို ၊ကောင်းမွန်တဲ့ ဘက် က ရပ်တည် တဲ့ ဟက်ကာတွေလဲ ရှိနေပါတယ် ဆိုတာ ပါ ပဲ။ ဟက်ကာ ကောင်းတို့ရဲ့လုပ်ရပ်တွေကတော့ မိမိတတ်ထားတဲ့ ပညာတွေနဲ့ လုံခြုံရေးတွေစီစဉ်လုပ်ဆောင်မယ်၊ open source ဆော့ဝဲလ်တွေရေးမယ် နောက်မျှဝေမယ်၊ စစ်မှန်တဲ့ အဖြူရောင် ဟက်ကာ တို့ရဲ့ဘဝတွေကို သိက္ခာရှိရှိနဲ့ ထိမ်းသိမ်းသွားမယ် ဆိုတာတွေပါ ။ဒါပေမဲ့ အဆိုးရှိမှ အကောင်းဖြစ်ထွန်းလာမှာ ပါ ။ အပြိုင်ဆိုင်ရှိမှ တိုးတက်လာ မှာ ဖြစ်တဲ့ အတွက် အဖြူရောင် ဟက်ကာ တွေရှိသလို အနက်ရောင် ဟက်ကာ တွေ လဲ ရှိမှ တိုးတက်မှု မြန်ဆန် မှာပါ ၊၊ အဲတော့ ဆိုးတယ် ကောင်းတယ် လို့ ခွဲခြားနေတာ ထက် ဟက်ကာ ဆို တာ အားကျလောက်စရာ ပညာရှင်လို့သတ်မှတ်လိုက်ကြပါစို့။

Hacker ဖြစ်လာနိုင်ဘို့လမ်းကြောင်းများ
(1) Learning ဆိုတဲ့ လေ့လာမှုသာမန်ထက်အားကောင်းရမယ်။
(2) Java လို software တွေနဲ့ program တွေရေးနိုင်ရမယ်။
(3) Html code တွေကို ကောင်းကောင်းဖတ်တတ်နေရမယ်၊ ကိုင်တိုင်ရေးတတ်ရမယ်၊ ပြင်ဆင်နိုင်ရမယ်။
(4) Open Source ဆိုတာကို နားလည်ရမယ် ၊ဝင်ရောက်ရေးသားရမယ်။
(5) Operating System ကို အသင့်တော်ဆုံးရွေးချယ်တတ်ရမယ်။(6)Hacker တစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ထိမ်းသိမ်းနိုင်ရပါမယ်။

ဒီအချက် တွေကတော့ သင့်ကို hacker ကောင်းတစ်ယောက်ဖြစ်စေဘို့ ဆွဲခေါ်သွားပါလိမ့်မယ်။
(1)လေ့လာမှု သာမာန်ထက်အားကောင်းရမယ် ဆိုတဲ့နေရာမှာ ပြောချင်တာက ဇွဲ၊ လုံလတွေမှာ သူမတူအောင်ကောင်းရပါမယ်။ပင်ပန်းခံရပါမယ် ။ဟုတ်တယ်လေ ဒါက ဟက်ကာလမ်း ကြောင်းကိုးဗျ။ သင့်မှာ အင်တာနက်ချိတ်ဆက်ထားတဲ့ ကိုယ်ပိုင် PC တစ်လုံး ရှိနေရပါမယ် ။အွန်လိုင်းဆို တာ လေ့လာ လို့ မကုန်နိုင်တဲ့ နေရာကြီး တစ်ခု ဖြစ်နေတာကိုးးးဗျ။နောက်ပြီး တွေးခေါ် မြော်မြင်တတ်တဲ့ ဥာဏ်အမြော်အမြင် တစ်စုံ ရှိနေဖို့လဲ လိုပါတယ် ။ဒါကတော့လေ့ကျင့်ယူလို့ ရနိုင်ပါတယ် ဘယ်အရာမ ဆို စိတ်ဝင်စား အလေးနက်ထားလိုက်ရင် စဉ်းစားနိုင်လာပါလိမ့်မယ်။

(2) Java လို ဆော့ဝဲလ်မျိုးတွေနဲ့ program တွေရေးတတ်ရမယ် ၊
ဒီအချက် သိပ်ကို အရေးကြီးပါတယ် ပရိုဂရမ်တွေအလုပ်လုပ်ပုံကို လေ့လာရပါမယ်။သင်သိထားတာတွေကိုကိုယ်ပိုင်ရေးနိုင်ရပါမယ် ။စူးရှတဲ့မျက်လုံးတစ်စုံက နေရာတကာ လေ့လာနေရမှာ ဖြစ်သလို ပြန်လည်ရေးဆွဲနိုင်တဲ့ ပရိုဂရမ်မာလဲ ဖြစ်နေသင့်တာပေါ့ ။

(3)HTML code တွေကို ရေးနိုင် ဖတ်နိုင်ရမယ် ။
သင့်မှာ ကိုယ်ပိုင် website တွေရှိနေရပါမယ် ။ ဆိုလိုချင်တာကHtml code တွေ ကို အသုံးချပြီးကိုင်ပိုင် web page၊ blog၊ website တွေ ရှိနေရပါမယ် ။HTML ဆို တာ က တော့ web ဘာသာရပ် တခုလို့ ပြောရမဲ့ အရာ တခုပါ ။ web မှန်ရင် HTML နဲ့ မလွတ်ကင်းတဲ့ အတွက် ဒီပညာကို တတ်ထားမှ web developer ဖြစ်လာနိုင်သလို hacker တယောက်ရဲ့ လမ်းကြောင်းပေါ်ကို လဲ ခြေ ချနိုင်မှာ ဖြစိပါတယ်။

(4)Open Source တွေမှာ ဝင်ရေးရမယ်
Open Source ဆိုတာက တော့ softwareတခု ကို စတင်ရေး သားလိုက်တဲ့ မူလပိုင်ရှင် software developer ဟာ မိမိ software ကို လူပုံ အလယ်မှာ ချပြပြီး ၊ အလကားပေးပါတယ် ကြိုက်ရင် ယူသုံးပါ ကောင်းနိုးရာရာတွေကို လဲ ဖြည့်စွက်ပါ ဆိုတဲ့ သဘောပါပဲ။ ဥပမာ ပြောရရင် သင်လက်ရှိသုံးစွဲနေတဲ့ Firefox browser ဟာလဲ open source တစ်ခုပါပဲ။သူ့ကိုကြည့်မယ် ဆိုရင် မူရင်းပိုင်ရှင် ဟာ open source အဖြစ် ပေးထားတာ ဖြစ်တဲ့ အတွက် web ပေါ်မှာ ရှိတဲ့ ပညာရှင်တွေ က ဝိုင်းဝန်း ပြီး add on လို ဟာမျိုးတွေ ဖြည့်စွက်ကြတဲ့ အတွက် အအောင်မြင်ဆုံး Browser အနေနဲ့ ရပ်တည်နေတာပါ ။သင်ကိုယ်တိုင် Open source တွေကို လေ့လာရမယ် ဝင်ရေးရပါမယ်။

(5)Operating System ကို သင့်တော်အောင်ရွေးချယ် တတ်ရပါမယ်။
Hacker လမ်းကြောင်းပေါ်ကိုရောက်ပြီ ၊ Open Source ကို သင်ရွေးချယ်ပြီ ဆိုတာနဲ့ အသုံးပြုသင်တဲ့ OS ဟာ linux လို့ အကြံပေးချင်ပါတယ် ။ သူဟာလဲ open source OS တခုဖြစ်ပါတယ်။အခြား OS တွေကိုလဲ သုံးလို့ရပါတယ် ဒါမဲ့ သင့်တော်တဲ့ ဟာကိုရွေးပြတဲ့သဘောပါ ။linux ကို www.ubuntu.com မှာ အခမဲ့ ရယူနိုင်သလို သူနဲ့ ပတ်သက်တဲ့ forum တွေကို လဲ ဝင်ရောက်ဆွေးနွေး နိုင်ရပါမယ် ။Linux ကို သင်ကောင်းကောင်းသုံးတတ်သွားပြီ ဆိုရင်တော့ သူက သင့်ကို hacker လမ်းကြောင်းပေါ်ကို ဆွဲခေါ်သွားပါလိမ့်မယ်။

(6)hacker တယောက်ရဲ့ ဂုဏ်သိက္ခာ ကို ထိမ်းသိမ်းသွားမယ်
ဘယ် hacker ကမှ ကိုယ့်ကို ကိုယ် ကျွန်တော် hacker ပါလို့ မိတ်ဆက်မလာပါဘူး။ မကြော်ငြာပါဘူး ပညာရှင်စိတ်ဓာတ် ရှိလာတာနဲ့အမျှ ကိုယ့်ကိုကိုယ်ထိမ်းသိမ်းတတ်ကြပါတယ် ။နေရာ တကာ မှာ အောင်မြင်ကျော်ကြားလိုစိတ်နဲ့ဂုဏ်သိက္ခာကို မထိမ်းသိမ်းဘူး ဆိုရင်တော့ hacker ကောင်းတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး ။
Hacker လမ်းကြောင်းပေါ်ကို လျှောက်မယ် ၊လေ့လာမှုတွေကို လဲ လုပ်မယ် ဆိုရင်တော့မကြာခင်မှာ သင် HACKER တစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။

လေ့လာနိုင်သော အွန်လိုင်းပေါ်မှ HECKING SITE များ နှင့် OPEN SOURCE ဆိုဒ်များ
http://www.hackaday.com
http://www.hacktheday.com
http://www.hackingalert.com
http://www.i-hacked.com
http://www.hackszine.com
http://www.2600.com
http://www.linuxexposed.com 
 
အလွမ်းအိတ်ဆိုဒ်မှ ပြန်လည် မျှဝေတာပါ။ အောက်မှာ သွားရောက် လည်ပတ်နိုင်ပါတယ်။

ခေတ်နဲ့ ပိုက်ဆံ

ပိုက်ဆံ…. ကျွန်တော် ငယ်ငယ်က ပိုက်ဆံအရမ်းမက်တယ် . . မေမေက မုန့်ဖိုးပေးရင်တောင် ကိုယ့်မုန့်ဖိုးတောင် မကြည့်ဘူး မေမေ့ ပိုက်ဆံအိပ်လေး လှမ်းကြည့်ပြီး ထပ်များပေးမလားလို့ မျှော်ရတာ အမော၊ အဖေက မုန့်ဖိုးပေးရင်လည်း မျက်နှာငယ်လေးနဲ့ သနားပြီး ပိုပေးအောင် နေပြတာ အမော . . ဟဲဟဲ ကိုယ့်ဂုဏ်နည်းနည်းဖော်မယ်နော် . .အဲလောက် ပိုက်ဆံမက်တာ ခင်ဗျ…
နောက် (၈)တန်း အရွယ်လောက်မှာ စီးပွားရေးကို စစဉ်းစားလာတယ်။ မေမေ အမွေဘယ်လောက်ပေးမှာလဲပေါ့။ ပေးရင် သားကို ခု နည်းနည်းလေး ချေးထားပါလား နောက်မှ ပြန်ဖြတ်ပေါ့ဗျာဆိုပြီး တောင်းတတ်လာတယ်။ ထားလိုက်ပါတော့ ကျွန်တော် ပိုက်ဆံသိပ်မက်တယ်ပေါ့ဗျာ။

ခု အသက်ရလာတဲ့အခါမှာ ကျွန်တော်ရဲ့ အမြင်တွေ ပြောင်းလဲလာတယ်။ ပိုက်ဆံဆိုတာ လူတစ်ယောက်မှာ မရှိမဖြစ် လိုအပ်တဲ့အရာကြီးတစ်ခု မဟုတ်ဘူးဆိုတာပဲ။ ပိုက်ဆံဆိုတာ
လိုချင်တာကို ၀ယ်ဖို့ လွယ်ကူအောင် လုပ်ပေးတဲ့ အရာတစ်ခု အနေနဲ့ပဲ သဘောထားတော့တယ်။
လူဆိုတာ ကိုယ်ဝါသနာပါရာအလုပ်တွေနဲ့ ကိုယ့်ဗဟုသုတတွေကို ရှာမှီးနေဖို့ပဲလိုတယ် ပိုက်ဆံဆိုတာနောက်ကို လိုက်ဖို့ မလိုဘူးလို့ဘဲထင်တယ်။ ပိုက်ဆံမရှာရဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ ရှာတော့ ရှာရမယ် သိပ်ပြီးနစ်မြုပ်ဝင်သွားအောင်တော့ မလုပ်သင့်ဘူး။ ပိုက်ဆံ ကိုယ့်နောက်လိုက်အောင်ပဲ ကြိုးစားရမယ်။
ပိုက်ဆံက အရာရာတိုင်းကို ဖန်တီးနိုင်တယ်လို့ လူတော်တော်များများက ပြောကြတယ်။ ဟုတ်ပါလိမ့်မယ်။ အတိုင်းအတာတစ်ခု အထိ လုပ်နိုင်ပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့ဘ၀မှာ ရင်ဆိုင်နေရတယ့် စိတ်ခံစားမှုတွေ ယုံကြည်မှုတွေ အနာဂတ်တွေကိုတော့ ပိုက်ဆံနဲ့ ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ လုပ်နိုင်တယ်လို့ ထင်မြင် ယူဆတဲ့သူတွေကိုလည်း လုပ်ကြည့်ပါလို့ ပြောချင်တယ်။

ခုနောက်ပိုင်းမှာ လူတော်တော်များများဟာ ပိုက်ဆံနဲ့ ပတ်သက်လာရင် ကိုယ်ကျင့်တရားတွေ ပျက်ပြားကုန်ကြတယ်။ ယောက်ျားတွေကလည်း ပိုက်ဆံရှိလို့ ပျက်စီးသလို၊ မိန်းမတွေကလည်း ပိုက်ဆံမက်လို့ ပျက်စီးကြရတယ်။ ပိုက်ဆံမက်လို့ ဒုက္ခရောက်တဲ့သူတွေလည်း ဒုနဲ့ ဒေးပါဘဲ။ ခေတ်ကလည်း ပစ္စည်းဆန်းဆန်းတွေကို ငွေပုံပေး ၀ယ်ယူတဲ့ခေတ်ကိုး။ အမှန်တော့ ဒါတွေဟာ
မဖြစ်သင့် မဖြစ်ထိုက်တာတွေပါ။ တလောက သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ် တရုတ်ပြည်က မိန်းမပျိုလေးတစ်ယောက် iphone လေး ကိုင်ခွင့်သာ ရမယ်ဆို၊ ၀ယ်ပေးမယ့် သူကို သူရဲ့ အပျိုစင် ဘ၀ပေးမယ်လို့ ကြေငြာသတဲ့ဗျာ။ ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ပစ္စည်းဆိုတာ သင်္ခါရပါ။ တစ်နှစ်တစ်မျိုး အမျိုးမျိုး အသစ်အဆန်းတွေ ထွက်နေတာပါ။ ဒီလိုမျိုးသာ ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။ ပစ္စည်းဆိုတာ ကိုယ်နဲ့ အသုံးတည့်မှ တန်ဖိုးဆိုတာရှိပါတယ်။ ကိုယ်နဲ့ အသုံးမတည့်ပဲ ၀ယ်ထားတဲ့ ပစ္စည်း ဘယ်လောက် ပိုက်ဆံပေးပီး ၀ယ်တယ်ပြောပြော။ တန်ဖိုး မရှိပါဘူး။

ခုလို သက်မဲ့တစ်ခုအပေါ်မှာတောင် ဒီလို လောဘတွေ တက်မက်စိတ်တွေ ဖြစ်နေရင် နောင်အနာဂတ်မှာ လူတွေ ဘယ်လို လုပ်ကြမလဲ။ ခေတ်ဆိုတာ အမျိုးမျိုးပြောင်းလဲနေတာပါ။ ခု အခြေအနေက ဆုတ်ခေတ်ဘက်ကို ရောက်နေတာပါ။ ပစ္စည်းတွေ ဘယ်လောက် ခေတ်မီတယ်ပြောပြော အဆိုးဘက်က ကြည့်ရင် ဆိုးကျိုးတွေ အများကြီးပါ။

တရားသဘောနဲ့ ချိန်ထိုးကြည့်ရင် အနိစ္စ မတည်မြဲခြင်းသဘောကြောင့် ဘယ်အရာဝတ္ထုမှ တည်မြဲခြင်း သဘောကို မဆောင်ပါဘူး။ အကောင်းချည်းပဲဆိုတာ မရှိသလို၊ အဆိုးချည်းပဲဆိုတာ မရှိပါဘူး။ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့ တစ်ခုကောင်းနေရင် တစ်ခု ဆိုးနေမှာပါ။ ဥပမာ-ပိုက်ဆံချမ်းသာရင် ကျန်းမာရေး ချို့တဲ့မယ်ပေါ့၊ ဒါမှမဟုတ် တစ်ခုခု စိတ်ညစ်စရာတော့ ရှိမှာပါ။ 

အမည်နာမ်စားတွေ မခွဲပဲ လူဆိုတဲ့ လူတွေအားလုံးဟာ ဒီမြေကြီးပေါ်မှာ နှစ်ခေါင်းပေါက်နဲ့ အသက်ရှုကြတဲ့ လူတွေအားလုံးတူတူကြီးပါပဲ။ စိတ်ညစ်စရာတွေ ပျော်စရာတွေအားလုံး ထပ်တူ ခံစားဖူးတဲ့ သူတွေ ရှိသလို၊ ဆင်တူ ခံစားဖူးတဲ့ သူတွေ ရှိမှာပါဘဲ။ ဒါကြောင့် ငါသည်သာ အဆင်းရဲဆုံး ၊ ဒုက္ခအများဆုံး ဆိုပီး ကိုယ့်အတ္တကို ရှေ့တန်းမတင်ပါနဲ့။ လုပ်စရာရှိတာ လုပ်ပါ။ သင်စရာရှိတာ သင်ယူပါ။
ခေတ်နဲ့ စနစ်၊ လိုအပ်ချက်တွေကို သေသေချာချာ ခွဲခြားပါ။

ပိုက်ဆံဆိုတဲ့ အမြင်အပေါ်မှာလဲ အားလုံး ပြောင်းလဲ ပစ်ဖို့ လိုပီ ထင်ပါတယ်။ ပိုက်ဆံဆိုတာ အရောင်မျိုးစုံ နှိပ်ထားတဲ့ လိုချင်တာကို လဲလှယ်ယူရတဲ့ ဖြတ်ပိုင်းစုတ်တစ်ခုပါပဲ။ အဲ့ဒီ စာရွတ်စုတ်တွေရဖို့အတွက် သွေးတွေ၊ ချွေးတွေ၊ အကျင့်သိက္ခာတွေ၊ မတရားမှုတွေ ကျူးလွန်ရတာ တန်ရဲ့လား???



ပျော်ရွှင်ကြပါစေဗျာ...


18-7-2011

အချိန်နဲ့ ပြဿနာ

ကျွန်တော်တို့ Time ဆိုတဲ့ အချိန်ပေါ်မှာ သွားလာလှုပ်ရှား ရုန်းကန်နေရတယ် . . တချို့သူတွေအတွက် အချိန်တွေ ပိုနေသလို တချို့သူတွေကတော့ ရှိတဲ့အချိန်တွေက မလောက်ငဘူး ဖြစ်နေကြတယ် . . ဒါပေမယ့် အချိန်တွေကို လူတိုင်းလိုလို အသုံးချတတ်ကြပါတယ် . . အဲဒီမှာ ပြောချင်တာက လူ့ဘ၀သက်တမ်းနဲ့ တွက်လိုက်မယ်ဆိုရင် တကယ်တန်ဖိုးရှိရှိ အသုံးချလိုက်တဲ့ အချိန်တွေက သိပ်ပြီး မပြောပလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ခုပြောတဲ့အထဲမှာ လူတိုင်းတော့
မပါဘူးနော် ဒါပေမယ့် လူအများစုတော့ အကျုံးဝင်တယ် ..

အချိန်ဆိုလို့ . . တချို့ကိစ္စတွေက အချိန်နဲ့ တိုင်းတာလို့ မရတာတွေရှိတယ်။ အကြမ်းဖျင်းဆိုရရင်တော့ အများအားဖြင့် စိတ်ခံစားမှုနဲ့ လုပ်ရတဲ့ အလုပ်တွေပေါ့ . . ဒါတွေထားပါတော့ လူတစ်ယောက်အတွက်တော့ လူပီသချင်တယ်ဆိုရင်တော့
အချိန်တွေကို မှန်ကန်စွာအသုံးချတတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ် . ဘာလို့လဲ ??
ကျွန်တော်တို့ လူသားတွေမှာ လုပ်စရာအလုပ်တွေအများကြီးရှိတယ် . . ချမ်းသာရုံနဲ့ ဘ၀က ပြီးသွားမှာလား ပညာတတ်ရုံနဲ့လား တစ်ခုမှ မဟုတ်ဘူး . . ဒါပေမယ့် လူအများစုကတော့ ကိစ္စတစ်ခုထဲကိုဘဲ လုပ်တတ်ကြတယ် ချမ်းသာတဲ့သူက ပစ္စည်းတွေ ကုန်းရုန်း ရှာရင်းနဲ့ ဘ၀နစ်မွန်းသွားကြတယ်. . . ကျွန်တော်တို့ လူဖြစ်လာရတာ ချမ်းသာဖို့လား?  ပညာတတ်ဖို့လား ? အချစ်အတွက်လား?
ဒါတွေ မရှိရင် လူ့ဘ၀က မနေသာတာတော့ အမှန်ပါဘဲ၊ ဒါပေမယ့် ကျွန်တော်တို့က အားလုံးကို ချုံငုံမိဖို့ လိုတယ် သူ့အချိန်အတိုင်းအတာ တစ်ခုစီနဲ့ ထားတတ်ဖို့လိုတယ်။ အလွန်အကျွံထားလိုက်ရင် ကျွန်တော်တို့ လူဖြစ်ရှုံးသွားပြီ။
အဲလောက် လုပ်စရာတွေများပါတယ်ဆိုမှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြတဲ့သူတွေလည်း ရှိတယ် အဲဒါဟာ အမြဲတမ်းမဟုတ်ဘူး တခဏဦးတည်ချက်ပျောက်သွားတာ . . ဒါကို စိတ်ဓါတ်ကျနေမယ်ဆိုရင် ဒီလူဟာ လူမပီသတော့ဘူး . . ကိစ္စတစ်ခု ဖြစ်လာတိုင်းမှာ နှလုံးသွင်းထားရမှာက ဘယ်လောက်ဘဲ ခက်ခဲနေပါစေ ငါ မနက်ဖြန်ဆို ဒီလို ဒုက္ခတွေ မရှိနိုင်လောက်တော့ဘူးဆိုပြီး ဒီနေ့ကို အားတင်းဖြတ်သန်းသင့်တယ် . . ကျွန်တော်တို့ မြတ်စွာဘုရား ဟောထားတဲ့ အနိစ္စဆိုတဲ့ စကားလုံးက သိပ်ကို သိမ်မွေ့ နက်နဲပါတယ် . . အနိစ္စ အမြဲမရှိတဲ့ ခု စိတ်ဓါတ်ကျနေလား မကျပါနဲ့ အဲဒါ မမြဲသောတရားပါ
အချိန်အတိုင်းအတာတစ်ခု ဖြတ်ကျော်ပြီးတာနဲ့ ပျောက်သွားမှာပါ၊ (((ဒီလို ပြောလို့ ပြောတာတော့ လွယ်တာကွ မင်း လုပ်ကြည့်ပါလားလို့ ပြောချင်တဲ့သူတွေလည်း ရှိပါတယ်။ ဟုတ်ပါတယ် ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် အကြံဥာဏ်ပေးချင်တာက ပြသနာလေးတွေ ကြုံတဲ့အခါ ကျွန်တော်ပြောသလို စဉ်းစားပေးပါ။ အနည်းငယ်သက်သာမယ်လို့ ထင်ပါတယ်။ တချို့ကျတော့လည်း ငါလည်း သိသားဘဲ သူပြောမှလား ဟုတ်ပါတယ် လူတိုင်းက သိထားတာတွေ သိပ်များကြတယ် တစ်ခါတစ်လေမှာ မေ့နေတတ်ကြပါတယ် မမေ့ကြပါနဲ့လို့))) ဒါကြောင့် ကိစ္စတစ်ခု အမှားလုပ်မိလို့ ထပ်ခါထပ်ခါ အမှားတွေ မလုပ်မိဖို့ အရေးကြီးတယ် . . ခေါင်းအေးအေးထားဖို့ အချိန်ပေးသင့်တယ်  . . အကျပ်အတည်းတွေ ကြုံတဲ့အခါမှာ ..
ကျွန်တော်တို့ လူသားတွေ ကြုံတတ်လေ့ရှိတဲ့ ပြသနာ ကြီးကြီးမားမား ရင်ဆိုင်ဖြေရှင်းရမယ့် အခါမှာ. .
အများအားဖြင့် လူတွေက ပြသနာတွေ ထပ်ထပ်များများလာတဲ့အခါမှာ ခေါင်းတွေ ရှုပ်ပြီး သိပ်မစဉ်းစားချင်ကြတော့ဘူး ပထမဆုံးက စိတ်ဓါတ်ကျလာတယ်၊ ပြသနာတွေကို သိမ်းကျုံးစဉ်းစားတယ်၊ အများအားဖြင့် ပြီးစလွယ် ဖြေရှင်းတတ်ကြတယ်။ အဲလို ဖြေရှင်းတာဟာ မှန်တာတွေ ရှိသလို မှားတာတွေက ပိုပြီးအားသာနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကိစ္စတစ်ခု ဖြစ်လာတိုင်းမှာ ၁ မိနစ်ဘဲ ရရ ၂ မိနစ်ဘဲ ရရ အရင်ဆုံး ခေါင်းအေးအောင် ထားလိုက်ပါ . . . စဉ်းစားချိန် မရှိတော့ဘူး ဆိုရင်တောင် ဖြေရှင်းနေတဲ့ အချိန်မှာ စိတ်ကိုအေးချမ်းအောင်ထားလိုက်ပါ ပြသနာက ထိပ်တိုက်တွေ့နေပြီ ရင်ထဲမှာ ဘလောင်ဆူနေလို့ ဘာမှ ဖြစ်မလာတော့ပါဘူး စိတ်ကြည်လင်သွားမှာ ဖြေရှင်းမယ့် နည်းလမ်း ဒါမှ မဟုတ် အခွင့်အလမ်းတစ်ခုက ကိုယ့်အရှေ့မှာ ပျပျလေး တော့ အနည်းဆုံး ပေါ်လာလိမ့်မယ်လို့ ကျွန်တော် ပြောချင်တယ်။
ဘာကြောင့်လဲ ? လို့ မေးရင်တော့ ကျွန်တော်တို့ ဂေါတမ ဟောသလိုဘဲ အကြောင်းရှိလို့ အကျိုးဖြစ်လာမှာပါ။ ကိစ္စတိုင်းဟာ အကောင်းအဆိုး ဒွန်တွဲနေလို့ပါဘဲ။ လူဆိုးတစ်ယောက်က လူဆိုးမဖြစ်ခင်မှာ ဘာမှ မသိတဲ့ လူသားတစ်ယောက်ပါ ဒါပေမယ့် လူမိုက်နယ်မြေ စတင်ခြေချလိုက်တာနဲ့ သူ့ပတ်ဝန်းကျင်မှာ လမ်းမျိုးစုံကို သူရွေးချယ်သွားနိုင်သလိုဘဲ ပြသနာတစ်ခုအပေါ် ခြေချလိုက်တာနဲ့ အဲဒါနဲ့ ပတ်သက်တဲ့ အကျိုးတွေ အပြစ်တွေကို မြင်တွေ့ရမှာ ဓမ္မတာပါ ဒါပေမယ့် အရမ်းစိတ်ရှုပ်ထွေးနေရင်တော့ မြင်ဖို့ ခဲယဉ်းတယ် လူအများစုဟာ
စိတ်မြန်လက်မြန် ဖြေရှင်းပြီးခါမှ နောင်တရတတ်ကြတယ် . . တစ်ချို့ကြတော့လည်း ငါဒီလို လုပ်လို့ရတာဘဲ ဆိုတဲ့ အတွေးလေး ဘဲဝင်လာပြီး ပျောက်ကွယ်သွားပြန်ရော . . နောင်တရတတ်သူတွေအတွက် နောင်တစ်ခါ သတိထားမိချင်မိလိမ့်မယ်. မေ့ပျောက် ထားတဲ့သူတွေအတွက်ကတော့ ဆက်ဆက်ပြီး မှားနေတော့တာပါဘဲ။ မမှားသင့်ဘဲမှားတဲ့အခါမှာ တချို့လူတွေအတွက် သိပ်ပြီးတော့ မထိခိုက်ပေမယ့် တစ်ချို့တ၀က်ကတော့ ဘ၀ပျက်သွားနိုင်တဲ့အထိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ၁မိနစ်ပဲ ရရ ၂ မိနစ်ပဲရရ စဉ်းစားစေချင်ပါတယ်။
(ကျွန်တော်ပြောချင်တာတွေက သိပ်များနေတယ် ဗျောက်သောက်လည်း ဖြစ်ချင်ဖြစ်နေမယ်) ဘာပဲပြောပြော ကျွန်တော်ရေးထားတာထဲက အချက်တစ်ချက်ကိုလောက်ကို စဉ်းစားမိမယ်ဆိုရင်တော့ ကျွန်တော် ဒီဆောင်းပါးလေးကို ရေးဖို့ ပေးရတဲ့အချိန်လေးက တန်ဖိုးရှိသွားတာပေါ့ဗျာ။


(10-11-2010)

ယုံကြည်မှုဘာသာ

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာဆို ဘာသာတရားတွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းအချင်းချင်း အနိုင်ယူ ငြင်းခုံလေ့ရှိကြတယ်။ အပြစ်ကင်းစင်တဲ့ကလေးဘ၀ဆိုတော့ နာရမယ်ဆိုတာလည်း မသိဘူး ရင်ထဲမှာ စကားနိုင်လုချင်တဲ့ စိတ်ကလေးပဲ ရှိတယ်။ အပြောခံရတဲ့သူရော ပြောတဲ့သူရော ဘာကိုမှ ခံစားမနေဘူး။ ဘာဘဲပြောပြော ငြင်းခုံရင်း ပျော်ရွှင်စရာကောင်းတာကတော့ အမှတ်တရပါဘဲ။

ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါမှာ မိမိတို့နဲ့သက်ဆိုင်ရာ ဘာသာတရားတွေကို လူများစုကတော့ ပိုမိုသက်ဝင်ခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ ဒါပေမယ့် ရင်ထဲမှာ အခြေမခိုင်မှုတွေနဲ့ မိမိတို့နဲ့ မသက်ဆိုင်တဲ့ ဘာသာတွေကို အထင်မကြီး မလေးစားမှုတွေလည်း ရင်ထဲမှာ အလိုအလျှောက်မွေးဖွားလာစမြဲပါ။
ဒီမှာ ကျွန်တော်ပြောချင်တာက ဘယ်ဘာသာမှာဘဲ ဖြစ်ဖြစ်ကောင်းတာတွေ ဆိုးတာတွေ ရှိပါတယ်။ ဘာသာတိုင်းကတော့ မကောင်းမှုကို အများအားဖြင့် ပယ်ကြတာချည်းပါဘဲ။ သူ့အချက်နဲ့သူ၊ သူ့ယုံကြည်မှု့နဲ့သူတော့ ကောင်းတာတွေချည်းပါဘဲ။
သမိုင်းသက်သေတွေ မရှိဘဲ လူတွေကိုးကွယ်တဲ့ ဘာသာတရားဆိုတာ မရှိပါဘူး။ ခိုင်မာမူ့ တည်တံ့မှုတွေ ရှိလို့သာ ဒီနေ့ ဒီအချိန်ကာလအထိ ရပ်တည်နေကြတာချည်းပါဘဲ။
ကျွန်တော် ငယ်ငယ်ကတည်းက ဘာသာတရားတွေကို သိပ်စိတ်ဝင်စားတယ် ပထမတော့ ဘာသာရေးဆိုင်ရာ ပုံပြင်၊ ရာဇ၀င်၊ ဇာတ်နိပါတ်တွေ၊ ပြီးတော့ လက်လှမ်းမှီရာ တရားစာအုပ်တော်တော်များများကိုလည်း ဖတ်တယ်၊ ရှိသမျှဘာသာတွေအားလုံးကို လေ့လာခဲ့တယ်။ ဥာဏ်မှီသလောက်ပေါ့။ ဥာဏ်မမှီတာတွေက များပါတယ်လေ။
ဒီမှာ ကျွန်တော်ပြောချင်တာကတော့ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိတယ်။ သူများကိုးကွယ်လို့ လိုက်ကိုးကွယ်တာမျိုးတွေ မရှိစေချင်ဘူး တစ်ခုခုကို သေသေချာချာနက်နက်နဲနဲ ယုံကြည်မှသာလျှင် ကိုယ့်ရင်တွင်းသာသနာဟာ ဘယ်သူဖျောက်ဖျောက် မပျောက်နိုင်မှာပါ။ ဘာမှ မသိဘူး သူများကိုးကွယ်လို့ လိုက်ကိုးကွယ်တယ်ဆိုရင် ဒီလူတစ်ယောက်က အချိန်မရွေး အကြောင်းအမျိုးမျိုးကြောင့် ဘာသာပြောင်းသွားနိုင်တယ်။ ဘာလို့လဲ သူ့မှာ ယုံကြည်သက်ဝင်မှု မရှိလို့ပါဘဲ။ ဘယ်ဘုရားမှ လူလိမ်ကို ထောက်ခံအားပေးနှစ်သက်တာ မရှိပါဘူး။
ကျွန်တော်က ဗုဒ္ဒဘာသာဝင်တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော့်ခံယူချက်နဲ့ ထင်မြင်ယူဆချက်ကိုပဲ ချပြမှာပါ။ လက်ခံတာ လက်မခံတာကတော့ စာဖတ်သူတွေ ကိုယ်တိုင်ပါဘဲ။
ကျွန်တော်ဟာ လွတ်လပ်မှုကို မြတ်နိုးတယ်။ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေကို တန်ဖိုးလည်းထားတယ်၊ လေးလည်း လေးစားတယ်။ လူသားဆန်တာကို ကြိုက်တယ် ဆိုပါတော့။
ကျွန်တော် ဗုဒ္ဒဘာသာကို ယုံကြည်သက်ဝင်ရတဲ့ အကြောင်းအရာတွေရှိတယ်။ ဘာလို့လဲ ကျွန်တော်တို့ ကိုးကွယ်အားထားရာ မြတ်စွာဘုရားဟာ လူသားတစ်ယောက်ဖြစ်လို့ပါဘဲ။ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေအားလုံးကို အပြည့်အ၀ အသုံးချသွားတာပါ။ ကျွန်တော်တို့ နေ့စဉ်ရင်ဆိုင်ရတဲ့ ဒုက္ခတွေ သောကဗျာပါဒတွေကို မြတ်စွာဘုရားကိုယ်တိုင် ခံစားသွားခဲ့တာပါ။ လူသားတွေ လုပ်နိုင်တဲ့ လမ်းစဉ်တွေကိုပဲ ချပြသွားတာပါ။ ဒါကြောင့် လူသားတွေနဲ့ အနီးစပ်ဆုံးသော ဘုရားတစ်ဆူပါဘဲ။
ကျွန်တော်က မမြင်နိုင်တဲ့ တန်ခိုးရှင်ကို အယုံအကြည်ရှိတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ မရှိဘူးလို့ မဆိုလိုဘူး။ ရှိချင်လည်း ရှိလိမ့်မယ် ဒါပေမယ့် ကျွန်တော် အားကိုးလို့ မရတာပါ။ ကျွန်တော် လုပ်နိုင်တဲ့ လမ်းကိုပဲ ကျွန်တော်ရွေးချယ်တယ်။ မမြင်ရတဲ့ေ၀၀ါးနေတဲ့ လမ်းကိုတော့ ရွေးချယ်ဖို့ရန် ယုံကြည်မှုနဲ့ သတ္တိအင်အားမရှိဘူးခင်ဗျ။
ကျွန်တော်တို့ မြတ်စွာဘုရားဟာ ဘယ်သူ့ကိုမှလဲ ငါ့ကို ကိုးကွယ်ပါလို့ မပြောဘူး။ ငါ့နောက်လိုက်မှ မင်းချမ်းသာမယ်လို့လည်း မပြောဘူး။ မင်း လိုက်ချင်လိုက် မလိုက်ချင်နေ၊ ဒါကတော့ ဒီလိုရှိတယ်။ ငါလည်း ဒီလို ဖြတ်ကျော်သွားတယ်။ မင်း ငါ့လို ဖြတ်ကျော် ချင်ရင် ဒီလမ်းတွေ ရှိတယ်။ မင်းလုပ်တာ မလုပ်တာ မင်းအပိုင်း၊ မင်းလုပ်ရင် မင်းရမယ်၊ ငါလုပ်လို့ ငါရတယ်၊ ကျန်တာ ငါနဲ့မဆိုင်ဘူးဆိုတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေရှိတဲ့ လူသားဘုရားပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ခုလိုချင်နေတဲ့ ဒီမိုကရေစီနဲ့ ခပ်ဆင်ဆင်ပါဘဲ။
မြတ်စွာဘုရား ဟောခဲ့တဲ့ နောက်ထပ်စကားတစ်ခွန်းကို ကြိုက်သေးတယ် “လောကမှာ မရှိတာ မရှိဘူး၊ မဖြစ်သေးတာနဲ့ ဥာဏ်မမှီ သေးတာနဲ့ပဲ ရှိတယ်” ဆိုတဲ့ စကားပါဘဲ။ ရိုးရှင်းပြီး ယနေ့ထက်တိုင် မှန်နေတဲ့ စကားတစ်ခွန်းပါဘဲ။
ကျွန်တော်က သူများအားကိုးရတာကို မကြိုက်ပါဘူး။ ကိုကိုယ်တိုင်ကိုပဲ အားကိုးချင်တယ်၊ ကိုယ့်ကိုကိုဘဲ ယုံကြည်တယ်။ ကိုယ်လုပ်ရင် ကိုယ်ရမယ်ဆိုတာကိုလည်း ယုံကြည်တယ်။
တကယ်လို့သာ တန်ခိုးရှင်တွေက လူသားတွေကို ဖန်တီးတာလို့ ပြောရင် မေးစရာရှိတယ် ဘာလို့ ဖန်တီးတာလဲလို့ အေးအေးချမ်းချမ်းဖြစ်နေတာကို ဒုက္ခရောက်အောင် တမင်သက်သက်လူဖန်ဆင်းပြီး ဒုက္ခပေးတာလားလို့ပေါ့။ လူဖြစ်တာတောင်မှ ကွဲပြားမှုပေါင်းများစွာနဲ့ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ဖြူဖြူကျော်သိန်းဆိုသလိုဘဲ ဇာတ်ဆရာအလိုကျ ကျွန်တော်တို့ လူသားတွေကို ကြိုးဆွဲကစားနေတာလား? သူများအသက်စတေးမှ ကိုယ်က ကောင်းရာမွန်ရာရောက်မယ်ဆိုရင် ဒီကမ္ဘာမှာ တိရိစ္ဆာန် တွေကြီးစိုးပြီး လူတွေကို သတ်ရင် ဘယ်လိုလုပ်မလဲ? ရေငုံနှုတ်ပိတ် အသေခံကြမလား? ကပ်သီး ကတ်သတ် မေးစရာ မေးခွန်းတွေ အများကြီး ရှိတယ်။ ဒီလိုဘဲ ကျွန်တော်တို့ ဗုဒ္ဒဘာသာကိုလဲ ဘာသာခြားတွေက မေးစရာတွေ အများကြီးရှိမယ်လို့ ထင်တယ်။
ဘယ်လို ပြောပြော ဘာသာတစ်ခုကို ကိုးကွယ်ပြီဆိုမှတော့ ယုံကြည်သက်ဝင်မှုရှိအောင် ကြိုးစားကြပါလို့ ပြောချင်တယ်။ သူများပြောတိုင်း လက်မခံဘဲ ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်ပြီး မှန်ကန်သော လမ်းကို ရွေးချယ်နိုင်ပါစေလို့။

(၁၉-၁၁-၂၀၁၀)
လိပ်ပြာ

ပြဿနာ

အဲဒီညနေက ပြသနာ အထွေးအရှုပ်တွေနဲ့ ၀င်္ကပါတောင်မှာ ကျွန်တော်ထိုင်နေတာပေါ့ဗျာ။ စေတီကလေးဆီက ဆွဲလည်းတစ်ခုသံက ထူးထူးခြားခြား အသံသာနေတာကို ကျွန်တော် သတိထားမိတယ်။
တစ်ခါတစ်ခါ တိုးဝှေ့လာတဲ့လေက ကျွန်တော့်ဆံပင်တွေကို ဖွကျဲသွားကြတယ်။

နေစောင်းသွားပြီဖြစ်လို့ ပြန်ဖို့ ကျွန်တော် ထလိုက်မယ်အလုပ်မှာ လူတစ်ယောက် ကျွန်တော့်ရှေ့ လာရပ်တယ်ဗျ။ မော်ကြည့်လိုက်တော့ ကြည်လင်သန့်ရှင်းတဲ့ သူ့မျက်နှာမှာ ပြုံးယောင်သမ်းနေတယ်။ သူ့အသက်က ခြောက်ဆယ်ဝန်းကျင်လောက် ရှိရော့မယ်။ သူက ကျွန်တော့်ကို . . .
မောင်ရင် ဒီမှာ လာထိုင်တာ သုံးရက်ရှိပြီတဲ့။
ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိတာနဲ့ ခေါင်းကို ညိတ်ပြလိုက်မိတယ်၊ သူက ဆက်ပြီး ဆိုပြန်ပါတယ်။
မောင်ရင် ဒီမှာ အပျင်းပြေလာထိုင်တာတော့ ဟုတ်ပုံမရဘူး။
ကျွန်တော်က သူ့ကို ငေးကြည့်တယ်။ သူ့ကို အံ့သြတာလည်း ပါတာပေါ့၊ သူက ကျွန်တော့်စိတ်ထဲမှာ ဖြစ်နေတာတွေကို သိနေတဲ့ အမူအရာမျိုးနဲ့
လူ့လောကမှာ ပြသနာတွေ ရှိတာပေါ့၊ လူတစ်ယောက်က မိုးရွာထဲမှာ ထီးဆောင်းပြီးသွားရင်း တွေးမိတယ်ဆိုပဲ၊ မိုးဟာ အပေါ်က ရွာပေလို့သာပဲ၊ အောက်ကများရွာရင် ဘယ်လို ထီးဆောင်းသွားရပါ့မလဲလို့။ ဒီအတွေးနဲ့ သူ့မှာ အောက်က ရွာမယ့်မိုးကို ထီးဆောင်းရေး ပြသနာကြီးဖြစ်နေတယ်။ ဒါ တကယ်တော့ ပြသနာမှ မဟုတ်တာ ပြသနာ မဟုတ်တာကို ပြသနာလုပ်နေရင် ကိုယ်ပင်ပန်း စိတ်ပင်ပန်း ဖြစ်ရတတ်တာပဲ။ လူတွေဟာ ပြသနာအတုကို ပြသနာအစစ်ထင်ပြီး ပင်ပင်ပန်းပန်း ဖြေရှင်းနေတတ်ကြတယ်။ ဒီမယ် မောင်ရင် ပြသနာမဟုတ်တာကို ပြသနာမဟုတ်ဘူးလို့သိရင် ပြသနာဟာ ပြေလည်သွားတာပဲ။
သူနဲ့ကျွန်တော် ၀င်္ကပါတောင်က ဆင်းလာခဲ့ကြပါတယ်။
အဆင်းဖြစ်လို့ ဒါမှမဟုတ် ပြသနာတွေ လျောကျခဲ့လို့ ထင်ပါရဲ့။ ကျွန်တော့်မှာ ပေါ့ပါးသွက်လက် လွတ်လပ်နေတာတော့ အမှန်ပဲ။ ဆင်းလာရင်း သူက-
တစ်ခါတုန်းက ဖားပြုတ်တစ်ကောင်က ကင်းခြေများတစ်ကောင်ကို ကြည့်ပြီး ပြသနာဖြစ်နေတယ်တဲ့ မောင်ရင်ရဲ့၊ ကင်းခြေများရဲ့ ခြေထောက်တွေက သိပ်များတာပဲ။ ခြေတွေ သိပ်များတော့ သွားရင် ဘယ်ခြေထောက်ကစပြီး လှမ်းပါလိမ့်လို့ ဖားပြုတ်မှာ ပြသနာ အကြီးအကျယ် ဖြစ်နေတယ်။ ဒီလို ပြသနာဖြစ်ပြီး သူကိုယ်တိုင်တောင် ဘယ်လိုစ လှမ်းရ ခုန်ရမှန်းမသိ ဖြစ်နေတယ်တဲ့ မောင်ရင်ရဲ့ ပြသနာ မဟုတ်တာကို ပြသနာလုပ်နေတော့ လှမ်းလို့ရပါလျက်နဲ့ မလှမ်းမိ ခုန်လို့ရပါလျက်နဲ့ မခုန်မိနဲ့ လိုရာကို မရောက်တော့ဘူးပေါ့။ ပြသနာတစ်ခုဟာ စစ်မှန်တဲ့ ပြသနာဖြစ်တယ်ဆိုရင်တော့ ရှောင်နေလို့လဲ မရဘူး။ ဖြေရှင်းပစ်ရမှာပဲ၊ ပြသနာဆိုတာ ဖြေရှင်းရမယ့် အရာဆိုတော့ ဖြေရှင်းလိုက်ပေါ့ မောင်ရင်။
သူက ကျွန်တော့်ကို နှုတ်ဆက်ပြီးတော့ ခေမာသီဝံဘက်ကိုသွားတဲ့ လူသွားလမ်းကလေးအတိုင်း လျှောက်သွားပါတယ်။ သူသွားနေပုံက ဘာမှ ပြသနာမရှိတဲ့သူအဖြစ် သွားနေသလိုပါဘဲ။ သူသွားတဲ့အရပ်ကလည်း ဘာပြသနာမှ မရှိတဲ့အရပ် ဖြစ်ပါလိမ့်မယ်။

(နန္ဒသိန်းဇံ)