Monday 18 July 2011

jailbreaking ipod/iphone/ipad

ဒီ အကြောင်းကို မရေးပဲနေမလို့ပဲ။ ဒါပေမယ့် mobile phone ဆိုင်တွေက iPod, iPhone တွေကို jailbreak လုပ်ရင်ယူတဲ့ နှုန်းထားက မတန်တရာဖြစ်နေလို့ရေးလိုက်တာပါ။ အမှန်တော့ ipod, iphone တွေကို jailbreak
လုပ်တာကလွယ်လွယ်လေးပါ။


ပထမဦးဆုံး လိုအပ်မယ့် အရာတွေက iPod or iPhone or iPad (သူပြောမှလား၊ jailbreaking tool၊ Wi Fi connection (easy way)
စစခြင်း jailbreaking tool တွေထဲကတစ်ခုခုကို download လုပ်ယူပါ။ ဒီမှာတော့ Spirit နဲ့ jailbreak လုပ်ပါတယ်။
Spirit ကို download လုပ်ပြီးရင် ipod သို့ iPhone ကိုတပ်လိုက်ပါ။ Spirit က လက်ခံသိပြီဆိုတာနဲ့ jailbreak ကိုနှိပ်လိုက်ပါ။
jailbreak လုပ်နေစဉ်အတောအတွင်းမှာ ပုံလေးပေါ်လာပါလိမ့်မယ်။ ပုံမှာပါတဲ့ bar တန်းလေး ပြီးအောင်စောင့်လိုက်ပါ။
jailbreak လုပ်ပြီးရင် ကိုယ့်ရဲ့ Device ထဲမှာ Cydia ဆိုတာကိုတွေ့ရပါမယ်။ မပေါ်ရင်နောက်တစ်မျက်နာမှာ ရှိပါမယ်။
ပထမတစ်ပိုင်းတော့ပြီးပါပြီ။ နောက်တစ်ခုကတော့ Wi Fi ရတဲ့ internet ဆိုင်ကိုသွားပါ။ Wi Fi ကို ကိုယ့်ရဲ့ device မှာသုံးလို့ရအောင်လုပ်ပါ။
ပြီးရင် Cydia ထဲကိုဝင်ပါ။ Cydia ထဲကိုဝင်လိုက်ရင် သူက လိုအပ်တာတွေကို download ဆွဲပါမယ်။ တခါတလေမှာ Essential upgrade နဲ့
Complete upgrade ကို ရွေးခိုင်းပါတယ်။ ကိုယ်ကြိုက်တာကိုရွေးလိုက်ပါ။ ဒါဆိုရင်ပြီးသလောက်ရှိနေပါပြီ။ ဒါပေမယ့် source တစ်ခုသွင်းဖို့ကျန်ပါသေးတယ်။ Application သွင်းဖို့အတွက်ပါ။ အထူးသဖြင့်
application သွင်းရင် unknown error 0xE8008001 တက်တဲ့သူတွေအတွက်ပါ။
Cydia>Manage>soruce>edit>add သို့သွားပါ။
Enter Cydia/APT URL နေရာတွင် cydia.hackulo.us ကိုရိုက်ပြီး Add Source ကို နှိပ်ပါ။ ပြီးရင် သူက code တွေသွင်းနေပါလိမ့်မယ်။

ပြီးသွားရင် source ထဲမှာ Hackulo.us ပေါ်လာပါလိမ့်မယ်။ Hackulo.us ကိုနှိပ်လိုက်ရင် AppSync for OS 3.0, AppSync for OS 3.1, AppSync for OS 3.2, AppSync for OS 4.0 စသည်ဖြင့်ပေါ်လာပါလိမ့်မယ်။ ကိုယ်device ရဲ့ OS
version နဲ့ ကိုက်ညီတဲ့ AppSync ကိုရွေးပြီး install လုပ်လိုက်ပါ။


ကဲပြီးသွားရင်တော့ ကိုယ်ကြိုက်တဲ့ game တွေ၊ Application တွေသွင်းပေတော့။ ကိုယ့်မှာ iPod/iPhone မရှိသေးရင်လည်း ရှိတဲ့ သူငယ်ချင်းတွေကိုပြောပြလိုက်ပေါ့။


ဒီလင့်ခ်ထဲက ကူးယူထားတာဗျ..
လိုအပ်ရင် ရှာရတာ မလွယ်ဘူး..

No comments:

Post a Comment