Friday 5 August 2011

သံသရာ လမ်းညွှန် အဘိဓမ္မာ သင်တန်း

သံသရာ လမ်းညွှန် အဘိဓမ္မာသင်တန်း
သင်တန်း နည်းပြ – ဆရာမ ဒေါ်ငွေရည်ဦး
သင်တန်း နေ့ရက်- ၁၄ – ၈ – ၂၀၁၁ (တနင်္ဂနွေနေ့၊ ၀ါခေါင်လပြည့်နေ့)
သင်တန်း အချိန်- နံနက် ၉နာရီ မှ ညနေ ၄နာရီ
သင်တန်း နေရာ- ပန်းလှိုင်အာရုဏ်တော် ၀တ်အသင်း ဓမ္မာရုံ ဟုမ်းလမ်း ရပ်ကွက်။
မေတ္တာအခါတော်နေ့ အဖြစ် မေတ္တာသုတ်တော်ကို ကျင့်စဉ်နှင့် တကွ ပို့ချ သင်ကြားပေးမည် ဖြစ်ပါသည်။

မည်သူမဆို တက်ရောက် သင်ကြားနိုင်ပါသည်။
  
မေတ္တာ အာနိသင်
`လူ့လောကမှာ မေတ္တာလောက် ကောင်းသော အရာ ဘာမှ မရှိဘူး။ မေတ္တာလောက် ကောင်းတဲ့ အဆောင်ကောင်းလဲ မရှိဘူး´

ဘေးကင်းလိုသော်
အကြင်သူသည် အမြဲ သတိပြုလျက် အတိုင်းအရှည် ပမာဏ မရှိသော မေတ္တာဈန်ကို ပွားများ၏။
ခန္ဓာဟူသော ဥပဓိကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုသူအား သံယောဇဉ် တို့သည် ခေါင်းပါးကုန်၏။
ဗျာပါဒကြောင့် ပျက်စီးသော စိတ်မရှိသော သူသည် တစ်ဦး တစ်ယောက်သော သတ္တ၀ါကိုသော်လည်းကောင်း အကယ်၍ ကောင်းမှုကုသိုလ် ရှိသူ ဖြစ်၏။ သတ္တ၀ါ အားလုံးတို့ကို စိတ်ဖြင့် စောင့်ရှောက်သော စင်ကြယ်သော စိတ်ရှိသူသည် များစွာ ကောင်းမှု အစုကို ပြီးစေ၏။
သတ္တ၀ါ အားလုံးတို့၌ မေတ္တာနှင့် ယှဉ်သော စိတ် အဖို့အစု ရှိသော အကြင်သူသည် (တစ်စုံတစ်ယောက်ကို) ကိုယ်တိုင်လည်း မညှင်းဆဲ မသတ်ပုတ် အနိုင်အထက်ပြု၍လည်း အနိုင်မယူ သူတပါးကိုလည်း မဆုံးရှုံးစေ ထိုသူအား တစ်စုံတစ်ရာသော အကြောင်းကြောင့် ဘေးရန် မဖြစ်နိုင်။
(ဣတိဝုတ်၊ မေတ္တာဘာဝနာ သုတ်)

( ဆူး)

No comments:

Post a Comment