Thursday 19 January 2012

လူဖြစ်တည်မှု ဒဿန


နိဒါန်း

ကျွန်တော် စာတွေ မရေးဖြစ်တာ တော်တော်ကြာပါပြီ ကျွန်တော် သိတာကို ပြန်မျှဝေတဲ့ သဘောပါဘဲ... တစ်ခါတစ်လေမှာ ကျွန်တော်တို့  သတိထားမိတာတွေ သတိမထားမိတာတွေကို ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေမယ်ဆိုရင်တော့ ကျွန်တော်က ၀မ်းသာရမှာပေါ့ .... ဒီစာကို ခေါင်းစဉ်တပ်ရာမှာ တော်တော် ခက်ခဲတယ်.. ဆောင်းပါးလည်း မဟုတ် ၀တ္ထုလည်း မဟုတ်၊ ဒဿန စာပေလို့ ပြောရမှာကလဲ အားနာတယ်.. ... ဒါကြောင့် ထင်ချင်ရာ ထင်ကြပေါ့ဗျာ ... အဓိကက အဓိကပဲမို့လား ..ကျွန်တော် သိတာတွေ ဖတ်ဖူးတာတွေက ကျွန်တော့်ကို အသိဥာဏ်ရစေသလို ... သူငယ်ချင်းတို့လည်း . သတိလေးတစ်ချက်လောက် ရရင်ပဲ ကျွန်တော် ခေါင်းစားရကျိုး နပ်ပါပီ..

ကျွန်တော် အားလုံးကို ကြိုတောင်းပန်ချင်တာ တစ်ခုရှိပါတယ်.. ကျွန်တော့်ရဲ့ အရေးအသားနဲ့ သုံးသပ်ချက်တွေဟာ အဖွဲ့စည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ထိခိုက်မှုရှိခဲ့မယ်ဆိုရင်တော့ ဒီနေရာကနေပဲ ခွင့်လွှတ် နားလည်ပေးကြဖို့ တောင်းပန်ပါတယ်.. ဘာကြောင့်လဲ??

ကျွန်တော်ရေးထားတဲ့ စာလေးကို လက်လှမ်းမှီသမျှ လူမျိုးဘာသာမရွေး ဖတ်စေချင်လို့ပါ ခင်ဗျာ..

ကျွန်တော် သူငယ်ချင်းတွေအားလုံးကို ညအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပြောပြနေတဲ့သဘောနဲ့ပဲ နားထောင်စေချင်ပါတယ်.... ဘာလို့ အဲ့လို ပြောရသလဲဆိုရင် အိပ်ယာဝင်ခါနီးအချိန်မှာ အိပ်ချင်စိတ်လေး တစ်ခုပဲရှိပါတယ်.. တစ်ခြား ဘာအခံမှ မရှိပါဘူး ပုံပြင်ကို ပုံပြင်တစ်ပုဒ်လိုပဲ နားထောင်တဲ့ စိတ်ကလေး အဲ့ဒါလေးကို ရှိပေးကြပါ.. ခုမရှိဘူး ဆိုရင်လည်း နောင် ရှိလာတဲ့အခါမှသာ ဖတ်ပေးကြပါ... နို့မို့ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်...

ခု ကျွန်တော် ဆွေးနွေးချင်တာ လူဖြစ်တည်မှုဆိုတဲ့ လူအကြောင်းလေးပါဘဲ... ကျွန်တော်က လွတ်လပ်စွာ ကိုးကွယ်သူ ဗုဒ္ဒဘာသာဝင် တစ်ယောက်ပါ၊ ကျွန်တော် လူဖြစ်တည်မှုဆိုတဲ့ စကားတစ်လုံးကို လုံးဝ စိတ်မ၀င်စားခဲ့ပါဘူး ခင်ဗျာ...ဘာလို့လဲ၊ မေးစရာရှိတယ်.. ကျွန်တော်တို့ အသီးသီးမှာ ကျွန်တော်တို့ လုပ်စရာ တာဝန်ကိုယ်စီတွေ ရှိကြတယ်... ဒါကိုတောင် အနိုင်နိုင်ထမ်းနေရတာ လူဖြစ်တည်တာ မတည်တာ အဝေးကြီးလေ၊ ပြီးတော့ ကျွန်တော်တို့ မြတ်စွာဘုရားကလဲ ဟောထားတာ လူဘယ်က ဖြစ်တာလဲ အစ လိုက်မရှာနဲ့ မောတယ်၊ ခု လက်ရှိ ခုအခြေအနေက အရေးကြီးဆုံးပါဘဲ.. ရောက်ရာနေရာ ရပ်နေရာနေရာမှ စ သတိကပ်ပါတဲ့...  ဆိုတဲ့ စကားအခံလေးကလဲ ရှိခဲ့တော့ ကျွန်တော် ဒီလို တွေးမိခဲ့တာ မဆန်းပါဘူး...

ကျွန်တော် စာများများ ဖတ်ပါတယ်... တစ်ရက် ကျွန်တော် လူဖြစ်တည်မှုဆိုတဲ့ စာအုပ်ကို ကောက်ဖတ်ပါတယ်.. ဘယ်လောက် တော်သလဲ ဆိုရင် နားမလည်ပါဘူး ခင်ဗျာ.. ဒါပေမယ့် ဖတ်ပါတယ်.. ဘာမှကို နားမလည်ပါဘူး ခင်ဗျာ.. ကျွန်တော် အရွက်နှစ်ဆယ်လောက် ဖတ်ပီး ပြန်ချထားလိုက်တယ် .. ဆက်မဖတ်တော့ဘူး...

ခေတ်စကားနဲ့ ပြောရင် အာရုံနောက်တယ် သိတော့ရော ဘာလုပ်မှာလဲ?? ဒီလိုနဲ့ လတော်တော်ကြာခဲ့တဲ့အချိန်မှာ ကျွန်တော် SPLICE ဆိုတဲ့ ရုပ်ရှင်ကား တစ်ကားကို ကြည့်ခဲ့တယ်..  ဇာတ်ကားကို အကျဉ်းကျုံးပြောပြပါမယ် သူငယ်ချင်းတွေထဲမှာ ကြည့်ဖူးတဲ့သူလဲ ရှိမှာပါ...

ဇာတ်ကားက သိပံပညာရှင် ငယ်ရွယ်တဲ့ လင်မယားဟာ သက်ရှိအကောင် ရုပ်ပျက် ဆင်းပျက်လေးကို ဖန်တီးခဲ့ကြပါတယ်... မျိုးရိုးဗီဇတွေနဲ့ ပေါင်းစပ်ပီးပေါ့ .... ပီးတော့ သူတို့ဟာ ထပ်ဆင့် စိတ်ကူးဖြစ်လာခဲ့တာက လူတစ်ယောက်အထိ ဖြစ်နိုင်လောက်အောင် ဖန်တီးဖို့ပါ.. ဒါကြောင့် သူတို့ စုံတွဲဟာ လျှို့ဝှက်ပီး အကောင်လေးတစ်ကောင် မွေးဖွားခဲ့ပါတယ်.. စစချင်း ဘာကောင်လို့ ခေါ်ရမှန်း မသိတဲ့ အကောင်လေးတစ်ကောင်ပါဘဲ.. အဲ့အကောင်လေးက ရက်တွေကြာလာတဲ့အခါမှာ လူတစ်ယောက်နဲ့ အသွင်တူလာပါတယ်.. တစ်ခုရှိတာက သူ့မှာ အမြီးပါလာပါတယ်... သူ့မှာ စဉ်းစားတတ်တဲ့ ဥာဏ်လေးပါသလို ဖြစ်ချင်တာတွေ လိုချင်တာတွေ ခံစားချင်တာတွေ ပါလာတယ်၊ လိုချင်တာ မရတဲ့အခါ ဖြစ်လာတဲ့ ဒေါသ၊ မောဟတွေကြားမှာ သူ့ရဲ့ ပုံသဏ္ဍာန်ဟာလည်း အသွင်ပြောင်းလာခဲ့တယ်။ အစပထမတော့ သူမဟာ ချောမောတယ်လို့ ပြောလို့ရတယ့် မိန်းကလေးတစ်ယောက်နီးပါးအဖြစ် ပြောင်းလဲလာခဲ့တာပါ။ ခုတော့ လိုအင်ဆန္ဒတွေကြောင့် ချုပ်ထိန်းမှုအောက်က လွှတ်ပီး လူသတ်တဲ့ အရိုင်းအစိုင်း တိရစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်.. ရုပ်ကလဲ တိရစ္ဆာန် ရုပ်အဖြစ်ပြောင်းလဲသွားခဲ့တယ်...
ဒါပေမယ့် သူ့ဆီမှာ ဆန္ဒနဲ့ ရမ္မက်ဆိုတာ ရှိတုန်းပါဘဲ.. ဒီဇာတ်ကားကို ကျွန်တော် ကြည့်လိုက်ရတဲ့နောက်မှာ ကျွန်တော် ရင်ထဲမှာ စိတ်မကောင်း ဖြစ်သွားတယ်... ဘာကို စိတ်မကောင်း ဖြစ်သွားတာလဲ ဆန်းစစ်လို့ မရဘူး ဒါပေမယ့် လူဆိုတဲ့ သတ္တ၀ါအကြောင်းကို အရမ်းသိချင်သွားတယ်... လူသားတွေရော ဒီလိုပဲလား???


ဒါကြောင့် ကျွန်တော် နားမလည်ပါဘူးဆိုတဲ့ စာအုပ်ကို ပြန်ကောက်ကိုင်လိုက်မိတယ်။



*****






အခန်း (တစ်)


ကျွန်တော်တို့ဟာ လူသားအကြောင်းကို စဉ်းစားတဲ့အခါမှာ တစ်ကွက်စီပဲ လိုက်စဉ်းစားကြပါတယ်... လူသားအားလုံးရဲ့ စည်းလုံး ခိုင်မာမှုကို ထည့်ပြီး မစဉ်စားကြပါဘူးတဲ့ ...

ဒါတော့ အကျယ်တ၀င့် ရှင်းပြစရာ မလိုလောက်ပါဘူးလို့ ထင်ပါတယ်... ကိုယ့်နီးစပ်ရာ အသိုင်းအ၀ိုင်းကို နားလည်ပေးတာထက် သူစိမ်းတစ်ယောက်ကို နားလည်ပေးတာ ဘယ်ဟာက ပိုများမလဲ??

ဒါမှ မဟုတ် လူသားအားလုံးကို နားလည်ပေးလိုက်တာလား???

ဒီလို အသိုင်းအ၀ိုင်းထဲမှာမှ ကိုယ့်နဲ့ အနီးစပ်ဆုံး နေရာလေးတစ်နေရာကို ပိုပြီး နားလည်ပေးလိုက်သလား?? 

ဒေးကားက ပြောတယ် ငါ စဉ်းစားတယ်  ဒါကြောင့် ငါ ဖြစ်နေတာ၊ ငါ ရှိနေတာ တဲ့ သဘောကတော့ လူသားတစ်ယောက်ဟာ သူစဉ်းစားနေတဲ့နေရာ ရပ်တည်နေတဲ့ ပတ်ဝန်းကျင်မှာ တည်ရှိနေခြင်း သဘောပါဘဲ.. 


လူသားတစ်ယောက်ရဲ့ အထီးကျန်မှု အခြေအနေဆိုတာ လူသားတစ်ယောက်တည်းပဲ ဖြစ်ပွားခံစားသွားရတာပါ... 

စက္ကန့် ပိုင်းလေးအတွင်းမှာပဲ တစ်ခြားတစ်ယောက်ရဲ့ အထီးကျန်မှုအပေါ်ကို မျှဝေခံစားပေးနိုင်ချင်မှ နိုင်ပါလိမ့်မယ်... ဆိုလိုရင်းက ဖြစ်ပြီး သွားတဲ့ အထီးကျန်ခံစားမှုဆိုတာကို နားလည်ပေးသွားနိုင်ပေမယ့် ထပ်ပီး မခံစားရတော့သလိုပေါ့...


ငါဖြစ်တည်မှု သဘောကို ငါ ပြန်လည် စဉ်းစားနေရခြင်းကြောင့် ပြီးခဲ့တဲ့ဆီကို ပြန်ပီး မရောက်နိုင်တော့ပါဘူးတဲ့

ကျွန်တော် ပြောတာတွေ ခေါင်းစားချင် စားကြပါလိမ့်မယ်.. ဒါပေမယ့် စားနိုင်သလောက် စားပေးကြပါ...
ခေါင်းဆိုတာ စဉ်းစားဖို့ ထားတာမို့လား??



လူတိုင်းဟာ ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ပါတယ် ...ဒီရှု့ထောင့်က ကြည့်ရင် ကျွန်တော် ကြိုက်လို့ ကျွန်တော်လုပ်တယ် သူတို့လဲ သူတို့ ကြိုက်တာကို သူတို့လုပ်တယ် ဒါဆို ဘာကြောင့် သူများရဲ့ လုပ်ရပ်တွေအပေါ်မှာ ဘာအကြောင်းကြောင့် ဝေဖန်ပုတ်ခတ်မှုတွေ ဖြစ်စေမှာလဲ... 




*****


 အခန်း (နှစ်)

ဖြစ်တည်ခြင်းဝါဒဆိုတာ ဖြစ်နေတာ လက်ရှိ ဖြစ်နေတာတွေ၊ လက်ခံခြင်းတွေကို ကိုယ်စားပြုတဲ့ စကားစုလို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်....

အမျိုးသမီးတစ်ယောက်က ပြောတယ် သူ့ပါးစပ်ကနေ အယုတ္တအနတ္တတွေ၊ ယုတ်ညံ့သိမ်ဖျဉ်းတာတွေ ပြောပြီး ငါဟာ ဖြစ်တည်ခြင်း ၀ါဒကို လက်ကိုင်ထားနေပါလားလို့ ပြောသတဲ့... ..
သဘောကတော့ သူ မကောင်းတာတွေ လုပ်နေတာတွေ ပြောနေတာကို သတိထားမိလိုက်တာ၊ အပြစ်တစ်ခုအဖြစ် မြင်လိုက်တာ..... ဒါဟာ ဖြစ်နေတာတွေ ပြောနေတာတွေကို မကောင်းဘက်ကနေ မြင်လိုက်တာပါ...

တစ်ချို့ လူတွေ ကျပြန်တော့ ငါတို့ဟာ သဘာဝသမားတွေတဲ့၊ သဘာဝသမားလို့ဆိုတော့ ကျွန်တော်တို့ လူတွေဟာ ဘာတွေများ ယုတ်ရင်းကြမ်းတမ်းနေကြလို့ပါလဲ??  ဒါပေမယ့် ခုခေတ်ကာလမှာ သဘာဝသမားဆိုတာကို လူတွေက လက်မခံနိုင်စရာ စကားအဖြစ် မထင်ကြတော့ပါဘူး တစ်ချို့များက ဂုဏ်တောင် ယူတတ်ပါသေးတယ်...

"ဒါနက အိပ်မက်(စိတ်ကူးယဉ်မှု) ထဲက စတယ်ဆိုတဲ့" စကားမျိုးတွေ၊ ပြီးတော့ နောက်ရှိသေးတယ် ....
ရာဇ၀တ်သား လူဆိုးကို မမြှောက်စားနဲ့၊ သင့်ကို ပျက်စီးအောင် လုပ်လိမ့်မယ်၊ သူ့ကိုချိုးနှိမ်ပစ်ပါ၊ သင့်ကို သူက ကိုးကွယ်ဆည်းကပ်လိမ့်မယ်ဆိုတဲ့ စကားမျိုးတွေ .................ကြည့်စမ်း ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းသလဲ....

ဒီလိုမျိုး စကားတွေ လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်လောက်တောင် များသလဲ ဆိုတာ ကျွန်တော်တို့ လူသားတိုင်း သတိထားမိကြမှာပါ။
ဒီလို စကားစုတွေဟာ အမှန်တော့ သဘောထားခြင်း အတူတူချည်းပါဘဲ၊ အာဏာကို မလွန်ဆန်နဲ့ အင်အားကြီးတဲ့ အဖွဲ့အစည်းကို မဆန့်ကျင်နဲ့၊ မတိုက်ခိုက်နဲ့၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စ၀င်မပါချင်နဲ့ ဆိုတာတွေ....................
ပြီးတော့ ထုံးတမ်းစဉ်လာနဲ့ ဆန့်ကျင်တဲ့ အပြုအမူမျိုးတွေဆိုရင် စိတ်ကူးယဉ်တာသာ ဖြစ်တယ်လို့ ကောက်ချက်ချတတ်ပြန်တယ်... လူတွေ တွေ့ကြုံနေကြ လက်ခံထားပြီးသား အတွေ့အကြုံအရ ......... ထောက်ခံချက် မရှိတဲ့ အပြုအမူဟာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရမှာပဲ ဆိုတာတွေ .......
လူတွေကို မကောင်းမှုဘက်ကို ယိမ်းယိုင်စေတယ်လို့ ထင်ရတဲ့ အတွေ့အကြုံတွေကို ထိန်းချုပ်ဖို့အတွက် ခိုင်မာတဲ့ စည်းမျဉ်း ဥပဒေတွေ ရှိနေတယ်... ဒီလိုမှ မရှိရင် မင်းမဲ့စရိုက်တွေ ပေါ်လာမှာဘဲ ဆိုတာတွေ .... ဒါက လူတွေ ပါးစပ်ထဲ ဒလစပ် ပြောနေကျ စကားတွေပါ ....

အတော်အတန် စိတ်ညစ်စရာ၊ စိတ်ပျက်စရာစကားတွေ ပြောဖြစ်ကြရင်လည်း ........ လူ့သဘာဝကလည်းကွာ ဆိုပြီး ညည်းတတ်ကြပြန်ပါသေးတယ်...
ဒါက လူဖြစ်နေရတာကို စိတ်ပျက်ခြင်း အနုတ်လက္ခဏာပြနေခြင်း သဘောပါ.... အဲ့ဒါကို စိတ်ညစ်စရာကောင်းတဲ့ အမြင်မျိုးလို့ခေါ်ရင်လည်း မှန်မယ်ထင်တယ်...
သူတို့ကို စိတ်ဆိုးစေတဲ့၊ စိတ်မကျေနပ်စေတဲ့ အဖြစ်အပျက်တွေက  တခြားတစ်ဖက်က အနုတ်လက္ခဏာချည်းတွေကြောင့်ပဲ ဖြစ်စေတယ်လို့ သူငယ်ချင်းတို့ ထင်ပါသလား ခင်ဗျာ...
အခြားတစ်ဘက်က အပေါင်းလက္ခဏာပြ အကောင်းဘက်ကနေလဲ ..... လူတစ်ယောက်ကို စိတ်မကျေနပ်  ဖြစ်စေတယ်ဆိုတာ သူငယ်ချင်းတို့ စဉ်းစားကြည့်ရင် သိနိုင်ပါလိမ့်မယ်...



*****
19-1-2012


အခန်း (သုံး)
"ဖြစ်တည်ခြင်း" ဆိုတဲ့ စကားလုံးကို သုံးနှုန်းတဲ့ သူတွေကို ဒီစကားလုံးရဲ့ အနက်ကို ရှင်းလင်းပြပါလို့ ပြောရင် ဒီလူတွေ စိတ်ရှုပ်သွားကြမယ် ထင်တယ်.... ဘာကြောင့်လဲ??

ဒီစကားလုံးခေတ်စားလာကတည်းက လူတွေဟာ သူတို့ရဲ့ ဂီတကိုဘဲ ဖြစ်ဖြစ်၊ ပန်းချီ အနုပညာကိုဘဲ ဖြစ်ဖြစ်
ဖြစ်တည်ခြင်း (ကိုယ်ပိုင် အိုင်ဒီယာ) ဆိုပြီး ပြောနေကြသေးတယ်...

ပြီးတော့ ဆောင်းပါး၊ ကဗျာတွေ ရေးတဲ့သူတွေကတောင် သူတို့ စာ၊ ကဗျာတွေကို မူပိုင်တွေ၊ လက်မှတ်တွေ ထိုးနေကြသေးတယ်၊ ခုခေတ်အခါမှာ ဒီစကားလုံး (ဖြစ်တည်ခြင်း)ဆိုတာကို ပေါက်လွတ်ပဲစား သုံးစွဲနေကြလို့ ဒီစကားလုံး အနက်ဟာ ဘာမှန်းကို မသိနိုင်ကြတော့ပါဘူး....

နောက်ဆုံးပေါ် အသရေပျက် လှုပ်ရှားမှုကြီးထဲ ပါဝင်ဖို့ စိတ်အားထက်သန်သူတွေ၊ အသစ်အဆန်းကိုမှ စိတ်ဝင်စားကြသူတွေဟာ ဒီအယူအဆကို စိတ်ဝင်စား လက်ကိုင်ထားလာကြတာပါ.... နောက်ဆုံးတော့လည်း သူတို့ လိုချင်တာ ဘာမှ မဟုတ်ပါလားဆိုတာကိုတော့ အနှေးနဲ့ အမြန်သိသွားကြမှာပါ.... ဒီပြဿနာတွေက အတတ်ပညာရှင်၊ အသိပညာရှင်နဲ့ ဒဿန ပညာရှင်တွေမှာ အမြဲတွေ့နေရမယ့် ပြဿနာတစ်ရပ်ဆိုလည်း မမှားဘူး ထင်ပါတယ်........



*****



လူတွေ ဖန်တီး ထုတ်လုပ်ထားတဲ့ ပစ္စည်းကိရိယာတစ်ခုကို စဉ်းစားကြည့်မယ်ဆိုရင် ၊ ဥပမာ .. စာအုပ် တစ်အုပ် သို့မဟုတ် စက္ကူဖြတ်တဲ့ ဓါးတစ်လက်ဆိုပါစို့ ... ဒါဟာ ပြုလုပ်တတ်တဲ့ လူတစ်ယောက်ရဲ့ စိတ်ကူးနဲ့ ထုတ်လုပ်ထားတဲ့ အရာဖြစ်တယ်ဆိုတာ မြင်သာပါတယ်... သူ တီထွင်ထားလို့သာ စက္ကူဖြတ်တဲ့ ဓါးကလေး ဖြစ်ပေါ်လာတာ၊ ဒီဓါးကလေး ဖြစ်တည်မလာခင်ကတည်းက ထုတ်လုပ်မှုနည်းပညာရှိလို့သာ ဒီဓါးကို တီထွင်နိုင်တာသာဖြစ်ပါတယ် .... ဒီနည်းပညာဟာ တီထွင်သူရဲ့ စိတ်ကူးဥာဏ် တစ်စိတ်တစ်ပိုင်းပါဘဲ ... ဒါကြောင့် ဒီဓါးကလေးဟာ နည်းပညာစိတ်ကူးကြောင့် ဖြစ်တည်လာတဲ့ ဓါးကလေးဖြစ်လာတယ်... နောက်တစ်ဖက်က ကြည့်ရင် ဒီဓါးကလေးဟာ စက္ကူဖြတ်ရာမှာ အသုံးတည့်တဲ့ ရည်ရွယ်ချက်တစ်စုံတစ်ရာကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အနှစ်သာရရှိတဲ့ ပစ္စည်းကလေး ဖြစ်လာတယ် .... ဘာကြောင့်လဲ ဆိုတော့ ဒီဓါးကလေးကို ဘာအတွက်၊ ဘာကြောင့်ဆိုတဲ့ စိတ်ကူးဥာဏ် အရင် မရှိခဲ့ဘဲနဲ့  စက္ကူဖြတ်တဲ့ ဓါးကလေး ဖြစ်တည်လာမှာ မဟုတ်ပါဘူး...သူ့မှာ စက္ကူဖြတ်ဖို့ ဆိုတဲ့ တိကျခိုင်မာတဲ့ ရည်ရွယ်ချက်ရှိပါတယ်...


ဒါဆိုရင် ကျွန်တော်တို့ ဒီလောကကို ရှုမြင်ရာမှာ ဒီနည်းပညာရှုထောင့်ကနေပဲ ကြည့်ကြရအောင်... ကျွန်တော်တို့ ထာဝရ ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် စဉ်းစားကြရာမှာလည်း ဒီဘုရားကို အခါခပ်သိမ်း ကောင်းကင်ဘုံကနေ ဖန်ဆင်းမှု ကျွမ်းကျင်သူ ပုဂ္ဂိုလ်ကြီးအဖြစ်ပဲ စဉ်းစား မှတ်ယူခဲ့ကြတယ်.. ထာဝရ ဘုရားသခင်က လူသားကို ဖန်ဆင်းတယ် ဆိုရာမှာလည်း ဘုရားက သူဘာကို ဘာအတွက် ဖန်ဆင်းရသလဲဆိုတာ တိတိကျကျ သိပြီးသား ဖြစ်ရမှာပေါ့ ... ဒါကြောင့် လူကို ဘုရားသခင်က ဖန်ဆင်းတုန်းက သူ့ခေါင်းထဲမှာ လူနဲ့ သက်ဆိုင်တဲ့ သဘောအမြင်အားလုံး ရှိရမယ် .... စက္ကူဖြတ်ဓါးကို ဖန်တီး ထုတ်လုပ်တဲ့ ကျွမ်းကျင်သူ ပညာရှင်ရဲ့ ခေါင်းထဲမှာ ဒီဓါးနဲ့ ပတ်သက်သမျှ အလုံးစုံ နားလည် သိမြင်ထားပြီး ဖြစ်သလိုပဲပေါ့...


ထာဝရ ဘုရားသခင်က လူကို ဖန်ဆင်းရာမှာလည်း ဘာပြီး ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း အစီအစဉ်ရော လူနဲ့ ပတ်သက်သမျှ သိမြင်နားလည်ထားမှုရော ရှိရမယ်... ဒါကြောင့် လူတစ်ယောက်စီဟာ ဘုရားသခင်ရဲ့ စိတ်ထဲ ဥာဏ်ထဲမှာ ရှိခဲ့တဲ့ ဘုရားရဲ့ နားလည်မှုကို အကောင်အထည်ဖော်တာပဲဖြစ်တယ်။ ထာဝရ ဘုရားသခင်ဟာ လူကို ဖန်တီးထားတာ ဖြစ်တယ်ဆိုရင် လူတစ်ယောက်ချင်းစီရဲ့ အနာဂါတ်ကို ကြိုတင် သိနေပြီးသားပေါ့ ... ဒါဆို ကျွန်တော်တို့ အားလုံးရဲ့ အနာဂါတ်ကို ဘယ်လို ဝေါဟာရ ဖွင့်မလဲ??
တစ်ခုရှိတာက လူသားတိုင်းဟာ သူတို့မှာ အနာဂါတ်ရှိတယ်ဆိုတာ သိကြတယ် ဒါကြောင့်လဲ ကြိုးစားပြီး တည်ဆောက်ကြတယ်... အမှန်စင်စစ်တော့ ကျွန်တော်တို့ရဲ့ အနာဂါတ်ဟာ ဘယ်သူမှသိမြင်ထားခြင်း မရှိတဲ့ အပျိုစင် အနာဂတ်ပါ....

ခု ကျွန်တော်တို့ လူသားတွေဟာ ကျွန်တော်တို့ ကိုယ်တိုင် လူသတ္တ၀ါ အဖြစ် မသက်မှတ်ခင်ကတည်းက ဖြစ်တည်နေတဲ့ သတ္တ၀ါပါ... ဘာလို့လဲဆိုတော့ လူက ပထမအရင် ဖြစ်တည်တယ်.. နောက် သူ့ကိုယ်သူ တွေ့လာတယ် ... ပြီးတော့ တကမ္ဘာလုံးကို ပြန့်နှံ့ တိုးပွားသွားတယ် ... နောက်ကျတော့ သူ့ကိုယ်သူ အဓိပ္ဗါယ် သတ်မှတ်လာတယ်... ပထမတော့ သူဟာ ဘာမှမဟုတ်သေးဘူး ... နောက်ကျတော့ သူဟာ ဘာကောင် ညာကောင်ဆိုပီး သတ်မှတ်လာတယ်... သူဘာလဲ ဆိုတာ သူလုပ်တဲ့ အလုပ်ပေါ် မူတည်ပြီး ဖြစ်လာတာသာဖြစ်တယ် ... လူ့သဘာဝဆိုတဲ့ အရာမျိုးလည်း မရှိပါဘူး ... ဘာဖြစ်လို့လဲဆိုတော့ လူကို ဘယ်လိုသတ္တ၀ါမျိုးအဖြစ် ငါဖန်ဆင်းတော်မူတယ်ဆိုတဲ့ စကားကို ပြောဖို့ အဲ့ဒီ ထာဝရ ဘုရားသခင်မှ မရှိတာပဲ ... လူဟာ လူပဲ၊ သူ ဘာလဲ ဆိုတာ ဘာမှ မဟုတ်ဘူး လူပဲ ... သူဆန္ဒရှိသလို သူ့ကိုယ်သူ ဖန်ဆင်းတာ တခြား ဘာမှမဟုတ်ဘူး...

စိတ်ရောဂါဖြစ်နေတဲ့ မိန်းမတစ်ယောက်က သူ့ဆီကို လူတွေက တယ်လီဖုန်းဆက်ပြီး အမိန့်တွေပေးနေတယ်လို့ပြောတော့ ဆရာဝန်က အဲ့ဒီလူဟာ ဘယ်သူလဲလို့မေးတော့ သူမက ပြန်ဖြေတယ် သူမဆီကို ဖုန်းတွေဆက်ပီး အမိန့်တွေပေးနေတာ ထာဝရ ဘုရားသခင်ဆိုပဲ။

ကဲ ... ဒါဆိုရင် သူပြောတဲ့ ဖုန်းဆက်နေတယ်ဆိုတဲ့ ဘုရားသခင်ကို ဘာနဲ့သက်သေထူကြမလဲ ။ ဒါဆို ကောင်းကင်တမာန်နတ်သားတစ်ယောက် ကျွန်တော်တို့ မျက်စိရှေ့မှာ ပေါ်လာတယ်ပဲထားပါ... အဲ့ဒါဟာ နတ်သားဖြစ်ကြောင်း ဘာနဲ့ သက်သေပြမလဲ?? ဒါမှမဟုတ် အသံကြားတယ်ဆိုရင်ရော ဒါက ဘယ်က အသံလဲ?? မိမိရဲ့ ဘ၀င်စိတ်က ဖြစ်လာတဲ့ အသံများလား?? ဒီအသံဟာ ကျွန်တော့်ကို တိုက်ရိုက်ပြောဆိုနေတဲ့ အသံတွေပဲ ဆိုတာကိုတော့ ဘယ်သူ သက်သေထင်ရှား ပြနိုင်မှာတဲ့လဲ???

ပြီးတော့ ဘယ်သူက ကျွန်တော်သည်သာ လူသားတစ်ရပ်လုံးအပေါ် တာဝန်ရှိသူအဖြစ် သတ်မှတ်ပေးနိုင်တယ်ဆိုတာကို ဘယ်လို သက်သေ ထင်ရှား ပြနိုင်မှာလဲ?? အဲ့ဒီအတွက် ကျွန်တော်တို့ သက်သေအထောက်အထား ဘယ်လိုမှရှာလို့ရမှာ မဟုတ်ပါဘူး...


*****
 


 

No comments:

Post a Comment